အပိုင်း(၆၉)

354 32 0
                                    


အပိုင်း(၆၉)

ဆုန်ရန်က ခွင့်ရက်ယူထားတော့ ဒီနှစ်ရက်အတွင်း ကျောင်းသွားစရာမလိုလေဘူး၊ ဒီတော့ စားသောက်ဆိုင်ကနေ ထွက်လာပြီးတာနဲ့ လုမူရှန်းက ဆုန်ရန်ကို အိမ်ပြန်လိုက်ပို့ပေးလိုက်မလို့။

ဆုန်ရန်က သူ့လက်ကိုဆွဲကာ မော့ကြည့်လာပြီး၊ "ငါ အိမ်မပြန်ချင်သေးဘူး၊ နင်နဲ့အတူ ကျောင်းလိုက်ခဲ့လို့ကမလား။"

"ကိုယ်တို့ကျောင်းကိုလား?" လုမူရှန်းက မေးလိုက်လေတယ်။

ဆုန်ရန်က ခေါင်းညိတ်ပြပြီး၊ "အင်း၊ ငါ နင်တို့အတန်းကို အဖော်လိုက်ခဲ့ပေးမယ်လေ၊ ရလား?"

ဆုန်ရန်နဲ့လုမူရှန်းတို့ကျောင်းက မနီးလေတော့၊ နှစ်ဦးသားက တစ်ယောက်ကျောင်းကို တစ်ယောက် မကြာမကြာမရောက်ဖြစ်ကြပါဘူး။

ကိုယ့်ကိစ္စနဲ့ကို အလုပ်များနေတတ်တော့၊ များသောအားဖြင့် အိမ်မှာနေရင်နေ မနေရင် လမ်းပေါ်မှာ ရှိတတ်ကြလေတယ်။

ဆုန်ရန်က ပြုံးပြလိုက်ကာ၊ "ငါက အရမ်းချောလွန်းနေလို့၊ နင့်ကိုမျက်နှာသာပေးလို့ရတယ်လေ။"

လုမူရှန်းလည်း မထိန်းနိုင်ဘဲ ပြုံးရယ်လိုက်ကာ၊ ဆုန်ရန့်ခေါင်းလေးကိုထိပြီး ပြောလိုက်လေတယ်၊ "ရန်ရန်က ငကြွားလေးပဲ။"

ဆုန်ရန်က ဘဝင်ခိုက်စွာ မေးမော့လာလိုက်ပြီး၊ သူ့ကို မေးလိုက်ပါတယ်၊ "ငါက မ‌လှလို့လား?"

"အရမ်းလှတယ်။" လုမူရှန်းက ဆုန်ရန်အား ချစ်မြတ်နိုးတဲ့အကြည့်ဖြင့် ကြည့်နေလေတယ်၊ သူ့အကြည့်တွေက ရေလျှံကျနေတဲ့အတိုင်း ငြင်သာလွန်းလှလေတယ်။

...

လုမူရှန်းက မနက်ပိုင်းမှာ အတန်းချိန်တွေရှိလေတယ်၊ သူကျောင်းရောက်သွားချိန်၊ အတန်းစဖို့ မိနစ်နှစ်ဆယ်လောက်သာ လိုတော့လေသည်။

လုမူရှန်းလည်း ကျောင်းဆောင်ဆီ ဆုန်ရန်အား ခေါ်လာခဲ့လိုက်လေသည်။

ကျောင်းထဲ ဆုန်ရန်စဝင်လိုက်တာနဲ့၊ ဆုန်ရန်က လုမူရှန်းလက်မောင်းကို တစ်ချိန်လုံးတွဲထားလေတော့တယ်။ လုမးရှန်းမှာ ရယ်ချင်နေပြီး သူမအား မေးလိုက်လေတယ်၊ "ဘာလို့တင်းတင်းဖက်ထားရတာလဲ? ကိုယ်ထွက်မပြေးပါဘူးကွာ။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Où les histoires vivent. Découvrez maintenant