အပိုင်း(၉၄)

277 20 0
                                    


အပိုင်း(၉၄)

ဆုန်ရန်ကို အောက်ထပ်ကို ပြေးဆင်းလာခဲ့လေတယ်။ ဒါကို လုမူရှန်းမြင်တော့ မျက်မှောင်ကြှုပ်လျက် သူမအနားလျှောက်လာလိုက်ကာ၊ "ဘာလို့ဆင်းလာတာလဲ? အခန်းထဲနားနေဖို့ ကိုယ်မပြောထားဘူးလား?"

ဆုန်ရန်က ဝတ်စုံဖြင့် အောက်ထပ်ဆင်းလာခဲ့တာဖြစ်လေတယ်။ သူမလက်တွေအေးစက်နေမှန်း သိလိုက်ရတော့ လုမူရှန်းမျက်နှာအမူရာက ပိုတောင်ဆိုးဝါးသွားလေတော့တယ်။ သူမလက်ကို တင်းတင်းဆုပ်ကိုင်ပေးထားပြီး သူမကိုဆူငေါက်ရင်း ဓာတ်လှေကားဆီ လျှောက်လာလေတယ်၊ "ဆုန်ရန်၊ မင်းကိုယ့်ကိုသေအောင် စိတ်ပူအောင်လုပ်နေတာပဲ။" 

ဓာ‌တ်လှေကားထဲ ဝင်လာပြီးတာနဲ့၊ လုမူရှန်းက သူ့အပေါ်ထည်ကိုချွတ်ကာ ဆုန်ရန်ကိုယ်ပေါ်ဝတ်ပေးလိုက်လေတယ်။

ဆုန်ရန်က သူ့ကိုပြုံးပြီးကြည့်လာလေတယ်၊ "ငါမအေးပါဘူး။ အထဲမှာ အပူပေးစက်ဖွင့်ပေးထားတဲ့ဟာကို။"

လုမူရှန်းက သူမကို စိုက်ကြည့်လာပြီး၊ "မင်းလက်တွေအေးစက်နေတာကို၊ မအေးဘူးလို့ပြောနေသေးတယ်ပေါ့?"

ဆုန်ရန်က တခစ်ခစ်ရယ်မောလိုက်ရင်း သူ့ကိုတင်းတင်းဖက်လာလိုက်လေတယ်၊ "လုကော၊ ကျန်းယီယီဒီရောက်နေတယ်လို့ ငါကြားထားတယ်၊ သူဘာလို့ရောက်လာတာလဲ? အန်ကယ်လေးနဲ့ အတူတူလာခဲ့တာလား?"

လုမူရှန်းက "အမ်"လို့ပြောလာလေတယ်။

ဆုန်ရန်မှာ အံ့ဩသွားရကာ၊ "သူတို့အဆင်ပြေသွားကြပြီလား?"

"ဖြစ်နိုင်လောက်တယ်။ ကိုယ်မမေးကြည့်လိုက်ရဘူး။"

"သူတို့သာ ပြန်အဆင်ပြေသွားကြပြီဆို၊ သတင်းကောင်းကြီးပဲနော်။" ဆုန်ရန်က ပျော်ပျော်ရွှင်ရွှင်ပြောလာလေတယ်။

လုမူရှန်းက ဓာတ်လှေကားကနေ ဆုန်ရန်ကို ဆွဲခေါ်လာရင်း၊ "အခု အခြားသူတွေအကြောင်း စိတ်ပူမနေနဲ့ဦး... မင်းလက်တွေအေးစက်နေတာပဲ။ အခန်းထဲကအပူပေးစက်ကို မဖွင့်ထားဘူးလား?" လုမူရှန်းက ဆုန်ရန့်လက်ကိုကိုင်ထားရင်း မျက်မှောင်ကြှုပ်လိုက်လေသည်။

"ဖွင့်ထားတယ်။"

လုမူရှန်းက ဆုန်ရန်ကို အခန်းထဲဆွဲခေါ်လာချိန်၊ သူငယ်ချင်းတွေ စကားပြောနေကြလေတယ်။ ဆုန်ရန်ကိုလက်ဆွဲပြီး ဝင်လာတာကိုမြင်တော့၊ သူတို့တွေက ကျီစယ်ပြုံးပြုံးလာကြလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now