၈၄၈။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၄)

Mulai dari awal
                                    

ဆရာဂျန်းက အရမ်း ယဉ်ကျေးနေပါပြီ၊ ကျနော် ကနေ့ ဒီကို လာတာ ချူလင်းယွဲ့ကို ကုသနေတဲ့ အခြေအနေကို ကြည့်ဖို့ပါ လေ့ချန်က အပြုံးဖြင့် ပြောသည်။ သူက ဂျန်းယင်းလောင်းနှင့် အလွန် ရင်းနှီးခြင်း မရှိပေ။ ဂျန်းယင်းလောင်က လေ့ချန် ကျောင်းတော်မှ ထွက်လာပြီးနောက်မှ ကျောင်းတော်နှင့် ချိတ်ဆက်လာသူ ဖြစ်သည်။

အရှင့်သား စိုးရိမ်ပူပန်ပေးလို့ ကျေးဇူးတင်ပါတယ် ဂျန်းယင်းလောင်က ယဉ်ကျေးစွာ ပြုံး၍ ပြောသည်။ ထို့နောက် သူ့အကြည့်က ဂျန်ဝုရှီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ သူ့မျက်လုံးများက အထင်သေးသည့် အရိပ်အငွေ့များ ဖြတ်သန်းသွားသည်။ သို့သော် သူ လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်သည်။ သမားတော်တွေက ချူလင်းယွဲ့ရဲ့ ဒဏ်ရာတွေကို စစ်ဆေးနေတုန်းပါ၊ အရှင့်သား စိတ်မရှိဘူးဆိုရင်, ကျနော်တို့နဲ့ အတူတူ သွားလို့ ရပါတယ်။

လေ့ချန် ခေါင်းညိတ်လိုက်သည်။

ချူလင်းယွဲ့၏ အခန်းဝင်ပေါက်တံခါးကို တွန်းဖွင့်လိုက်သည်။ သမားတော်အုပ်စုတွင် တချို့က နန်းတွင်းသမားတော်များ ဖြစ်ကြသည်။ သူတို့က သူတို့၏ အရည်အချင်းမှာ လူတကာ ကြည်ညိုလေးစားခြင်း ခံရသူများ ဖြစ်ကြသည်။ ဆေးပညာ ဗဟုသုတ ပြည့်ဝသူများ ဖြစ်ကြသဖြင့် သူတို့က အထဲသို့ ပထမဆုံး လျှောက်လှမ်းဝင်ရောက်သွားကြသည်။

ဂျန်ဝုရှီ အထဲသို့ ဝင်လိုက်သည်။ သူမ အထဲသို့ ခြေချလိုက်သည်နှင့် သိပ်သည်းသော သွေးနံ့ကို သူမ ရလိုက်သည်။

သိပ်သည်းသော သွေးနံ့အောက်တွင် ရင်းနှီးနေကျ ဆေးဖက်ဝင်အနံ့ကို သူမ ထောက်လှမ်းမိသည်။ သို့သော် ၎င်းအနံ့က အလွန် ဖျော့တော့သည်။

ချူလင်းယွဲ့က အိပ်ရာပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေဆဲ ဖြစ်သည်။ လှုပ်ရှားခြင်း အလျဉ်းမရှိချေ။ သူမ၏ ဖြူဖျော့သော မျက်နှာက အရောင်အဆင်း အလျဉ်းကင်းမဲ့နေလေ၏။ မူလ နီမြန်းစွတ်စိုသော နှုတ်ခမ်းလေးများက အဖြူရောင်သန်းနေလေပြီ။ တစ်ညလေးသာ ရှိသေးသည်။ သူမ၏ ကိုယ်အလေးချိန်က ကျဆင်းသွားပြီး အထိအခိုက် မခံနိုင်ဟန် ပေါက်လာလေ၏။

ချူလင်းယွဲ့၏ အိပ်ရာဘေးတွင် ကြေးဇလုံတစ်လုံးကို ချထားသည်။ လက်ကိုင်ပုဝါများက သွေးများဖြင့် ရွှဲနစ်နေသည်။ ရေက သွေးများဖြင့် နီရနေသည်။ အိပ်ရာခင်းပေါ်တွင် သွေးစွန်းကွက်များ ခြောက်သွား၍ အမဲရောင် ပေါက်လာသည်။

သမားတော်များက ချူလင်းယွဲ့၏ သွေးခုန်နှုန်းကို တိုင်းတာကြည့်ပြီး သူတို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။ သူတို့အားလုံး ခေါင်းယမ်းလျက် အတွေးနက်နေကြသည်။

ချူလင်းယွဲ့ ဘယ်လိုနေလဲ၊ သူမ အခြေအနေ တိုးတက်လာသလား လေ့ချန်က ပျာယာခတ်နေသော သမားတော်အုပ်စုကို မေးလိုက်သည်။

အရှင့်သားကို တင်ပြပါတယ်, မမလေး ချူ ရရှိထားတဲ့ ဒဏ်ရာက အတော်လေး ပြင်းထန်ပါတယ်၊ ကျနော်တို့အားလုံး တစ်ညလုံး လေ့လာဆန်းစစ်ပြီး ဆွေးနွေးတိုင်ပင်နေကြတာပါ၊ အခုထိ ကျနော်တို့ သင့်တော်တဲ့ ကုသနည်းကို မတွေ့သေးပါဘူး၊ ကျနော်တို့ အားလုံး အခုတတ်နိုင်တာက သူမ ပိုပျက်စီးမသွားစေဖို့ သူမရဲ့ အသက်အင်အားကို တည်ငြိမ်အောင် ကြိုးစားနေတာပါ၊ ဒါပေမဲ့..... ဒီအတိုင်းသာ ဆက်ဖြစ်သွားရင်, မမလေးချူရဲ့ ခန္ဓာကိုယ်က မခံနိုင်တော့တာ ဖြစ်သွားနိုင်ပါတယ်။ နန်းတွင်းသမားတော် တစ်ယောက်က ကူကယ်ရာမဲ့ဟန်ဖြင့် မချင့်မရဲ ပြောသည်။

လေ့ချန် မျက်ခုံးများ ကြုံ့သွားသည်။

လေ့ချန်က နန်းတွင်းသမားတော်များနှင့် စကားပြောနေစဉ်, ဂျန်ဝုရှီက ချူလင်းယွဲ့၏ အနီးအနားသို့ သွားကာ ဂရုတစိုက်ဖြင့် စေ့စေ့စပ်စပ် ချူလင်းယွဲ့၏ ဖြူရော်နေသော မျက်နှာကို ကြည့်ရှူလိုက်သည်။

ချူလင်းယွဲ့၏ နားနောက်ဘက် နားသယ်စပ်လေးတွင် မပီဝိုးတဝါး ဒဏ်ရာလေးတစ်ခုကို သူမ တွေ့လိုက်သည်။ ၎င်းဒဏ်ရာလေးက ဆံနွယ်များဖြင့် အုပ်ဖုံးနေပြီး မသိသာမထင်ရှားပေ။ သေသေချာချာသာ မကြည့်လျှင်, ၎င်းဒဏ်ရာလေး ရှိနေတာကို မည်သူမျှ သတိထားမိမည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang