၈၀၉။ တိုက်ဆိုင်မှု (၂)

Start from the beginning
                                    

နင့်မှာ နောက်ထပ် ကူးထားတဲ့ မြေပုံတွေ ရှိသေးလား။

လေ့ချန်က ပြန်ပြောသည် အဲမြေပုံ တစ်ခုတည်းရယ်၊ သိသွားမှာ စိုးလို့ နောက်ထပ် မြေပုံတွေ ကူးမထားခဲ့ဘူး။

ဂျန်ဝုရှီ မျက်မှောင်ကြုတ်လိုက်သည်။ နင် အဲမြေပုံကို ဘယ်လိုနည်းနဲ့ ရလာတာလဲ။ မြေပုံက လေ့ချန်အပိုင် မဟုတ်လျှင်, မည်သို့ပင် ဖြစ်စေ, ရန်တိုင်းပြည် ဘုရင်ကြီးနှင့် ချိတ်ဆက်ထားသော သတင်းအချက် အလက်များကို သူတို့ ရနိုင်သေးသည်။ ဘုရင်ကြီးလက်ထဲမှာသာ မြေပုံအစစ် ရှိနေခဲ့လျှင် လေ့ချန်မှာ ရှိနေတာထက် ပိုမို ခက်ခဲစွာ သူတို့ ရရှိအောင် လုပ်ကြရလိမ့်မည်။

အကြီးဆုံးနှင့် အင်အားအတောင့်တင်းဆုံး ရန်တိုင်းပြည်၏ ဘုရင်ကြီးအနေဖြင့် သူ့ဘေးနားမှာ စွမ်းအားကောင်းသော ကျွမ်းကျင်ပညာရှင်များ ချို့တဲ့လိမ့်မည် မဟုတ်ပေ။ ဒီဘုရင်ကြီးက ထုံအသော ချီတိုင်းပြည် ဘုရင်ကြီးနှင့် မည်သို့မျှ နှိုင်းယှဉ်လို့ မရသော အနေအထားမှာ ရှိသည်။

လေ့ချန်က မနှေးမမြန် ဖြေသည်၊ သူ့မျက်လုံးများက တောက်လျှောက် မလှုပ်မရှားဘဲသာ ရှိနေသည်။ အဲနေ့တုန်းက, ငါ့မယ်တော်ရဲ့ နန်းဆောင်ကို သွားခဲ့တယ်၊ မယ်တော်နဲ့ စကားစမြည် ပြောဆိုဖို့ပေါ့၊ စတုတ္ထညီလည်း မယ်တော့်နန်းဆောင်မှာ ရှိနေတယ်၊ ငါ သူ့ကို မမြင်ချင်ဘူး၊ ဒါ့ကြောင့် ငါ ရှောင်ထွက်သွားခဲ့တယ်၊ သူ ပြန်သွားမှ မယ်တော့်ဆီ ပြန်သွားမယ်လို့ စဉ်းစားထားတာ၊ ဒါ့ကြောင့် ငါ နန်းတော်ထဲမှာ ဦးတည်ရာမရှိဘဲ ဟိုဟို ဒီဒီ လျှောက်သွားနေခဲ့တယ်၊ ငါ့ဖခမည်းတော်ရဲ့ အယုံကြည်ရဆုံး လက်ထောက်က လူမမြင်ရတဲ့ ထောင့်ချိုးလေးမှာ အစောင့်တစ်ယောက်ကို စာတစ်စောင် ကမ်းပေးနေတာကို ငါ တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့တယ်၊ သူတို့ ပြောတာကို ငါ မကြားရပေမဲ့, သူတို့ အချင်းချင်းရဲ့ သံသယဝင်စရာ အကြည့်တွေကို ငါ တွေ့မြင်နိုင်တယ်၊ နန်းတော်ထဲက ပြန်ထွက်သွားတဲ့ အစောင့်နောက်ကို ငါ လျှို့ဝှက်ပြီး နောက်ယောင်ခံ လိုက်သွားခဲ့တယ်၊ ပြီးတော့ ဘယ်သူမှ မသိအောင် သူ့ကို သတ်ပြီး သူ့လက်ထဲက စာကို ယူလာခဲ့တယ်၊ မြေပုံကို အဲစာထဲကနေ တွေ့လာခဲ့တာပဲ။

