အခန်း ၆၉

745 98 0
                                    

ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ - Lilac M
အခန်း (၆၉)

"လီကျဲယာ" မျက်မှောင်ကြုတ်လိုက်သည်။ ကောင်မလေးတဲ့လား။ သူမစိတ်ထဲမှာ သူနဲ့ပတ်သက်တဲ့ကောလဟာလတွေကို ယုံနေတာများလား။ သူ့နောက်ကျောကိုဓားနဲ့ထိုးခံလိုက်ရသလို သူ့နှလုံးသားထဲမှာ အနည်းငယ်နာကျင်သွားသည်။

လည်ချောင်းတွေလည်းခြောက်နေပြီး ဘာပြောရမှန်းမသိ။ "ကျွန်တော် ..."

လူတွေပြောနေကြသလို တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့အရာတွေက အမှန်တရားတွေလိုဖြစ်နေပြီ။

"ကျန်းယီ"လည်း "လီကျဲယာ" အနေရခက်ဟန်နဲ့ ပြန်ဖြေတာကိုကြားတော့ သူမ မပြောသင့်တာတွေ ပြောမိသွားပြီဆိုတာ နားလည်လိုက်သည်။

သူမ ခြောက်ကပ်ကပ်ရယ်လိုက်ပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် ငါက ..."

"မဟုတ်ပါဘူး ကျွန်တော့်မှာကောင်မလေးမရှိပါဘူး ဒီတော့ ဘယ်လိုဖြေရမှန်းမသိဖြစ်သွားတာပါ အထင်မလွဲပါနဲ့" "လီကျဲယာ"က စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။

"ကျန်းယီ"က သူအသက်ရှူမြန်နေတဲ့အသံကြားတော့ မထိန်းနိုင်ဘဲ ရယ်မိသွားသည်။ ဒီလိုဆိုတော့လည်း သူက သူ့မောင်လေးလိုဖြစ်နေသည်။ ကမူးရှူးထိုးနဲ့ ချစ်စရာကောင်း၏။ သူမက သူ့ကို အကောင်းမြင်သည်။ သူမ ကြားဖူးသလိုပဲ ဖြစ်လိမ့်မည်ဟုလည်းထင်ထားသည်။

"စိတ်အေးအေးထားပါ ဖြည်းဖြည်းပြောလည်းရပါတယ် ဒါနဲ့ __" သူမအသံက သံသယရှိ‌နေသလိုလိုနဲ့ ကျီစားချင်နေတဲ့ပုံစံမျိုး။ တစ်ဖက်က အကြပ်ရိုက်နေသည့် အရိပ်အယောင်ကို သူမသတိထားမိသည်။ ပြီးတော့ ပြောလိုက်သည်။ "နင့်မှာ ကောင်မလေးတွေအများကြီးရှိဖူးတယ်ဆို ကြားရသလောက်တော့ နင်ကဝါရင့်အချစ်ဆရာကြီးဆိုပဲ"

"လီကျဲယာ"က သူမကို စိတ်သက်သာရာရအောင် ပြောပေးဖူးလို့ထင်သည်။ သူမသူငယ်ချင်းတစ်ယောက်လိုသဘောထားပြီး စနောက်နေ၏။ "လီကျဲယာ"ကတော့ သူမအထင်လွဲမှာကို စိုးရိမ်နေသည်။ သူဒီစကားကိုကြားလိုက်တာနဲ့ အလန့်တကြားထပြောသည်။ "ဘယ်သူပြောတာလဲ ကျွန်တော်က အခုထိ လူပျိုစစ်စစ်ပါဗျ"

Two Mom [ Rebirth ]Where stories live. Discover now