အပိုင်း(၁၈)

1.5K 153 0
                                    

အပိုင်း(၁၈)

    လုမူရှန်းက လက်ဆီးဆုပ်ထားလိုက်တယ်၊ အတန်းထဲကထွက်လာပြီး၊ ဆုန်ရန့်အတန်းဆီ လျှောက်ထွက်လာလေတော့သည်။

    သူ့စိတ်ထဲ တစ်ခုတည်းကိုပဲ တွေးတောနေရင်း၊ မြန်မြန်လျှောက်လာလေတယ်။

    အချင်းချင်း ရက်နည်းနည်းလောက် မတွေ့ဖြစ်တဲ့နောက်မှာ၊ သူမ အခြားတစ်ယောက်နဲ့ ချစ်ကြိုက်သွားတာက တကယ်ပဲလားလို့ သူမေးချင်နေလေတယ်။

    ဒါပေမဲ့ သူ့ကိုပဲ အမြဲသဘောကျနေပါ့မယ်လို့ သူမပြောထားတယ် မဟုတ်ဘူးလား? သူ့ကို အမြဲစောင့်နေပါ့မယ်လို့ သူမပြောထားတာ မဟုတ်ဘူးလား?

    လုမူရှန်းမှာ ယောင်ယက်ခတ်နေပြီး၊ တစ်ခါမှမဖြစ်လာဖူးတဲ့ တုန်လှုပ်ခြောက်‌ခြားနေတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာလေတော့တယ်။ ဆုန်ရန်က ငါတို့ပြီးပြီတို့ ပြောခဲ့ချိန်တုန်းကတောင် ဒီလိုခံစားချက်မျိုး မရလာခဲ့လေဘူး။ 

    ပြီးသွားပြီလို့ ဆုန်ရန်ပြောလာချိန်တုန်းက သူမစိတ်တိုလို့ ပြောခဲ့တာ ဖြစ်မှာပါလို့တွေးပြီး၊ ဘာပဲဖြစ်ဖြစ်၊ သူ့မှာ အခွင့်အရေးရှိသေးတယ်လို့ ထင်နေခဲ့တာ။

    ဒါပေမဲ့ သူမသာ တကယ်ပဲ အခြားတစ်ယောက်နဲ့ တွဲသွားခဲ့ရင်၊ သူ့မှာ ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်လေဘူး။

    ထိုအချိန်ဆို၊ တကယ်ပဲ ပြီးပြတ်သွားတော့မှာ ဖြစ်လေသည်။

    တုန်လှုပ်ခြောက်ခြားတာအပြင်၊ သူ့ဒေါသကိုလည်း မထိန်းချုပ်နိုင် ဖြစ်နေလေတော့၏။

    ဆုန်ရန်က သူ့အရှေ့ကို ရင်သပ်ရှုမောရလောက်အောင် ပေါ်လာခဲ့ကာ၊ သူ့အားသဘောကျတယ်လို့ပြောပြီး သူ့နှလုံးသားကို ခိုးယူသွားခဲ့လေတယ်၊ ဒါပေမဲ့ နောင်တရနေတာမျိုးမရှိဘဲ သူမက လျှောက်ထွက်သွားကာ၊ ဘာစကားမှလည်းမပြောလာဘဲ အခြားတစ်ယောက်နဲ့ တွဲသွားလေသည်။

    ‌သူ့နှလုံးသားထဲ ထိတ်လန့်ကာ ဒေါသထွက်နေလေတော့တယ်၊ ဒီအချိန်၌ လုမူရှန်းမှာ ဆင်ခြင်တုံတရား မရှိလေတော့ဘဲ၊ သူသိတာဆိုလို့ ဆုန်ရန်နဲ့ အတူရှိနေချင်တယ်ဆိုတာပါပဲ။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now