အပိုင်း(၉၅)

504 39 0
                                    


အပိုင်း(၉၅)

ဆုန်ရန်မဲ့ လုမူရှန်းတို့ ထွက်လာကြချိန် ဧည့်သည်တိုင်းနီးပါး ပြန်ကုန်ကြလေပြီ။  အမေလုတို့ကတော့ ဆွေမျိုးတွေကို အိမ်ပြန်ခေါ်လာကြပြီး ပျော်ရွှင်နေကြလေ၏။ သူတို့က ဆုန်ရန်တို့နှစ်‌ောာက်ဆီဖုန်းဆက်လာပြီး ကားကို ဟိုတယ်တံခါးမှာထားခဲ့တယ်ဆိုကြောင်း ပြောလာကြလေတယ်။

ဟိုတယ်ကနေထွက်လာတာနဲ့၊ ဒရိုက်ဘာအန်ကယ်လီကို မြင်လိုက်ရလေတယ်။

ဆုန်ရန်က လုမူရှန်းလက်မောင်းကို ဖက်ထားကာ သူ့ကို ပြုံးလျက်ပြောလာလေတယ်၊ "ငါတို့ကို ထားခဲ့တာပဲ။"

လုမူရှန်းက ရယ်မောလိုက်ပြီး၊ "ကိစ္စမရှိပါဘူး၊ ကိုယ်တစ်ယောက်လုံးရှိနေတာပဲ။"

ဆုန်ရန်က နှာမှုတ်လိုက်ကာ သူ့ကိုမေးလာလိုက်လေတယ်၊ "ညနေအတွက် ဘာတွေစီစဉ်ထားတာလဲ?"

"ညနေကျ ဧည့်သည်တွေသိပ်ရှိတော့မှာမဟုတ်ဘူး။ အမေကတော့ အိမ်မှာပဲပွဲစီစဉ်လိုက်ရင် ပိုစည်ကားလာမှာတဲ့။ မင်းကောဘယ်လိုထင်လဲ?" လုမူရှန်းက သူမအမြင်ကို မေးလာလိုက်တယ်။

ဆုန်ရန်က ခေါင်းညိတ်ပြကာ၊ "အိုကေ! အိမ်ကကျယ်မှတော့ အိမ်မှာပဲလုပ်လိုက်ကြတာပေါ့။"

လုမူရှန်းက ပြုံးလိုက်ပြီး၊ သူမခေါင်းကိုပွတ်သပ်ပေးလိုက်ကာ ကားဆီထွက်လာခဲ့ကြတယ်။

အိမ်နဲ့ဟိုတယ်က မဝေးလေတော့ နာရီဝက်အတွင်း ရောက်နိုင်လေတယ်။

အိမ်ကိုပြန်ရောက်ချိန်ဖ ခြံထဲ ကားအများကြီး ရပ်ထားတာကို မြင်လိုက်ရလေတယ်။ လုမူရှန်းက အထဲမဝင်နိုင်ဖြစ်နေတော့၊ ကားကို အပြင်မှာပဲရပ်ထားလိုက်ရလေသည်။

ခြံဝန်းထဲ၌၊ ကလေးတွေက ပတ်ပြေးပြီး ဆူညံ‌လျက်ရှိနေလေတယ်၊၊ သူတို့လေးတွေက လုမူရှန်းကို ကြောက်လန့်နေကြတာကြောင့်၊ ဆုန်ရန်နဲ့ လုမူရှန်းတို့ဝင်လာတာနဲ့၊ ချက်ချင်း တိတ်ဆိတ်သွားကာ ငြိမ်ငြိမ်လေး ဘေးမှာရပ်နေလိုက်ကြတယ်။

"လုလင်ဟောင်၊ မင်းအဝတ်စားတွေဘယ်မှာလဲ?!"

လုလင်ဟောင်က လုမူရှန်းရဲ့ပထမဝမ်းကွဲကမွေးတဲ့ ငါးနှစ်အရွယ်သားဖြစ်လေတယ်။ ဒီလို လေအေးတွေတိုက်နေချိန်၊ ကလေးအပေါ်ထည်ကို ဘယ်နားချွတ်ပစ်ထားမှန်းမသိ၊ ဆွယ်တာတစ်ထည်သာဝတ်ထားကာ အပြင်ဘက် ပတ်ပြေးနေပါလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now