အပိုင်း(၉၇)

376 27 0
                                    


အပိုင်း(၉၇)

ဆုန်ရန်က ပြတင်းပေါက်နားမှာ အချိန်အတော်ကြာရပ်နေလေတယ်၊ လုမူရှန်းက ဖုန်းထုတ်ပြီး သူမကို လှမ်းခေါ်လာပါလေသည်။

ဆုန်ရန်က ဖုန်းကိုလက်ထဲကိုင်ထားတော့ ဖုန်းမြည်လာတာနဲ့ ချက်ချင်းဖြေဆိုလိုက်ပါလေသည်။ သူမ စကားစမပြောနိုင်ခင်၊ လုမူရှန်းရဲ့လေးနက်တည်ကြည်နေတဲ့အသံ ထွက်ပေါ်လာပါလေတယ်: "အထဲဝင်တော့၊ အအေးမိနေဦးမယ်။"

ဒါကိုကြားတော့၊ ဆုန်ရန့်ရင်ထဲ နွေးထွေးလာလေတော့သည်။ သူမက၊ "အောက်မှာအေးတယ်။ အပေါ်တက်လာခဲ့လိုက်။"

နှစ်မိ‌နစ်ကြာတော့၊ လုမူရှန်းက အပြင်ကနေ ညင်ညင်သာသာ တံခါးခေါက်လာလေတယ်။

ဆုန်ရန်က သွားတိုက်ပြီးတာနဲ့ သူ့အတွက် တံခါးပြေးဖွင့်ပေးလိုက်လေတယ်။

တံခါးပွင့်သွားတာနဲ့၊ ဆုန်ရန် လုမူရှန်းလက်ကိုလှမ်းဆွဲလိုက်လေတယ်၊ သူ့လက်တွေကအေးစက်နေပါလေတယ်။

ဆုန်ရန်က မျက်မှောင်ကြှုပ်ကာ စိတ်မကောင်းဖြစ်သွားရပြီး သူ့ကိုအိမ်ထဲ ဆွဲခေါ်လာလိုက်လေသည်။ "နင်ရူးနေတာလား? ဒီလိုရာသီဥတုအေးနေတာကို အပြင်မှာရပ်စောင့်နေရတယ်လို့။"

သူမက ထပ်မေးလိုက်ပါလေတယ်၊ "ရောက်နေတာဘယ်လောက်ကြာပြီလဲ?"

"နည်းနည်းကြာပြီ၊" လုမူရှန်းက ပြန်ဖြေပေးလာလေတယ်။

"ဘာလို့ငါ့ကိုဖုန်းမဆက်လိုက်တာလဲ?" ဆုန်ရန်က လုမူရှန်းလက်တွေကို ပွတ်ပေးလိုက်ကာ၊ "အိမ်မှာအပူပေးစက်တပ်မထားတော့၊ ခဏနေမှနွေးလာလိမ့်မယ်။"

ဆုန်ရန်ငှားထားတဲ့အိမ်က လုမူရှန်းအိမ်လို အပူပေးစက်တပ်မထားလေဘူး၊ ဒါကြောင့် ဆုန်ရန်က အိမ်အသစ်မှာတော့ သူမအဖေအတွက် တစ်ခုတပ်ဆင်ပေးထားဖို့ စီစဉ်ထားပါလေတယ်။

ဆုန်ရန်က လုမူရှန်းကို ဆိုဖာနားဆွဲခေါ်လာပြီး၊ ‌ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ကာ၊ သူ့အတွက် လျှပ်စစ်မီးပူဖွင့်ပေးလိုက်လေတယ်။

နောက်တော့၊ သူ့လက်တွေကို မီးပူအနား ထားထားလိုက်လေ၏။

လျှပ်စစ်မီးပူကို အမြင့်ဆုံးဖွင့်ထားတော့၊ ဘေးပတ်ပတ်လည်ကို အပူတွေမြန်မြန်ဖြည့်ပေးလာလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Wo Geschichten leben. Entdecke jetzt