အပိုင်း(၇၁)

522 47 1
                                    


အပိုင်း(၇၁)

လုမူရှန်းလည်း စကားပြောပြီးသွားရော၊ စွန်းမုန့်မျက်နှာက ဓာတ်လိုက်ခံလိုက်ရတဲ့အတိုင်း ဖြူဖျော့သွားလေတော့တယ်၊  "နင်...နင်ဘာပြောလိုက်တာလဲ?"

လုမးရှန်းနှုတ်ခမ်းပေါ်က အပြုံးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး၊ သူ့အမူအရာလည်း ချက်ချင်း ပြောင်းလဲသွားလေတော့သည်။ သူ့တစ်ကိုယ်လုံးက လေအေးတွေ ထုတ်လွှင့်ပေးနေကာ၊ ဖိနှိပ်နိုင်စွမ်းတွေပါ ပါဝင်နေလေပြီး၊ သူ့အကြည့်ကလည်း အတော်လေး အေးစက်နေပါလေတယ်။

စွန်းမုန့်က သူ့မျက်ဝန်းတွေကိုကြည့်ပြီး ကြောက်လန့်တကြား နောက်ဆုတ်သွားလေတော့သည်။

အကြည့်တွေကသာ သတ်ဖြတ်ပေးနိုင်မယ်ဆိုရင်၊ လုမူရှန်းကြည့်လာတဲ့အကြည့်က သူမကို သတ်ဖြတ်နိုင်နေလောက်ပြီလို့ သူမခံစားနေရလေတော့သည်။ 

သူမမှာ ကြောက်လန့်လွန်းလို့ သူမလက်ဖဝါးတွေကလည်း ချွေးတွေ ချွဲစိုနေကာ၊ သူမအသံကလည်း တုန်ရီနေလေတော့တယ်၊ "နင်... နင်ဘာလုပ်ချင်တာလဲ..."

လုမူရှန်းက သူမကို အေးစက်စက် စိုက်ကြည့်နေရင်း တစ်လုံးချင်းစီ ပြောလာလေတယ်: "ရန်ရန်ဘယ်လိုလူမ‌ေိုးလဲဆိုတာ၊ ငါအသိဆုံးပဲ၊ ဒါပေမဲ့ မင်းက ငါ့ရှေ့လာပြီး အမှားအမှန်ရှုပ်ထွေးအောက်လာပြောရဲရအောင် ဘယ်ကသတ္တိရထားတာလဲ? ရန်ရန်ကို မှားယွင်းစွပ်စွဲခဲ့တုန်းက မင်း အပြစ်မကင်းသလို မခံစားခဲ့ရဘူးလား?"

"နင်... နင် ဘာမဟုတ်တာတွေ ပြောနေတာလဲ! ငါ... ငါက ဘယ်တုန်းက ဆုန်ရန်ကို စွပ်စွဲခဲ့လို့လဲ?!" စွန်းမုန့်က ပြန်လည်ချေပလာလေတယ်။

သူပြောတာကိုကြားတော့ လုမူရှန်းက မျက်မှောင်ကြှုပ်လိုက်မိလေသည်။

သူ့ရှေ့က ဒီရက်စက်ကြမ်းကြုတ်တဲ့အမျိုးသမီးကိုကြည့်ရင်း၊ ရန်ရန် ခံစားခဲ့ရတဲ့ အနိုင်ကျင့်ခံရမှုတွေ ကူရာမဲ့မှုတွေနဲ့ နာကျင်မှုတွေကထု သတိရမိလိုက်ကာ၊ သူ့ရင်ထဲ ဒေါသပုန်ထလာကာ၊ စွန်းမုန့်လက်ကောက်ဝတ်ကို အားဖြင့် လှမ်းဆွဲလာလေတော့တယ်။

"အာ! နင်ဘာလုပ်နေတာလဲ?!" လုမူရှန်းက အားထည့်ထားတော့ စွန်းမုန့်မှာ အရိုးကျိုးသွားတော့မယ့်အလား အတော်လေးနာကျင်လာရလေတယ်၊ "လွှတ်ပေး...ငါ့ကိုလွှတ်ပေး...နာတယ်လို့!"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now