အပိုင်း(၈၀)

535 44 0
                                    


အပိုင်း(၈၀)

ရိုက်ကူးရေးဆီ ဆုန်ရန်ပထမဆုံးရောက်လာတဲ့နေ့၌၊ လုမူရှန်းအကြောင်း နေ့တိုင်း တွေးမိပြီး လေယာဉ်စီးပြီး ချက်ချင်းအိမ်ပြန်လာချင်လေတယ်။

ညအချိန် လုမူရှန်းနဲ့ video callခေါ်ချိန်ဆို၊ မိုးလင်းတဲ့အထိ ပြောဆိုနေတတ်ကြကာ၊ screenကိုဖြတ်ပြီး တစ်ဦးဘေး တစ်ဦးကရှိနေသလို ခံစားမိကြလေတယ်။

ဒီလိုအခြေနေမျိုးက သူမ ရိုက်ကူးရေးပြီးဆုံးသွားချိန်ထိ တည်မြဲနေလိမ့်မယ်လို့ နဂိုက ထင်ထားခဲ့လေတယ်၊ ဒါပေမဲ့၊ မကြာမီ၊ သူမက အလုပ်များလွန်းလို့ လုမူရှန်းအကြောင်း စဉ်းစားချိန်လေးတောင် မရတော့လေဘူး။

ပထမရက်အနည်းငယ်တွင်း၊ ဒါရိုက်တာက သူမအတွက် အချိန်အထူးတလည်ပေးထားပြီး နေသားတကျဖြစ်အောင် ခွင့်ပေးထားလေတယ်။ သရုပ်ဆောင်မှုတွေကို ရိုက်ကူးရေးမှာနေချိန် သူမပိုလေ့လာလို့ရအောင် ခွင့်ပြုပေးထားလေတယ်။ သူမအား အစမ်းလေ့ကျင့်ချိန်အများကြီးမပေးလေတော့၊ သူမမှာ အချိန်အတော်အားလပ်ခဲ့လေ၏။

သူမ အားလပ်ချိန်ရတိုင်း၊ လုကောကို လွမ်းမိတတ်လေသည်။ ဒါပေမဲ့ နောက်တော့ သူမ ဇုန်ထဲဝင်လုနီးပါးဖြစ်နေပြီလို့ ဒါရိုက်တာခံစားမိတော့၊ သူမအတွက် အခန်းကြီးတွေ စီစဉ်လာလေတော့တယ်။

ဆုန်ရန်က ရိုက်ကူးရေး၌ အမြဲနှိမ့်ချတတ်ပြီး အခန်းတိုင်းကို အလေးအနက်ထား ရိုက်ကူးပေးလေတယ်၊ ဝိုင်ယာကြိုးဖြင့် တွဲလျားနေရချိန်တို့၊ အနီးကပ်တိုက်ခိုက်ရချိန်တို့၊ အန္တရာယ်များလှတဲ့ အခန်းတွေကိုတောင်၊ ခြွင်းချက်မထားဘဲ သူမကိုယ်တိုင်း ရိုက်ကူးတတ်လေတယ်။

သူမက သရုပ်ဆောင်အရည်ချင်းရှိပြီး ခက်ခဲပင်ပန်းမှုတွေကိုလည်း တောင့်ခံနိုက်လေတယ်။ ဒါရိုက်တာဆို သူမအား အမြဲချီးကျူးလာတတ်လေတယ်။

အဲဒီနေ့၌၊ သူမက ဒုတိယဇာတ်လိုက်မနဲ့ ရိုက်ကူးရမယ့်အခန်းရှိလေတယ်။

ဒုတိယဇာတ်လိုက်က အခုချိန်၌ ကျော်ကြားတဲ့ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် သတ်မှတ်လို့ရလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now