အပိုင်း(၈၃)

303 25 0
                                    

အပိုင်း(၈၃)

ဆုန်ရန်ကို လုမူရှန်း video callခေါ်လာချိန်၊  ဆုန်ရန်က ဆေးရုံဝတ်စုံကိုဝတ်ပြီး ကုတင်ပေါ်မှာ လှဲနေလေတယ်။

Video callပေါ်လာတော့၊ ဆုန်ရန်မှာ သူမနှလုံးသား တုန်ယင်လာတဲ့အထိ လန့်ဖျပ်သွားရကာ၊ "အစ်မဟုန်! အစ်မဟုန်! အစ်မဟုန်!" လို့ အော်ဟစ်လိုက်လေတယ်။

အစ်မဟုန်က ပြတင်ပေါက်အနား ဖုန်းပြောနေလေတယ် ဆုန်ရန်အော်သံကိုကြားတော့ ဖုန်းမြန်မြန်ချပစ်လိုက်ပြီး ပြေးလာလေတယ်၊ "ဘာဖြစ်တာလဲ? ဘာဖြစ်လို့လဲ?!"

ဆုန်ရန်က လန့်ဖျပ်နေတဲ့အမူရာဖြင့် ဖုန်းကို လက်ညှိုးထိုးပြလာကာ၊ "လုကော! Video callခေါ်နေတယ်! ကျွန်မကို အဝတ်အစားမြန်မြန်ယူပေး!"

"လာပြီ! လာပြီ!" တန်ရှင်းက ဆုန်ရန့်အနွေးထည်ကိုကိုင်ပြီး ပြေးလာလေတယ်။

ဆုန်ရန့်အရိုးတွေက နာနေတုန်းပဲဆိုတော့ သူမက အနွေးထည်အကြာကြီး မဝတ်ထားနိုင်လေဘူး။ သူမက စိတ်လောနေတော့ ဖုန်းကို အစ်မဟုန်ဆီ ပစ်ပေးလိုက်ကာ၊ "အစ်မ ညီမအတွက် အပြင်ထွက်ပြီး ဖုန်းကိုင်ပေးထားဦး! ညီမ ညနေရိုက်ကူးရေးပြီးသွားရင် ဖုန်းခေါ်လိုက်မယ်လို့ သူ့ကိုပြောပေးပါဦး!"

အစ်မဟုန်က မျက်မှောင်ကြှုပ်ပြီး ပြောလာလေတယ်၊ "အဲ့လိုလုပ်ပြီး ဖုံးထားလို့ရမယ်မထင်နဲ့နော်။"

"အခုတော့ ဒီလိုလုပ်ထားရမှာပဲ!" ဆုန်ရန်က တိုက်တွန်းလိုက်ပါလေတယ်၊ "မြန်မြန်သွားတော့ ညီမဒဏ်ရာအကြောင်း မပြောလိုက်နဲ့ဦးနော်!"

အစ်မဟုန်က သူမဖုန်းကို မယူချင်ယူချင်ဖြင့် ယူကာ ထွက်လာလိုက်လေသည်။

ဖုန်းတစ်ဖက်မှာတော့၊ လုမူရှန်းက အကြာကြီးစောင့်လိုက်ရပြီးမှ တစ်ဖက်က ပြန်ဖြေဆိုလာပါလေတယ်။

ဒါပေမဲ့၊ သူစကားမပြောနိုင်ခင်၊ အစ်မဟုန်က ကင်မရာထဲ ပေါ်လာလေတယ်။ သူ့မှာ ခဏလောက် ကြောင်အမ်းသွားပြီး၊ မေးလာလိုက်တယ်: "ရန်ရန်ဘယ်မှာလဲ?"

အစ်မဟုန်က အပြုံးဖြင့် ပြောလာလေတယ်: "ရန်ရန်က ရိုက်ကူးရေးလုပ်နေတုန်းမို့ သူနောက်မှ ဖုန်းပြန်ဆက်လာလိမ့်မယ်။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now