အပိုင်း(၈၅)

500 38 0
                                    


အပိုင်း(၈၅)

ဟိုတယ်အပြင်ဘက်၌။

အစ်မဟုန်နဲ့ လက်ထောက်တန်ရှင်းတို့က သူတို့မြင်ခဲ့ရတဲ့မြင်ကွင်းကနေ သတိပြန်မဝင်နိုင်ကြသေးလေဘူး။ သူတို့က ဟိုတယ်ရှေ့ရပ်ကာ အချင်းချင်း စိုက်ကြည့်လိုက်ကြလေတယ်။

အချိန်ဘယ်လောက်ကြာသွားလဲတော့ မသိလေဘူး၊ အစ်မဟုန်က သတိထားလျက် ပြောလာလေတယ်၊ "အင်း...ငါအစောကမြင်လိုက်တာက..."

တန်ရှင်းက ခေါင်းခါပြပြီး "သေချာပေါက်... မဖြစ်နိုင်ပါဘူး..."

အစ်မဟုန်မှာ ပိုတောင် အံ့အားသင့်နေပြီး မေးလာလေတယ်၊ "သူတို့ဟိုဟာလုပ်နေကြတာများလား?"

"ဖြစ်နိုင်တဲ့ပုံပဲ..." တန်ရှင်းလည်း ခေါင်းညိတ်လာလိုက်လေတယ်။

အစ်မဟုန်: "..."

စက္ကန့်အနည်းငယ်ကြာတော့၊ အစ်မဟုန်က သတိပြန်ဝင်လာကာ သူမနဖူးကို ရိုက်ချလိုက်ပါလေတယ်၊ "အပြစ်ကြီးကျူးလွန်မိတာပဲ! ငါတို့တွေ စုံတွေတွေရဲ့ပိုင်နက်ကို နှောက်ယှက်မိသွားတယ်အေ!"

တန်ရှင်းလည်းသတိပြန်ဝင်လာကာ ရှေ့တိုးလိုက်လေတယ်။ စက္ကန့်တစ်ခုကြာတော့၊ သူမက အစ်မဟုန်လက်ကို ဆွဲကိုင်လိုက်ပြီး၊ သူမမျက်လုံးတွေက လင်းလက်နေကာ၊ စိတ်လှုပ်တရှားပြောလာလေတယ်: "ရန်ရန့်ကောင်လေးက ပုံထဲကထက်တောင် ပိုချောတယ်ဟ! သူ့မှာ ခန္ဓာကိုယ်အမိုက်စားကြီးလည်းရှိနေသေးတယ်!"

အစ်မဟုန်က တန်ရှင်းနောက်ကျောကို ပုတ်ပေးလာပြီး၊ "ရပ်လိုက်တော့! အဲ့တာ ရန်ရန့်ကောင်လေးလေ!"

တန်ရှင်းက တခစ်ခစ်ရယ်မောလိုက်ပြီး၊ "ကျွန်မက ဒီအတိုင်း အရူးအမူးဖြစ်ရုံတင်ပါ၊ အခြားအဓိပ္ပာယ်မပါပါဘူး!"

သူမက လက်အုပ်ချီကာ ကောင်းကင်ကို မျှော်လင့်တကြီးကြည့်လာပြီး၊ "ဒါပေမဲ့ ကျွန်မပြောချင်သေးတုန်းပဲ၊ သူက တကယ်ချောတာနော်! ပြီးတော့ ထိပ်ဆုံးကျောင်းသားလည်း ဖြစ်နေသေးတယ်။ ဒီလို အမျိုးသားမျိုးကို အကောင်းဆုံးလို့ ပြောလို့ရတယ်။"

အစ်မဟုန်က သူမကိုကြည့်ပြီး ခေါင်းကိုပုတ်ပေးလိုက်ကာ၊ "သူဘယ်လောက်ပဲကောင်းနေပါစေ၊ သူ့မှာပိုင်ရှင်ရှိနေပြီလေ။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now