၈၂၁။ သေဖို့ မတောင်းဆိုနဲ့ (၄)

Start from the beginning
                                    

ဖယောင်းတိုင်မီး အလင်းအောက်တွင် သူနှင့် မရင်းနှီးသော လူငယ်များ ပေါ်ပေါက်လာတာကို ဇောင်းရွှမ် ရုတ်တရက် တွေ့လိုက်သည်။

မင်းတို့ကောင်တွေ ဘယ်သူတွေလဲ ဇောင်းရွှမ်က သူ့အခန်းထဲ ရောက်နေသော လူငယ်များကို စူးစိုက်ကြည့်လျက် တုန်တုန်ယင်ယင်ဖြင့် မေးသည်။

နင် ငါ့ကို မမှတ်မိဘူးနဲ့ တူတယ်။ ထိုင်ခုံတွင် ထိုင်နေသော ပျော့ဖတ်ဖတ် လူငယ်လေးက ကြောက်လန့်နေသော ဇောင်းရွှမ်ကို ကြည့်လျက် မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်သည်။ သူမ မျက်ခုံးတစ်ဖက် ပင့်သွားပြီးနောက် တံခါးနားမှာ ရပ်နေသော လူငယ်က ချက်ချင်းပင် ဝင်ပေါက်တံခါးကြီးကို စေ့နေအောင် ပိတ်လိုက်သည်။

မင်းတို့ ဘာလိုချင်လို့လဲ ဇောင်းရွှမ်က တံခါးပိတ်သွားချိန်မှာ မေးလိုက်သည်။ သူက တောင့်တောင့်ကြီး ဖြစ်လျက် သတိထားကာ နေလိုက်သည်။ သူက လူငယ်များကို ပို၍ သတိထားကာ ကြည့်လိုက်သည်။ သူ့အခန်းထဲ ရောက်နေသူများက လေညင်းကျောင်းတော် ဝတ်စုံများ ဝတ်ထားတာကို သူ သဘောပေါက်လိုက်သည်။

မင်းတို့ လေညင်းကျောင်းတော်ကလား ဇောင်းရွှမ်က ချက်ချင်းပင် သူတို့ကို မေးသည်။

ပိုပြီး တိတိကျကျ ပြောရရင်, ငါက မနက်ဖြန်ပြိုင်ပွဲမှာ မင်းရဲ့ ပြိုင်ဘက်ပေါ့။ ပျော့ဖတ်ဖတ် လူငယ်လေးက ပြောသည်။ သူက ဇောင်းရွှမ်ကို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်သည်။

ဇောင်းရွှမ် အံ့အားသင့်သွားသည်။ သူ့ရှေ့မှ လူငယ်လေးက ခန္ဓာကိုယ် သေးသွယ်သွယ်လေးဖြင့် ဆယ့်လေးနှစ် ဆယ့်ငါးနှစ်သာ ရှိပုံ ရသည်။ သူ့မျက်လုံးများက တုန်လှုပ်ဟန် ပေါ်လာပြီး ပြောလိုက်သည် မင်းက ဂျန်ရှီလား။

ဂျန်ဝုရှီ ခေါင်းညိတ်ပြလေ၏။

ဇောင်းရွှမ်၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာသည်။ အခန်းထဲရှိ တခြားလူငယ်သုံးယောက်ကို သူ လှည့်ကြည့်လိုက်သည်။ သူတို့၏ မူရင်းဇာစ်မြစ်များကို သူ ခန့်မှန်းနိုင်သွားသည်။

သခင်လေး ဂျန် ကနေ့ည ငါ့ဆီ လာရတဲ့ ရည်ရွယ်ချက်က ဘာလဲလို့ မေးလို့ ရမလား ဇောင်းရွှမ်က တည်ငြိမ်အောင် မနည်း ကြိုးစားနေရသည်။ လေညင်းကျောင်းတော်သားများနှင့် သူ မရင်းနှီးပေ။ နောက်ပြိုင်ပွဲမှာ ဂျန်ရှီနှင့် ယှဉ်ပြိုင်ရမှာကို သူ သိလိုက်ချိန်မှာ သူ စိုးရိမ်ပူပန်ခဲ့သည်။ သို့သော် သခင်ကြီး သူ့ဆီ လာပြီးနောက် သူ့မှာ မည်သည့် ကံခေခြင်းမျှ မရှိတော့ချေ။ သို့သော် ပြိုင်ပွဲမတိုင်ခင် ဂျန်ရှီက သူ့ဆီ တိုက်ရိုက် လာလိမ့်မည်ဟူ၍တော့ သူ တကယ် ထင်မထားမိပေ။

ဘာ မဟုတ်ပါဘူး၊ မနက်ဖြန် ပြိုင်ပွဲမှာ နင် ဝင်ပြိုင်မှာလားဆိုတာကိုသာ မေးချင်တာပါ။ ဂျန်ဝုရှီက အသာအယာ မေးလိုက်သည်။ သူမမျက်လုံးများမှာ ခံစားချက်လှိုင်းတွန့်လေးကို နည်းနည်းလေးမှပင် မတွေ့ရပေ။

ထိုစကားများကို ဇောင်းရွှမ် ကြားလိုက်ရလျှင်,သူ ချက်ချင်းပင် ပြုံးလာသည်။ ဘာများလဲလို့ သူ သိချင်နေခဲ့သည်။ ဒါဆို သူက မနက်ဖြန် ပြိုင်ပွဲအကြောင်းကို ‌မေးရုံပဲပေါ့။

ဒီနှစ် လိပ်ပြာတိုက်ပွဲတွင် လေညင်းကျောင်းတော်၏ စွမ်းဆောင်မှုက လက်ဖျားခါလောက်သည်။ တစ်ပွဲမှ မယှဉ်ပြိုင်ရသော ဂျန်ရှီမှ တပါး တခြားလူငယ်များက အံ့ချီးဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ ပထမအကျော့မှ စ၍ ဂျန်ရှီက ဒီနှစ်ပြိုင်ပွဲတွင် အသက်အငယ်ဆုံးနှင့် အတွေ့အကြုံမရှိဆုံး ပြိုင်ပွဲဝင် ဖြစ်နေသော်လည်း လက်ချောင်းတစ်ချောင်းပင် မြှောက်စရာ မလိုဘဲ ပွဲစဉ်များ တက်လာခဲ့သည်။

ဂျန်ရှီက အိမ်ရှေ့စံနှင့် ခိုင်မာသော ချိတ်ဆက်မှု ရှိနေကြောင်းကို ဇောင်းရွှမ် ကြားထားသည်။ ဂျန်ရှီက အသက်အငယ်ဆုံး ပြိုင်ပွဲဝင်သူမှန်း ဇောင်းရွှမ် သိသည်။ သို့သော် ဂျန်ရှီအနေဖြင့် တစ်ပွဲတလေပင် မယှဉ်ပြိုင်ခဲ့သဖြင့် ဂျန်ရှီက စွမ်းအားကောင်းကောင်း ပိုင်ဆိုင်ထားမည်ဟူ၍ သူ မတွေးထင်မိပေ။ သို့သော် သူ့အခန်းထဲ ရောက်နေသော တခြားလူငယ်သုံးယောက်ကိုသာ အတော် သန်မာကြသူများဟူ၍ သူ သိရုံသိထားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now