အပိုင်း(၈၁)

347 38 0
                                    

အပိုင်း(၈၁)

ဆုန်ရန်က မနေ့ညတုန်းက နောက်ကျတဲ့အထိ အလုပ်လုပ်လိုက်တော့ စားပွဲပေါ်မှာ မှောက်ပြီး အိပ်ပျော်သွားပါလေတယ်။

မနက်ခင်းနိုးလာချိန်၊ သူမဖုန်းကိုဖွင့်ပြီး အချိန်စစ်ကြည့်လိုက်တော့မှ ဖုန်းအားကုန်သွားပြီးဖြစ်ကြောင်း သဘောပေါက်လိုက်လေတယ်။

သူမက မျက်လုံးတွေမှိတ်ကာ သမ်းလိုက်လေတယ်၊ အကြောဆန့်လိုက်ပြီး၊ ဖုန်းကိုကုတင်ဘေးယူလာပြီး အားသွင်းလိုက်တယ်၊ နောက်တော့ အိပ်ချင်မူးတူးနဲ့ ဆေးကြောသန့်စင်ဖို့ ရေချိုးခန်းထဲ ဝင်လာလိုက်လေတယ်။

ရေခပ်၊ သွားတိုက်ဆေးညှစ်ထည့်ပြီးတာနဲ့ သွားတိုက်လိုက်လေတယ်။

သူမ သွားတိုက်နေချိန်၊ သူမစိတ်က ဒယီးဒယိုင်ဖြစ်နေပြီး၊ လုံးလုံးမနိုးသေးဘူးဆိုပေမဲ့၊ သူမတစ်ခုခုကို မေ့နေတယ်ဆိုတာကိုတော့ ဝိုးတိုးဝါးတား သတိရနေလေတယ်။

ဘာပါလိမ့်...

သူမက ရေးတေ‌းတေး တွေ‌း‌နေလေတယ်...

မိနစ်ဝက်ကြာမှ၊ သူမစိတ်ထဲ အတွေးတစ်ခု ဖြတ်ပေါ်လာကာ၊ သူမမျက်လုံးတွေ ပြူးကျယ်လာပြီး၊ သွားတိုက်တံကိုချထားကာ၊ ပလုတ်ကျင်းပြီး၊ ရေချိုးခန်းထဲကနေ ပြေးထွက်လာလိုက်တယ်။

ဖုန်းကိုကိုင်ပြီး လုမူရှန်းကို မြန်မြန်ဖုန်းခေါ်လိုက်လေတယ်။

အလိုက်တာနော်!

မနေ့တုန်းက သူမက ပင်ပွန်းလွန်းလို့ အိပ်ပျော်သွားတာ လုမူရှန်းအကြောင်းတောင် မေ့သွားရတယ်တဲ့!

ဆုန်ရန်ကို အားသွင်းကြိုးကိုဖြုတ်ပြီး ဖုန်းခေါ်နေလေတယ်၊ ဒါပေမဲ့ တစ်ဖက်ကနေ လုကောရဲ့ ပုံမှန်နဲ့မတူတဲ့  "ဟယ်လို" ဆိုတဲ့အသံ ထွက်ပေါ်လာလေတယ်။

လုမူရှန်းအသံကို ဆုန်ရန်ကြားတော့၊ သူမရင်ထဲ ခါးသက်သွားလေတော့တယ်: သူ တကယ်ကြီးစိတ်တိုနေပြီဟ။

သူမက ကုတင်ပေါ်ထိုင်ကာ ဖုန်းကိုကြည့်ပြီး၊ ချိုသာချစ်စဖွယ်ကောင်းတဲ့အသံဖြင့်၊ "လုကော၊ နိုးပြီလား?"

ဖုန်းတစ်ဖက်မှာတော့၊ လုမူရှန်းက ထမင်းစားစားပွဲမှာ ထိုင်ပြီး မနက်စာစားနေချိန် ဆုန်ရန်ရဲ့ချွဲနွဲ့သံလေးကိုကြားတော့၊ သူ့နှုတ်ခမ်းထောင့်တွေ ကွေးသွားရလေတယ်၊ ဒါပေမဲ့ သူက မပျော်မရွှင် နှာမှုတ်လိုက်ပြီး၊ "မင်း ကိုယ့်ကို ဂရုစိုက်သေးတယ်ပေါ့လေ?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now