၈၁၈။ သေဖို့ မတောင်းဆိုနဲ့ (၁)

Start from the beginning
                                    

ဒီကိစ္စကို လူတိုင်း ရှင်းရှင်းလင်းလင်း မသိသေးချိန်မှာ, ရုတ်တရက် သွေးစွန်းလာခဲ့လေပြီ။ ရှေ့ဆက်တက်၍ ယှဉ်ပြိုင်ရမည့် ကျောင်းသားများ၏ စိတ်ထဲမှာ အကြောက်တရားများ လွှမ်းမိုးလာပြီး တုံ့ဆိုင်းဆိုင်း ဖြစ်လာကြသည်။ အဖြစ်အပျက်က ဆူပွက်လာလေပြီ။ ကျောင်းတော်အသီးသီးမှ ကျောင်းသားများက အစပိုင်းမှာ လေညင်းကျောင်းတော်က လေ့ချန်ကို ကိုယ်တိုင်ကိုယ်ကျ ကပ်ဖားရပ်ဖား လုပ်သဖြင့် အထင်သေးရုံမျှသာ ရှိခဲ့ကြသည်။ သို့သော် အခု လေညင်းကျောင်းတော်ကို ပက်ပက်စက်စက် ဆဲရေးတိုင်းထွာလာကြသည်။

ဒီပျက်စီးယိုယွင်းလာခြင်းက သေးသေးမွှားမွှား ကိစ္စ မဟုတ်တော့ချေ။ နောက်တစ်ကြိမ် လေညင်းကျောင်းတော်က နောက်ထပ် လူတစ်ယောက်ကို ထပ်မံ သေဆုံးစေပါက, လေညင်းကျောင်းတော်သားများ လိပ်ပြာတိုက်ပွဲတွင် မည်မျှလောက်ပင် စွမ်းအားကြီးနေပါစေ, ကျောင်းတော်၏ နာမည်ဆိုးကို ပယ်ဖျက်နိုင်မည် မဟုတ်တော့ပေ။

ချက်ချင်းပင် ဂျန်ဝုရှီက လေ့ချန်ကို ဆင့်ခေါ်၍ မေးခွန်းထုတ်လိုက်သည်။ ဒီအဖြစ်အပျက်၏ နောက်ကွယ်မှာ သူ တကယ်ပါဝင်နေသလောဟူ၍ ဖြစ်သည်။

ဒီတစ်ကြိမ်မှာ လေ့ချန်က လုံးဝ အပြစ်ကင်းစင်သည်။ သူတို့ မိတ်ဖွဲ့ပြီးသည့်နောက်, ဒီကိစ္စရပ်များက သူ့လက်ထဲမှာ မရှိတော့သဖြင့် သူ အောက်လမ်းနည်းများကို သုံးလို့ မရတော့မှန်း သိထားသည်။ သူ၏ အစပိုင်း ရည်ရွယ်ချက်ကို လက်လွှတ်လိုက်သည်။ ဒီတစ်ကြိမ်... စတုတ္ထအကျော့မှာ ဂျန်ရှီနှင့် ယှဉ်ပြိုင်ရမည့် လူငယ်၏ အနီးအနားသို့ပင် သူ မသွားခဲ့ပေ။ တကယ်တော့, ဂျန်ရှီ၏ ယှဉ်ပြိုင်ဘက်က မည်သူမှန်းပင် သူ မသိခဲ့ပေ။

နင် မဟုတ်ဘူးပေါ့ ဂျန်ဝုရှီက လေ့ချန်ကို ကြည့်လျက် မေးသည်။

လေ့ချန်က မိုးကောင်းကင်ကို တိုင်တည်၍ပင် ကျိန်ဆိုလိုက်သည်။ သူ မျက်ရည်မဲ့ ငိုကြွေးလျက် ပြောသည် ငါ တကယ့်ကို မဟုတ်ပါဘူး၊ ငါ ဘယ်လောက်ပဲ အအ, ဒီအချိန်မှာ ဒီလို နစ်နာမဲ့ ကိစ္စရပ်မျိုးကိုတော့ ငါ မလုပ်တတ်ဘူး၊ ဒီလိုသာ ငါလုပ်လိုက်ရင် မီးထဲ လောင်စာဆီ ထည့်လိုက်တာနဲ့ တူမနေဘူးလား။

