အပိုင်း(၆၆)

331 33 1
                                    

အပိုင်း(၆၆)

အိမ်ကိုပြန်ရောက်လို့ ဆုန်ရန်ပထမဆုံးလုပ်တဲ့အရာက အိမ်ပြန်ရောက်တာနဲ့ ပစ္စည်းတွေသိမ်းဆည်းဖို့ပဲ။

ပစ္စည်းတွေ သိမ်းဆည်းနေရင်း၊ သူက လုမူရှန်းကို လေယာဉ်လက်မှတ်ဝယ်ရန် နှိုးဆော်လိုက်လေတယ်၊ "ငါတို့ ခရီးထွက်နေတာ ရက်အတော်ကြာပြီး တည်ငြိမ်အောင်လုပ်ပြီး စာပြန်လေ့လာကြဖို့ အချိန်ရောက်ပြီနော်။"

လုမူရှန်းက လက်ပိုက်ပြီး တံခါးကို မှီကာ ရပ်နေလေသည်။

သူက ဘာမှမပြောလာဘဲ ဆုန်ရန်ကိုသာ စိုက်ကြည့်နေလိုက်လေတယ်။

ဆုန်ရန်က ခေါင်းမော့ပြီး ကြည့်လာချိန် လုမူရှန်း ဘာမှမပြောလာတာကိုမြင်တော့၊ "ဘာဖြစ်လို့လဲ လုကော? လေယာဉ်လက်မှတ် ဝယ်ပြီးပြီလား?"

လုမူရှန်းက ခေါင်းခါပြလာပြီး၊ အိမ်ထဲလျှောက်ဝင်လာလေတယ်။

သူက ကုတင်စွန်းမှာ ထိုင်လိုက်ကာ၊ ဆုန်ရန်ကို ငုံ့ကြည့်လာပြီး၊ "မင်း မနက်ဖြန်ကျ ကျန်တဲ့စာမေးပွဲတွေ သွားဖြေလိုက်တာ ကောင်းမယ်ထင်တယ်။"

"အာ?" ဆုန်ရန်က သူ့အား ကြောင်အအကြီး ငေးကြည့်လာလေသည်။

လုမူရှန်းက: "အခု အောင်ထားတယ်ဆိုမှတော့၊ သွားလိုက်ပေါ့။"

"လုကော..." ဆုန်ရန်က လုမူရှန်းအား မယုံကြည်နိုင်ဖြစ်စွာ ကြည့်လာလေတော့သည်။

လုမူရှန်းက သူ့လက်ကိုမြှောက်ပြီး သူမခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ၊ "သွားပြီးဝင်ပြိုင်လိုက်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းလည်း ပြိုင်ပွဲကို အောင်မြင်မယ်ဆိုတာ သေချာမှမသေချာနေတာလေ။"

ဆုန်ရန်မှာ ခဏလောက်မှင်သက်သွားပြီးနောက်၊ သူမမျက်လုံးတွေ ပြူးကျယ်သွားကာ၊ တင်ပါးပေါ် လက်ထောက်လိုက်ပြီး မေးလိုက်ပါလေတယ်၊ "နင်ဘာကိုဆိုလိုချင်တာလဲ?"

လုမူရှန်းက မနေနိုင်ဘဲ ပြုံးမိလိုက်ပြီး မျက်ခုံးပင့်လိုက်ကာ: "မင်း စာမေးပွဲမအောင်နိုင်လောက်ဘူးမို့၊ သွားဖြေမယ်ဆိုလည်း ကိစ္စမရှိပါဘူးလို့။"

လုမူရှန်းက တကယ်တမ်းတော့ ဆုန်ရန်အား မသွားစေချင်လေဘူး။

ဆုန်ရန်က ကြမ်းပြင်ပေါ်ကထကာ၊ ကုတင်နားထိုင်ချလာပြီး၊ လုမူရှန်းလက်ကိုဆွဲကာ ပြောလာလေတယ်၊ "လုကော၊ နင် ငါ့ကို မသွားစေချင်ဘူးမလားဟင်? နင်သာ မ‌သွားစေချင်ရင်၊ ငါတကယ်မသွားဘူးနော်။ ငါလည်း အစကတည်းက ဖြေချင်စိတ် အဲ့လောက်ကြီးမရှိနေဘူးလေ။" 

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now