၇၇၃။ ကိုယ်စီအတွေး (၃)

Start from the beginning
                                    

ဒီလို အသက်ငယ်ရွယ်တုန်းမှာ, လူတစ်ယောက်၏ ကိုယ်ဟန်အနေအထားကို ကြည့်ပြီး ယောက်ျားလေးလား, မိန်းကလေးလားဟူ၍ ခွဲခြားဖို့ ခက်ခဲတုန်းပင်။ ထိုသေးသွယ်သော ခါးလေးက သူ တင်းတင်းကျပ်ကျပ် ဖက်တာကို ခံနိုင်ရည် ရှိမည့်ပုံပင် မပေါ်ပေ။

သူ တကယ် ရှက်တတ်တာ ဖန်ဂျင်က အရယ်စွက်လျက် ထပ်မံ၍ အတည်ပြုလိုက်သည်။

ငါက ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ နေတတ်တာပါ၊ ညီငယ်လေးဂျန် မကြောက်ရွံ့ဖို့တော့ မျှော်လင့်မိပါရဲ့ လေ့ချန်က အပြုံးဖြင့် ပြောသည်။

ဂျန်ဝုရှီက မျက်လုံးပင့်၍ပင် မကြည့်ပေ။ သို့သော် ကျောက်ချူက လက်မောင်းတောက်လျှောက် ကြက်သီးမွေးညင်း ထသွားလေ၏။

(သူက ဘာလဲ၊ သူ့ညီငယ်လေး ဂျန်ဆိုတာ ဘာလဲ။)

(အိမ်ရှေ့စံက ရှီလေးနဲ့ ပထမဆုံး အကြိမ် မြင်ဖူးတာ မဟုတ်ဘူးလား၊ ဒါနဲ့တောင် ရင်းနှီးဖော်ရွေသလို ခေါ်သတဲ့လား။)

ဂျန်ဝုယောင်းသာ ဒီခဏမှာ ရှိနေရင်, လွန်လွန်ကဲကဲ ရင်းနှီးဟန် ပြသလာသော အိမ်ရှေ့စံ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် အိုးစားကွဲလိမ့်မည်ဆိုတာ ကျောက်ချူ ကျိန်ဆိုရဲသည်။

လေ့ချန်က ဂျန်ဝုရှီ၏ အေးစက်စက် အမူအရာကို များများစားစား စိတ်ထဲ မထားတော့ပေ။ သူက ဖန်ဂျင်နှင့် အတော်ကြာအောင် စကားပြောပြီးနောက် ထွက်ခွာသွားလေ၏။ သူ ထွက်ခွာမသွားခင်, ဂျန်ရှီကို ဦးစားပေး၍ နှုတ်ဆက်သွားလေ၏။

သို့သော်ငြား....

ဂျန်ဝုရှီက သူ့ကို လျစ်လျူရှူထားဆဲသာ။

အိမ်ရှေ့စံ၏ နေအိမ်မှ လူတိုင်း ထွက်ခွာသွားပြီးနောက်, ဖန်ဂျင်က နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းမောချကာ ထိုင်ခုံတွင် မှီထိုင်လိုက်သည်။ သူက ကျောင်းအုပ်ကြီးအနေဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာမှာ အတော်လေး အရည်အချင်း ချို့တဲ့နေမှန်း သူ့ကိုယ်သူ သုံးသပ်မိသွားသည်။

အဲဒီ အိမ်ရှေ့စံ တစ်ခုခုများ ချွတ်ယွင်းနေသလား၊ သူက တစ်ချိန်လုံး ရှီလေးကို ညီငယ်လေး ဂျန်လို့ချည်း သုံးသွားတယ်၊ အမလေးလေး... ငါ ကြက်သီးမွေးညင်းတွေ ထလိုက်တာ ကျောက်ချူက သူ့လက်မောင်းများကို ကရမ်းကသတ် ပွတ်လျက် တုန်တုန်ယင်ယင်ဖြင့် ပြောသည်။ သူ့မျက်နှာက ရွံ့ရှာဟန်ဖြင့် ရှုံ့တွနေသည်။

ဂျန်ဝုရှီလည်း မျက်မှောင်ကြုတ်သွားသည်။ လူစိမ်းများနှင့် တွေ့ရတာကို အမြဲတမ်း မနှစ်သက်သော သူမက လေ့ချန်၏ အလွန်အမင်း ခင်မင်ရင်းနှီးလိုသော အမူအရာကြောင့် ဆလံသသွားရသည်။

မင်းတို့အားလုံး မနက်ဖြန်ကျရင် အိမ်ရှေ့စံအိမ်တော်ကို တကယ် သွားကြမှာလား ဖန်ဂျင်က သတိထား၍ မေးသည်။ သူတို့၏ အမူအရာများအရ, လေ့ချန်၏ အလည်ရောက်လာခြင်းကြောင့် သူတို့ နည်းနည်းလေးပင် အမြင်ကောင်း ရှိဟန် မရကြဘဲ, အိမ်ရှေ့စံကို လုံးလုံး အထင်သေးကြဟန်ကိုပင် ဖန်ဂျင် တွေ့မြင်နိုင်သည်။

အင်း ဂျန်ဝုရှီက ခေါင်းညိတ်လျက် ဖြေသည်။ အဲအရာက သူ့ဆီမှာ ရှိတယ်၊ ပြိုင်ပွဲပြီးမှ ငါတို့ လှုပ်ရှားဖို့ ရည်ရွယ်ထားကြပေမဲ့, အရင်ဆုံး အဲနေရာကို ကင်းထောက်ကြတာပေါ့။

ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ရန်တိုင်းပြည်တွင် အခုခါမှာ လူများစွာ စုရုံးရောက်ရှိနေကြသည်။ ကျောင်းအသီးသီးမှ ထိပ်တန်းအဆင့် လူများအပြင်, ကုန်းမြေတစ်ခွင်ရှိ အင်အားစု အသီးသီးလည်း ရောက်ရှိလာကြသည်။

သူတို့က လေ့ချန်နှင့် ဆန့်ကျင်လျက် လှုပ်ရှားတာကို သိရှိသွားလျှင်, လေ့ချန်က သူ့ရာထူးကို အသုံးချပြီး လက်တစ်ဖက် မြှောက်ပြရုံလေးဖြင့် ဘုရင့်နေပြည်တော်အတွင်းရှိ အင်အားစုအသီးသီးက လေ့ချန်အား အလွယ်တကူ ကူညီပေးကြလိမ့်မည်။ အပြည့်အဝ အောင်မြင်ဖို့ ယုံကြည်ချက် မရှိသေးဘဲ, ဂျန်ဝုရှီက သူမလက်ကို ဖော်ထုတ်ပြဖို့ အသင့်ပြင်ဆင်ထားမည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now