အပိုင်း(၇၅)

271 26 0
                                    


အပိုင်း(၇၅)

လုယန်း ပြောပြီးသွားတော့၊ ကျန်းယီယီမှာ တောင့်ခဲသွားပြီး လုယန်းကို တအံ့တဩ ကြည့်လာလိုက်တယ်။

လင်းချီလည်း အံ့ဩသွားရပြီး လုယန်းကို ကြည့်လာလိုက်လေတယ်၊ နောက်တော့ ကျန်းယီယီကို အချိန်အတော်ကြာ စိုက်ကြည့်လာပြီးနောက်၊ မေးလာလိုက်တယ်၊ "ယီယီ၊ သူပြောတာက... အမှန်တွေလား? မင်းတို့နှစ်ယောက်..."

ကျန်းယီယီက လုယန်းဒေါသ‌ထွက်နေတယ်ဆိုတာကို ခံစားလို့ရနေလေတယ်။ သူဘာကြောင့် ဒေါသထွက်နေလဲဆိုတာကို သူမနားမလည်ပေမဲ့၊ လင်းချီအပေါ်ကိုပါ သက်ရောက်မှုရှိလာမှာ စိုးရိမ်တာကြောင့်၊ ဒီလိုပြောလာလိုက်လေတယ်: "လင်းချီ၊ အရင်ပြန်သွားလိုက်နော်။ ငါ့ကိုလိုက်ပို့ပေးလို့ ကျေးဇူးပဲ။"

ကျန်းယီယီပြောတာကိုကြားတော့ လုယန်းမှာ အနည်းငယ် လန့်ဖျပ်သွားလေတော့၏။

သူက ခေါင်းငုံ့ပြီး သူမအား စူးစူးနစ်နစ်စိုက်ကြည့်လာလေတယ်။ 

ကျန်းယီယီပြောတာကိုကြားတော့ လင်းချီမှာ အနည်းငယ် စိတ်ပူပန်လာလေတယ်၊ "မင်းကိုတစ်ယောက်တည်းထားခဲ့လို့ အဆင်ပြေပါ့မလား?"

ကျန်းယီယီက ခေါင်းခါပြပြီး၊ "ဘာမှမဖြစိပါဘူး။"

လင်းချီက ခဏလောက် ချီတုံ့ချချီဖြစ်နေပြီးနောက် လုယန်းကို သတိထားလျက် ကြည့်လာလေတယ်၊ နောက်တော့ လှည့်ထွက်လာလိုက်လေသည်။

အခန်းတံခါးလည်းပိတ်သွားတော့၊ ကျန်းယီယီနဲ့ လုယန်းတို့သာ အခန်းထဲ ကျန်ရစ်ခဲ့ကြလေသည်။

လုယန်းက ကျန်းယီယီ့လက်ကောက်ဝတ်ကို ဆွဲကိုင်ထားတုန်းပဲ။ ကျန်းယီယီယက နှစ်ကြိမ်လောက် ခါထုတ်ကြည့်လိုက်လေပြီး သူမ မရုန်းကန်နိုင်ဘူးဆိုကြောင်း ရှာတွေ့လိုက်ရလေတယ်။ သူမက မျက်မှောင်ကြှုပ်ကာ သူ့ကိုမော့ကြည့်လာလေတယ်၊ "လုယန်း၊ နင်ဘာဖြစ်နေတာလဲ?"

လုယန်းက သူမကို အသေအချာစိုက်ကြည့်နေရင်း အသံတိုးတိုးလေးဖြင့် မေးလာလေတယ်: "မင်းနဲ့လင်းချီကြားကသတင်းက အမှန်တွေလား?"

ကျန်းယီယီက သူ့ကိုကြည့်ပြီး လှောင်ပြောင်လိုက်ပါလေတယ်၊ "မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ၊ ရှင်နဲ့ ဘာမှမဆိုင်ဘူးမလား?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now