အပိုင်း(၂၇)

926 97 1
                                    

အပိုင်း(၂၇)

  လုမူရှန်းက အနောက်ခြံဝန်းဘက်ကို ဆုန်ရန်အား ခေါ်လာခဲ့လိုက်လေ၏။

  အနောက်ခြံဝန်းထဲရောက်တော့၊ လုမူရှန်းတို့အိမ်က သူမထင်ထားတာထက်တောင် ကြီးမားနေတယ်ဆိုတာကို ဆုန်ရန် ရှာဖွေတွေ့ရှိလိုက်ရလေတယ်။ အစောတုန်းက သူမမြင်တွေ့ခဲ့တဲ့ ခြံဝန်းကလွဲပြီး၊ အနောက်မှာကျ နေရာလွတ်ကြီးတစ်ခု ရှိနေလေကာ၊ ပန်းပင်တွေရယ် သစ်ပင်တွေရယ်ကို စိုက်ပျိုးထားလေတော့၏။

  ရေကူးကန်အကြီးကြီးရှိနေကာ သောင်ပြင်ပေါ်မှာကျ အမှီကုလားထိုင်အနည်းငယ်ရှိနေပါတယ်။

  နေရောင်ခြည်ဖြာကျပေးနေလေတော့၊ တစ်ခြံဝန်းလုံးက အသက်ဝင်နေလေတော့တယ်။

  ဆုန်ရန်စိတ်ထဲ အံ့ဩသွားရကာ၊ သူမလက်ဖဝါးတွေက ချွေးတွေဖြင့် စိုချွဲလာလေတော့သည်။

  "မင်းဘယ်မှာထိုင်ချင်လဲ?" လုမူရှန်းက သူ့အရှေ့က သစ်ပင်အောက်ကခုံတန်းရှည်ကို လက်ညှိုးထိုးပြလာလေတယ်။

  အခု နေထွက်လာပြီးဆိုတော့၊ သစ်ပင်အောက်မှာထိုင်မယ်ဆိုရင်၊ အရိပ်ခိုနိုင်ပါလေတယ်။

  ဆုန်ရန်က ခေါင်းညိတ်ပြလိုက်ကာ၊ လုမူရှန်းဦးဆောင်မှုနောက်ကနေ လိုက်လာခဲ့လိုက်တယ်။

  ထိုင်ချလိုက်ပြီးနောက်၊ ဆုန်ရန်က လှည့်ပတ်ကြည့်လိုက်ရင်း၊ "လုမူရှန်း၊ နင့်အိမ်က တအားကြီးတာပဲ။"

  လုမူရှန်း: "ကိုယ့်အမေက ပန်းပင်သစ်ပင်တွေကို စိုက်ပျိုးရတာ သဘောကျတယ်လေ၊ ဒီတော့ ခြံဝန်းကျယ်နေရင်၊ သူမအတွက် အံကိုက်ဖြစ်သွားတာပေါ့။"

  ဆုန်ရန်က ခြံဝန်းထဲက စိမ်းစိမ်းစိုစိုတွေကိုကြည့်ကာ၊ သူမမှာ အနည်းငယ်အားကျမိလာလေတော့တယ်၊ "နင့်အမေက သက်တောင့်သက်သာနေနေရတာပဲ။"

  လုမူရှန်းက "မဆိုးပါဘူး၊ သူမက အလုပ်များတာများတော့၊ ဒီသစ်ပင်ပန်းမန်တွေကို သူမအလုပ်မရှုပ်ချိန်မှာ အပျော်‌အနေနဲ့ စိုက်ပျိုးထားတယ်လေ။"

  ဆုန်ရန်က ခဏလောက်တွေးလိုက်ပြီးနောက်၊ မေးလာလိုက်တယ်၊ "နင့်အမေက ဘာလုပ်တာလဲ?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now