အပိုင်း(၉၉)

184 18 0
                                    

အပိုင်း(၉၉)

ဆုန်ရန်က ခြင်းနှစ်ခြင်းအပြည့် ပစ္စည်းတွေ ဝယ်ယူခဲ့လိုက်လေတယ်။ ငွေရှင်းပြီးသွားတော့၊ ပစ္စည်းအိတ်တွေကို လက်တစ်ဖက်တည်းဖြင့် သယ်လာခဲ့လိုက်လေတယ်။

သူမက လုမူရှန်းကို surpriseလုပ်ချင်တဲ့အတွက် သူမ ပြန်ရောက်နေပြီဆိုတာကို လုမူရှန်းအား မပြောပြထားခဲ့လေဘူး။

အိမ်ပြန်ရောက်လာတာနဲ့၊ အခန်းထဲက အပူပေးစက်ကို ဖွင့်လိုက်ကာ၊ သူမအပေါ်ထည်ကိုချွတ်လိုက်လေတယ်၊ သူမဆွယ်တာအင်္ကျီလက်တွေကိုတော့ ခေါက်ထားလိုက်ကာ၊ နွေဦးပွဲတော်နှစ်ကြောင်းစပ်ကဗျာ၊ ပူဖောင်းတွေနဲ့၊ မီးအိမ်တွေကိုထုပ်ယူလိုက်ပြီး၊ မီးအိမ်တွေကို ချိတ်ဆွဲလိုက်ကာ၊ ပူဖောင်းတွေကို လေမှုတ်လိုက်ပါလေတယ်...

နံရံမှာ ရောင်စုံမီးသီးလေးတွေ တပ်ဆင်ထားပြီး အိပ်ခန်းတံခါးအထက်မှာတော့ မီးအိမ်အသေးလေးဖြင့် အလှဆင်ယင်လိုက်လေသည်။  မျက်နှာကြက်က မီးသီးကို ပိတ်လိုက်ချိန်၊ မီးအိမ်အလင်းရောင် နီရဲရဲလေးရယ် နံရံမှာ တပ်ဆင်ထားတဲ့ ရောင်စုံမီးသီးလေးတွေရယ်က တဖျပ်ဖျပ် လင်းလက်လာလေတော့၏။ တစ်ခန်းလုံးက နှစ်သစ်ကူးအငွေ့အသက်မျိုးရနေကာ ပျော်ရွှင်မှုတွေဖြင့် ပြည့်နေလေ၏။

ဆုန်ရန်မှာ အတော်လေး စိတ်ပျော်ရွှင်နေတော့ အခန်းထဲ လမ်းပတ်လျှောက်မိလိုက်ပါလေ၏။

အခု အိမ်ထောင်ဦးစီးကိုပဲ လိုအပ်နေလေတယ်။

...

ညကိုးနာရီလောက်မှာ၊ လုမူရှန်းက လက်တွေ့ခန်းထဲ အလုပ်များနေသေးတုန်း၊ သူက စက်ကိရိယာတွေကြည့် မတ်မတ်ထိုင်ကာ ဒေတာတွေကို သေချာစောင့်ကြည့်နေလေတယ်။

သံလူသားတစ်ယောက်လိုပဲ။ သူက မနက်ကတည်းက အလုပ်ရှုပ်နေတော့၊ အခြားကျောင်းသား/ကျောင်းသူတွေမှာ ထပ်ပြီးမအောင့်အည်းထားနိုင်တော့လေဘူး။ သူတို့က လုမူရှန်းအနား ဆွေးနွေးလာကြလေတယ်: "ငါတို့ဘာလို့မနားလိုက်ကြတာလဲ? မနက်ဖြန်ဆို နွေဦးပွဲတော်ရောက်ပြီဆိုတော့၊ ပါမောက္ခလည်း ငါတို့ကိုနားလည်ပေးလောက်ပါတယ်။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now