ဂျန်ဝုရှီ နက်နက်နဲနဲ စဉ်းစားလိုက်သည်။ လေ့ချန် လုပ်တာ မဟုတ်ဘူးဆိုလျှင်, လေ့ချန်ကို သူ့ရာထူးကနေ ဆွဲချချင်လို့ နောက်ကွယ်က လက်မည်းကြီးကနေ ဒီပြစ်မှုကို ကျူးလွန်တာ ဖြစ်ရမည်။ သူက ရန်တိုင်းပြည်၏ ဘုရင်ကြီးသာ။ သူသာ ဒီတစ်ကြိမ် ဒီလိုမျိုးကို စွမ်းဆောင်နိုင်သူ ဖြစ်သည်။

သူက အတော့်ကို အညှာအတာ ကင်းမဲ့တာပဲ, ဟုတ်တယ်မို့လား ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။ ရန်တိုင်းပြည် ဘုရင်ကြီးက လေ့ချန်ကို အိမ်ရှေ့စံရာထူးမှ ချချင်လို့ လိပ်ပြာတိုက်ပွဲဝင် လူငယ်များအပေါ် သူ လက်လှမ်းလာခဲ့သည်။ ဒီသတင်းသာ ပေါက်ကြားသွားခဲ့လျှင်, ရန်တိုင်းပြည်က နောက်ဆို လိပ်ပြာတိုက်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပပေးဖို့ မေ့ထားလိုက်ရတော့မည်။

ငါတို့ အခု ဘာလုပ်ရမလဲ၊ လိပ်ပြာတိုက်ပွဲဝင် ကျောင်းတော်တွေက နဂိုကတည်းက တိုးမြင့် ကန့်ကွက်လာကြတာ၊ ဒီကိစ္စကို ငါ့ဖခမည်းတော်ဆီ ရောက်အောင် တင်သွင်းကြလိမ့်မယ်၊ သူသာ ဒီကိစ္စကို ယိုးမယ်ဖွဲ့ပြီး သူ့အလိုဆန္ဒကို ပုံဖော်လိုက်မယ်ဆိုရင်, ဒါဆို.... လေ့ချန်က အတော့်ကို ဘေးကျပ်နံကျပ် ဖြစ်လာပြီး ထွက်မြောက်ရာ နည်းလမ်းကို စဉ်းစားဖို့ပင် ကြောက်ရွံ့နေလေ၏။

သို့သော် ဂျန်ဝုရှီက တည်ငြိမ်မြဲ တည်ငြိမ်နေသည်သာ။ သို့သော် သူမ၏ တည်ငြိမ်အေးဆေးသော မျက်နှာက လေ့ချန်အား ပို၍ပင် ကြောက်ရွံ့ထိတ်လန့်စေသည်။

မင်း မစိုးရိမ်ဘူးလား၊ ဒီအဖြစ်အပျက်အားလုံးက.... မင်းကိုလည်း သက်ရောတယ်ဆိုတာ မင်း သိတယ်မို့လား လေ့ချန်က ဂျန်ဝုရှီကို ယုံကြည်မျှော်လင့်လျက် ကြည့်လိုက်သည်။

ဂျန်ဝုရှီက မသက်ရောက်ဟန်ဖြင့်ပင် ဖြည်းညင်းစွာ ပြောလိုက်သည် နင် ဒီကိစ္စကို စိုးရိမ်ပူပန်နေစရာ မလိုပါဘူး၊ ငါ ဒီကိစ္စကို ဖြေရှင်းလိုက်မယ်၊ ကျောင်းသားသေတာနဲ့ ပတ်သက်ပြီး ဘုရင်ကြီးက နင့်ကို မရမက အပြစ်ရှာနေမယ်ဆိုရင်, နင် လုပ်စရာက တစ်ခုတည်းရယ်၊ ဒါက နင် စွမ်းနိုင်သမျှ အချိန်ဆွဲထားဖို့ပဲ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now