လေ့ချန်၏ အသံက တုံးတိတိ ဖြစ်နေပြီး ငြီးငွေ့ဖွယ်ကောင်းသည်။ သို့သော် သူ ထုတ်ဖော်ပြောပြသော အရာက ထိမ်းသိန်းထားသော ကိစ္စကြီးတစ်ရပ် ဖြစ်သည်။

စတုတ္ထမင်းသားလေးက လေ့ချန်နဲ့ ရင်းနှီးတယ် မဟုတ်ဘူးလား၊ ဘာလို့... လေ့ချန်က သူ့ကို မတွေ့ချင်ရတာလဲ ဖေးယန်က မေးစေ့ပွတ်၍ သူကြားထားသည့် အရာကို နှိုင်းချင့် စဉ်းစားနေသည်။ လေ့ချန်၏ စကားများက နောက်ထပ် ကိစ္စနှစ်ရပ်ကို ထုတ်ဖော်ပြသွားသည်။ ပထမတစ်ချက်က လေ့ချန်နှင့် စတုတ္ထမင်းသားက အပြင်မှာ အများပြောနေသလို ခင်မင်ဖော်ရွေခြင်း မရှိဆိုသည့် ကိစ္စဖြစ်သည်။ နောက်တစ်ခုက ပိုလို့ပင် စိတ်ဝင်စားစရာကောင်းနေသည်.... လေ့ချန်က ဘုရင်ကြီး၏ အ‌ရေးကိစ္စနှင့် သက်ဆိုင်နေသည်။ သူက စာရရှိဖို့ လူသတ်မှုကိုပင် လိုလိုလားလား ကျူးလွန်ခဲ့သည်။ လေ့ချန်အနေဖြင့် အိမ်ရှေ့စံရာထူးက လှုပ်ခါချနိုင်စရာ အကြောင်းမရှိပေ။ သို့သော် သူ့လုပ်ဆောင်ချက်နှင့် နည်းလမ်းက အတော်လေး မယုံကြည်နိုင်ဖွယ်ကောင်းပြီး ထူးဆန်းနေလေ၏။

လေ့ချန်ရဲ့ အိမ်ရှေ့စံဆိုတဲ့ ရာထူးက ငါ စဉ်းစားထားမိတာနဲ့ ကွာခြားနေတယ်လို့ ဘာလို့ ငါ ခံစားနေရသလဲ မသိဘူး ရောင်းရူက မေးသည်။ သူမ မျက်ခုံးများ ပင့်တက်သွားသည်။

ဂျန်ဝုရှီက လေ့ချန်ကို ကြည့်လိုက်သည်။ လေ့ချန် မသိလိုက်မသိဘာသာဖြင့် ထုတ်ဖော်ပြောပြသော ကိစ္စရပ်များက တကယ်ပင် ထိတ်လန့်စရာ ကောင်းနေသည်။ ဂျန်ဝုရှီ အရင်တုန်းက သူမ သုံးသပ်ခဲ့သော ကိစ္စရပ်များကို ပြန်လည် သုံးသပ်ဖို့ လိုနေလေပြီ။

အဲစာထဲမှာ မြေပုံအပြင်, တခြား ဘာတွေ့ခဲ့သေးလဲ

မတွေ့ဘူး

ဘာလို့ မိုးကောင်းကင်အဆုံး ချောက်နက်ကို လူတွေ စေလွှတ်ခဲ့တာလဲ

ငါ သိချင်လို့၊ ခမည်းတော် အဲမှာ ဘာရှာနေသလဲဆိုတာ ငါ သိချင်ရုံလေးပဲ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now