အပိုင်း(၉၂)

281 25 0
                                    

အပိုင်း(၉၂)

ရေချိုးခန်းထဲ ရေငွေ့ရိုက်နေလေတယ်။

ဆုန်ရန်က လုမူရှန်းအင်္ကျီကြယ်သီးအားလုံးကို ဖြုတ်ပြီးသွားတော့၊ အင်္ကျီကိုချွတ်ကာ ဘေးကိုဖယ်ထားလိုက်လေသည်။

သူ့ရင်ဘတ်နဲ့ဗိုက်ကြွက်သားတွေကို အပိုအလိုမရှိအောင် လေ့ကျင့်ခန်းလုပ်ထားလေတော့၊ ဆုန်ရန်မှာ ဒီခန္ဓာကိုယ်အပေါ် စွဲလမ်းနေရလေတော့သည်။

သူမက လက်ချောင်းလေးဖြင့် လုမူရှန်းရင်ဘတ်ကို ထိုးဆွလိုက်လေတယ်၊ နောက်တော့ မနေနိုင်ဘဲ ရယ်မောမိလိုက်တယ်။

လုမူရှန်းက သူမလက်ကို ရုတ်တရက်ကြီး ထိန်းကိုင်လာပါတယ်။ သူမမှာ မှင်သက်သွားပြီး ခေါင်းမော့ကြည့်လာလိုက်တယ်။

လုမူရှန်းက သူမအား စူးစူးနစ်နစ်စိုက်ကြည့်နေပြီး သူမလက်တွေကို သူ့ကိုယ်အောက်ပိုင်းဆီ ဆွဲကိုင်လာပါလေတယ်။ နောက်ဆုံးတော့၊ သူမလက်ကို သူ့ဘောင်းဘီခါးပတ်ပေါ် တင်ပေးလိုက်ပြီး အောရှရှအသံဖြင့် ပြောလာလေတယ်: "ဘောင်းဘီချွတ်လိုက်။"

ဒီစကားတွေကိုကြားတော့၊ ဆုန်ရန့်မျက်နှာက နီမြန်းသွားရလေတယ်။ သူမက လုမူရှန်းကိုယ်အောက်ပိုင်းကို အလိုလိုလှမ်းငုံ့ကြည့်မိလိုက်ပါတယ်။

ဘောင်းဘီကိုဖြတ်ပြီးတောင် သူ့ကိုယ်အပူချိန်ကို ခံစားလို့ရနေသလိုမျိုးပေါ့။

ဆုန်ရန်မှာ အနည်းငယ် ရှက်ရွံ့လာပြီး သူမလက်ကို ပြန်ရုတ်သိမ်းလိုက်ချင်လေတယ်၊ ဒါပေမဲ့ လုမူရှန်းက သူမလက်ကို တင်းတင်းဖိကိုင်ထားပြီး မျက်ခုံးပင့်ကာ၊ "မင်းပဲကိုယ့်အဝတ်စားတွေကို ချွတ်ကူချင်တာမဟုတ်ဘူးလား?"

"နင့်အဝတ်စားတွေကို ချွတ်ပေးပြီးပြီလေ..." ဆုန်ရန်က ရှက်သွေးဖြာနေတဲ့မျက်နှာဖြင့်၊ "ဘောင်းဘီကို...ဘောင်းဘီကိုတော့ ကိုယ့်ဘာသာချွတ်လိုက်လေ..."

"ရန်ရန်က ဒီကိုရောက်နေပြီပဲကို၊ ကိုယ့်ကိုရှောင်ဖယ်ချင်နေတုန်းလား?"

"ဘယ်သူက... ဘယ်သူကရှောင်ဖယ်ရှောင်ဖယ်လုပ်နေလို့လဲ..."

"ဒါဆို ချွတ်လိုက်လေ။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now