အပိုင်း(၁၇)
ဆုန်ရန်က လုမူရှန်းကို မျှော်လင့်တကြီး ကြည့်လာကာ၊ သူမစိတ်အခြေနေကလည်း အတောင်ပံတွေထွက်လာကာ ပျံထွက်သွားနိုင်တော့မယ့်အထိ အထူးကောင်းမွန်နေလေတယ်။
နှစ်ဦးသားက အရမ်းနီးကပ်နေတော့၊ လုမူရှန်းမှာ နေရခက်လာလေတော့သည်။ သူက ဆုန်ရန်ပုခုံးကို လှမ်းကိုင်လာကာ၊ သူမကို တွန်းထုတ်လိုက်ပြီး ပြောလာပါတယ်၊ "ဆုန်ရန်၊ ပြဿနာမရှာနဲ့။"
ဆုန်ရန်က အပြုံးဖြင့် ပြန်ဖြေလာလေတယ်၊ "ပြဿနာမရှာပါဘူး၊ ငါ့ကိုနမ်းလိုက်ရုံပဲကို၊ အဆင်ပြေပါတယ်နော်၊ ငါက ဒီလောက်သဘောကောင်းနေတာကို။"
လုမူရှန်း: "..."
"ဆုန်ရန်။"
တစ်အောင့်နေတော့၊ လုမူရှန်းက သူမနာမည်ကို ခေါ်လာပါလေတယ်၊ ဆုန်ရန်က မျက်တောင်ခပ်ကာ ပြုံးပြလာပြီး၊ "ဘာဖြစ်လို့လဲ?" "
ထိုအချိန်၌၊ သူမစိတ်ထဲ အစောက လုမူရှန်းပြောလာတဲ့ သဘောကျတယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲပြည့်လျှံနေကာ၊ သူမမှာ ပျော်လွန်းလို့ ပျံတောင်ပျံသန်းလုနီးပါးပဲ။
သို့သော်၊ အစကနေ အဆုံးထိ၊ လုမူရှန်းကတော့ ဆင်ခြင်တုံတရား ရှိနေတုန်းပဲ။
သူ့အမူရာက လေးနက်လာပြီး၊ ဆုန်ရန်ကိုကြည့်ကာ၊ အလေးအနက် ပြောလာလေတယ် "ဆုန်ရန်၊ စကားပြောရအောင်။"
တစ်ခုခုတော့ မှားနေလေပြီ။
လမ်းတစ်ဖက်က ထိုင်ခုံရှည်ကို သူမလက်ညှိုးထိုးပြလာကာ၊ လုမူရှန်းကို ပြောလာလိုက်တယ်၊ "အဲဒီမှာ သွားထိုင်ရအောင်။"
ပြောပြီးတာနဲ့၊ သူမက လုမူရှန်းလက်ကို ပျော်ပျော်ရွှင်ရွှင် လှမ်းကိုင်လိုက်ကာ ထိုင်ခုံနား လျှောက်လာလိုက်တယ်။
နှစ်ဦးသားက ဘေးချင်းကပ်ကာ ထိုင်လိုက်ကြလေတယ်။
ထိုင်ခုံနောက်မှာ လမ်းမီးဖျော့ဖျော့လေး လင်းလက်နေကာ၊ အဝါရောင်အလင်းဖျော့ဖျော့လေးက မြေကြီးပေါ်ဖြာကျနေကာ၊ အထီးကျန်ညကို ပိုနွေးထွေးလာစေလေသည်။
ВЫ ЧИТАЕТЕ
ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]
Любовные романыလုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအသန်လိုက်ပိုးပန်ခဲ့ပြီး၊ နေ့တိုင်း သူ့နောက် နောက်လိုက်လေးတစ်ဦးလိုမျိုး လိုက်လံခဲ့တယ်။ လက်ဆောင်တွေပို့တာတို့၊ သူ့ကို ချစ်ခြင်းထမင်းဘူးပေးတာတ...