အပိုင်း(၆)

1.2K 121 0
                                    

အပိုင်း(၆)

    လုမူရှန်းထွက်သွားပြီးနောက်၊ ဆုန်ရန်ကလည်း ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက်ပြီး သူ့အခန်းထဲ ဝင်လာခဲ့လိုက်လေသည်။

    လော့လင်က ခေါင်းမော့ကြည့်လာပြီး အပြုံးဖြင့်ပြောလာလေတယ်၊ "အရမ်းပျော်နေတယ်ပေါ့? ထမင်းဘူးပို့ပေးပြီးသွားပြီလား?"

    ဆုန်ရန်က ပျော်ပျော်ရွှင်ရွှင်ပြန်ဖြေလာလေတယ်၊ "ပို့ပြီးပြီ"

    “ကျွတ် ကျွတ်၊ နင်ဒီလိုတော်လိမ့်မယ်လို့၊ ငါမထင်ထားမိခဲ့ဘူးပဲ။”

    ဆုန်ရန်မှာ ကြောင်အသွားကာ၊ လော့လင်ကို တောက်ပတဲ့မျက်လုံးတွေဖြင့် ကြည့်လာလိုက်ပြီး၊ "ဘာလို့အဲ့လိုပြောရတာလဲ?"

    လော့လင်ရဲ့အတင်းတုပ်ချင်စိတ်က ပွင့်ထွက်လာကာ၊ သူက ဆုန်ရန်ကို လျှို့ဝှက်ဆန်းကြယ်တဲ့အပြုံးမျိုးပြုံးပြလာပြီး၊ "ငါသိထားသလောက်ဆို၊ လုမူရှန်း ငါတို့ကျောင်းကိုပြောင်းလာတဲ့အချိန်ကစလို့၊ မိန်းကလေးတော်တော်များများက သူ့ကိုလက်ဆောင်ပေးခဲ့ကြတယ်၊ ဒါပေမဲ့ ဘာတစ်ခုမှလက်မခံဘဲ သူပြန်ပေးလိုက်တာကြည့်ပဲ၊၊ ဒီလိုအေးတိတိနိုင်တဲ့လူမျိုးက နင့်ရဲ့အချစ်ထမင်းဘူးလေးကို တကယ်ကြီး လက်ခံပေးခဲ့တာဆိုတော့..." လော့လင်‌ကပြောပြီး၊ ဆုန်ရန့်ပုခုံးကိုပုတ်လိုက်ပြီး၊ လေးလေးနက်နက်ပြောလာလေတော့တယ်: "ရန်ရန်၊ နင်ကတော့အလားလာရှိတယ်လို့ ငါထင်နေတယ်၊ နင့်ကိုတော့ငါယုံတယ်။"

    ဆုန်ရန်က ရယ်မောလိုက်ပြီး : "ငါလည်းအခြေနေကောင်းနေတယ်လို့ထင်တယ်။ အို၊ အလှနတ်သမီးလေးဆုန်ရန်လို့ တို့ကိုဘယ်သူများပြောလိုက်ပါလိမ့်။"

    "အော့၊ ငါအန်မိတော့မှာပဲ!"

    "ဟားဟားဟား၊ လော့လင်၊ နင်ကအရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ။"

    ...

    နေ့လယ်ရောက်တော့ ကျောင်းပြီးသွားပြီလေ။

    အတန်းချိန်ခေါင်းလောင်းသံမြည်လာတာနဲ့၊ ကျောင်းသူ/ကျောင်းသားတွေက သူတို့ထမင်းဘူးကိုယူကာ ကန်တင်းဆီပြေးလာကြလေတော့သည်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]जहाँ कहानियाँ रहती हैं। अभी खोजें