အပိုင်း(၉၃)

262 24 0
                                    


အပိုင်း(၉၃)

လုမူရှန်းက ကော်ဖီဆိုင်ထဲကနေ ဆုန်ရန်ကို ဆွဲခေါ်လာခဲ့လိုက်လေတယ်။ သူက လမ်းမြန်မြန်လျှောက်နေတော့ ဆုန်ရန်မှာ အမှီမလိုက်နိုင်တော့ဘူး။ သူမက ဆွဲခေါ်ခံလာရတော့ အော်လာပါလေတယ်၊ "ဖြည်းဖြည်း၊ ဖြည်းဖြည်း!"

လုမူရှန်း; "..."

"လုမူရှန်း၊ ‌ဖြည်းဖြည်းလို့၊ ငါလဲတော့မှာနော်!" သူမ ပြောတာကို လုမူရှန်းနားမထောင်ပေးတာကြောင့် ဆုန်ရန်မှာ နည်းနည်းစိတ်တိုလာလေတော့တယ်။

ဆုန်ရန်ရဲ့ဒေါသထွက်သံကိုကြားတော့မှ လုမူရှန်းက လမ်းလျှောက်နေတာရပ်ပစ်လိုက်လေတယ်။

ဆုန်ရန်က ဒေါသတကြီး မျက်စောင်းထိုးကြည့်လာကာ၊ "နင်ဘာတွေသဝန်တိုနေတာလဲ?"

လုမူရှန်းက စူပုပ်ပုပ်မျက်နှာဖြင့်ပြန်‌ေဲလာလေတယ်၊ "သူမင်းလက်ကိုကိုင်သွားတယ်!"

"လက်ကိုင်တာဘာဖြစ်လို့လဲ? ငါ ရိုက်ကူးရေးလုပ်ချိန်တုန်းက လက်ကိုင်ရတာပဲလေ၊ အဲ့တုန်းကကျ နင်သဝန်တိုတာကို ငါဘာလို့မမြင်ခဲ့ရတာလဲ??"

"ချင်းဖန်ကမတူဘူး။"

"ဘယ်လိုမတူတာလဲ?"

"သူကမင်းကိုသဘောကျနေပြီး မင်းတို့ချင်းတွဲမိတော့မလို့လေ။"

ဆုန်ရန်မှာကြောင်အမ်းသွားပြီး၊ "ငါတို့ဘယ်တုန်းကတွဲမိတော့မလို့လဲ?"

လုမူရှန်းက သူမကို မင်းသိပါတယ်ဆိုတဲ့အမူရာမျိုးဖြင့် မျက်‌လုံးမှေးလျက်ကြည့်လာလေတယ်။

ဆုန်ရန်လည်း ချက်ချင်းမှတ်မိလာကာ: "ဘုရားရေ၊ အဲ့တာနင့်ကိုလိမ်ခဲ့တာလေ! အဲ့တုန်းက ငါ့ကိုရှောင်ဖယ်ဖို့ နင့်ကိုဘယ်သူကပြောခဲ့လို့လဲ?"

လုမူရှန်း: "..."

ဆုန်ရန်က လုမူရှန်းကိုဆွဲကာ ရယ်မောလိုက်လေတော့တယ်။ သူ့ကိုကြည့်ပြီး၊ "တို့ကောကော၊ သဝန်တို‌နေတာရပ်ပေးလို့ရမလား? ငါနဲ့ချင်းဖန်တို့တွဲသွားဖို့က ဖြစ်နိုင်လို့လား?"

"မဖြစ်နိုင်ဘူးဆိုပေမဲ့၊ မင်းတို့အတူတူရှိ‌မနေစေချင်ဘူး။" လုမူရှန်းက ကလေးတစ်ယောက်လို ပြုမူလာလေတော့တယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Wo Geschichten leben. Entdecke jetzt