အပိုင်း(၆၃)

391 30 0
                                    

အပိုင်း(၆၃)

ဆုန်ရန်နဲ့လုမူရှန်းက နှင်းထဲမှာ တစ်နာရီကျော်ကြာ ကစားခဲ့ပြီး နှင်းလူရုပ်လေး လုပ်ခဲ့ကြလေ၏။ နောက်တော့ တောင်ပေါ် တစ်နာရီလောက်လျှောက်သွားမယ်ဆိုရင် ရှန်းချွမ်ဘုရားကျောင်းကို ရောက်နိုင်တယ်ဆိုကြောင်း တစ်ယောက်ယောက်ပြောလာသံကို ကြားမိလိုက်လေတယ်။ ဘုရားကျောင်းအနောက်ဘက်မှာ ရေပူစမ်းရှိပြီး တောင်ကျရေဖြင့် ဆုတောင်းလိုက်ရင် အကျိုးသက်ရောက်မှုရှိတယ်ဆိုကြောင်းလည်း ပြောနေကြလေတယ်။

လုမူရှန်းက ဒါတွေကို သိပ်မယုံကြည်လှပေမဲ့၊ ဆုန်ရန်ကတော့ ထိုအကြောင်းကြားပြီး စိတ်အားတက်ကြွလာကာ လုမူရှန်းကို ဘုရားကျောင်းဆီ ဆွဲခေါ်လာလေတော့၏။

လုမူရှန်းက သူမကိုမှီခိုလိုက်ရတာပေါ့။

ဒါပေမဲ့ တောင်တက်လမ်းတွေက တက်ရမလွယ်ကူလှလေဘူး၊ နှင်းထဲ နာရီဝက်လောက် လျှောက်လာပြီးနောက်၊ ဆုန်ရန်မှာ မောပန်းလာလေတော့သည်။ သူမက လုမူရှန်းလက်မောင်းကို မှီတွယ်လာပြီး သူ့အား သနားကမား ကြည့်လာလေတော့တယ်၊ "လုကော၊ ငါဆက်မသွားချင်တော့ဘူး။"

လုမူရှန်းက ပြုံးပြီး သူမခေါင်းလေးကို ထိလာလိုက်ကာ၊ "ဒီအထိတောင်ရောက်နေပြီပဲ၊ ကိုယ်တို့ နာရီဝက်လောက် ထပ်လျှောက်လိုက်ရင် ရောက်တော့မှာလေ။"

ဆုန်ရန်က နှုတ်ခမ်းစူလိုက်ပြီး မကျေမနပ်ဖြစ်စွာ ပြောလာလေတယ်၊ "ငါဆက်ပြီးမလျှောက်နိုင်တော့ဘူးလို့။"

လုမူရှန်းက ပြုံး၍ ရှေ့တိုးလိုက်ကာ၊ သူမရှေ့ ငုတ်တုတ်ထိုင်ချလိုက်ပြီး၊ "တက်လာလိုက်၊ ကိုယ်မင်းကိုကုန်းပိုးသွားမယ်။"

ဒါကို ဆုန်ရန်မြင်တော့၊ သူမက တခစ်ခစ်ရယ်မောလိုက်ပြီး သူ့နောက်ကျောပေါ်သို့ ပျော်ပျော်ရွှင်ရွှင် ခုန်တက်လိုက်ပါလေတယ်။ 

"တင်းတင်းဖက်ထားနော်"

"အင်းပါ!" ဆုန်ရန်က လုမူရှန်းလည်ပင်းကို တင်းတင်းဖက်ထားလိုက်ပြီး တခစ်ခစ်ရယ်မောလိုက်လေတယ်၊ "ကောင်လေးရှိတာ ကောင်းလိုက်တာနော်။"

လုမူရှန်းက ပြုံး၍ ဂုဏ်ယူတကြီး ပြောလာပါလေတယ်: "မင်းကိုအများကြီးချစ်ပေးမယ့်သူဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိတာလေ။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now