အပိုင်း(၈၉)

269 25 0
                                    

အပိုင်း(၈၉)

ဆုန်ရန်နဲ့ လုမူရှန်းက မတိုးသာမဆုတ်သာအခြေနေထဲ ရောက်နေကြလေတယ်၊ လုမူရှန်းကလည်း သူ့ဘောင်းဘီကိုပေးဖို့ ငြင်းဆန်နေတုန်း။ 

ဆုန်ရန်က မပျော်မရွှင်နှုတ်ခမ်းကိုက်ပြီး၊ "မပေးချင်လည်း ‌မပေးနဲ့ပေါ့! နောက်တစ်ခါကျ နင့်အဝတ်စားတွေ လျှော်ဖွပ်ပေးဖို့ စဉ်းကိုမစဉ်းစားလိုက်နဲ့!"

ပြောပြီးတာနဲ့၊ အဝတ်ခြင်းကို ကောက်မ,ကာ လုမူရှန်းရဲ့အဝတ်တွေကို ထုတ်ယူလိုက်ပြီး ကုတင်ပေါ် စိတ်ဆိုးတကြီး ပစ်တင်လိုက်ပါလေတယ်။

ဆုန်ရန်က အဝတ်ခြင်းတောင်ကို မ,ပြီး ထွက်သွားချိန်၊ လုမူရှန်းကတော့ ကြောင်အအကြီး ရပ်ကျန်နေခဲ့လေတယ်၊ ဆုန်ရန်ပစ်ပေါက်သွားတဲ့ သူ့အဝတ်စားတွေကို ကြည့်နေရင်း သူ့မှာ ကူရာမဲ့ကာ ရယ်ချင်လာလေတော့တယ်။

သူမက လူကြီးတစ်ယောက်ဖြစ်လာပြီဆိုပေမဲ့၊ သူမစိတ်နေသဘောထားကတော့ နှစ်တွေကြာသွားတာတောင် မပြောင်းလဲသွားလေဘဲ၊ မိန်းမငယ်လေးတစ်ယောက်အတိုင်း ရှိနေတုန်းပဲ။

လုမူရှန်းက သူ့ဘောင်းဘီအိတ်ကပ်ကိုကိုင်ပြီး အထဲကပစ္စည်းကို ထုတ်ယူလိုက်တော့မယ့်အချိန် တစ်ခုခုမူမမှန်တာကို သတိထားမိလိုက်လေတယ်။

သူက ခေါင်းလှည့်ကြည့်ကြည့်လိုက်တော့ ဆုန်ရန်က တံခါးကနေ ခေါင်းတိုးဝင်လာကာ သူ့အား ချောင်းကြည့်နေပါလေတယ်၊ သူမမျက်ဝန်းလေးက ဉာဏ်နီဉာဏ်နက်များတဲ့မြေခွေးပေါက်လေးလိုမျိုး တောက်ပနေလေတယ်။

လုမူရှန်းက မျက်ခုံးပင့်ပြီး သူမကို ကြည့်လိုက်လေတယ်။

ချောင်းကြည့်နေတာကို လူမိသွားတော့ ဆုန်ရန်က မဲ့ပြုံးပြုံးပြလာပြီး၊ "မကြည့်နဲ့ဆို မကြည့်ဘူးပေါ့၊ အဲ့လောက် ကပ်စေးကုပ်နေစရာမလိုပါဘူး!"

ပြောပြီးတာနဲ့၊ စိတ်ဆိုးတကြီး လှည့်ထွက်သွားပါလေတယ်။

လုမူရှန်းက ဆုန်ရန့်ခြေသံကို နားထောင်နေပြီး သူမ ထွက်သွားပြီဖြစ်ကြောင်း သေချာအောင်အတည်ပြုပြီးမှ ဘောင်းဘီအိတ်ကပ်ထဲကဟာကို ထုတ်ယူလိုက်လေတယ်။ အဲ့တာက လက်ရာမြောက်တဲ့ နက်ပြာရောင်လက်စွပ်ဘူးလေးဖြစ်လေသည်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now