အပိုင်း(၈၇)

254 29 0
                                    

အပိုင်း(၈၇)

ဆုန်ရန်က ဒဏ်ရာရထားတဲ့အတွက်ကြောင့်၊ ရိုက်ကူးရေးပြီးတာနဲ့ ဟိုတယ်ပြန်အနားယူလို့ရအောင် ဒါရိုက်တာက သူမအတွက် စီမံပေးထားလေသည်။

ဆုန်ရန်က အဝတ်စားလဲဖို့ အဝတ်လဲခန်းဆီပြန်လာခဲ့လိုက်လေတယ်၊ လုမူရှန်းကတော့ သန့်စင်ခန်းကို ထွက်သွားလေ၏။

အမျိုးသမီးသန့်စင်ခန်းနဲ့အမျိုးသားသန့်စင်ခန်းက ကပ်ရပ်လေးဖြစ်လေတယ်။ လုမူရှန်းထွက်လာချိန်၊ လီယွမ်းနာကလည်း ဘေးတစ်ဖက်ကနေ ထွက်လာလေတယ်။

လုမူရှန်းက လှည့်တောင်ကြည့်မနေဘဲ ကျော်သွားပါလေတယ်။

"ခဏနေဦး!" လီယွမ်းနာက ရုတ်တရက်ကြီး အော်ခေါ်လာပြီး လုမူရှန်းကို တားလာလေသည်။

လုမူရှန်းက မျက်မှောင်ကြှုပ်လိုက်ကာ၊ ခေါင်းမော့ပြီး မျက်နှာသေဖြင့် သူမကိုလှမ်းကြည့်လာကာ၊ "တစ်ခုခုပြောစရာရှိလို့လား?"

လီယွမ်းနာကပြုံးလိုက်ပြီး၊ "နင်ကဆုန်ရန့်ကောင်လေးမဟုတ်လား?"

လုမူရှန်းက ခေါင်းညိတ်ပြီး မေးလိုက်လေတယ်၊ "အဲ့တာဘာဖြစ်လို့လဲ?"

လီယွမ်းနာက လုမူရှန်းကို တစ်ပတ်ပတ်ကြည့်လာလေသည်။

လုမူရှန်းက ဒီလိုအကြည့်ခံရတော့ ရွံရှာသွားကာ သူ့မျက်နှာက ချက်ချင်းမည်းမှောင်သွားလေတော့တယ်။

သူက ခြေထောက်မြှောက်ပြီး ထွက်လာခဲ့ရန်ပြင်လိုက်လေတယ်။

"ဟေ့! ခဏနေဦး!" လုမူရှန်းသွားတော့မှာကိုမြင်တော့၊ လီယွမ်းနာက လုမူရှန်းလက်မောင်းကို လှမ်းဆွဲလိုက်ပါလေတယ်။

လုမူရှန်းက မျက်မှောင်ကြှုပ်ကာ ခါချပစ်လိုက်လေတယ်။

သူက အရမ်းသန်မာလေတယ်။ လီယွမ်းနာမှာ ခါချခံလိုက်ရတော့ နောက်နှစ်လှမ်းဆုတ်သွားရလေတယ်၊ သူက လုမူရှန်းကို တအံ့တဩကြည့်လာပြီး၊ "နင်ဘာလုပ်တာလဲ?"

လုမူရှန်းက မှုန်အုပ်နေတဲ့မျက်နှာဖြင့် ပြောလာလေတယ်၊ "ကိုယ့်ကိုကိုယ်တန်ဖိုးထား!"

လီယွမ်းနာမျက်ဝန်းထဲ အံ့ဩသင့်မှုတွေ ပြည့်နှက်သွားရလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Wo Geschichten leben. Entdecke jetzt