အပိုင်း(၇၉)

246 28 0
                                    

အပိုင်း(၇၉)

လုမူရှန်းက ဆုန်ရန်ကို လေဆိပ်ဆီ လိုက်ပို့ပေးလိုက်ပြီး၊ သူမ လေယာဉ်လက်မှတ်စစ်တာတို့၊ ခရီးဆောင်အိတ်စစ်ဆေးတာတို့မှာ ကူပေးပြီးနောက်၊ သူမအတွက် စားစရာနဲ့သောက်ရေ သွား‌ဝယ်ပေးလိုက်ပါတယ်။ သူက ဆုန်ရန်လက်ကို တစ်ချိန်လုံး တင်းတင်းဆွဲထားနေပြီး စကားပြောလာခဲလေတယ်။

လေယာဉ်စထွက်တော့မယ့်အချိန် နီးလာလေပြီ။ လုမူရှန်းက ဆုန်ရန်ကို လုံခြုံရေးစစ်ဆေးတဲ့နေရာနား လိုက်ပို့ပေးလိုက်ပါတယ်။ ဆုန်ရန်က စိတ်မထိန်းနိုင်ဘဲ သူ့ကိုဖက်လာလိုက်လေတယ်။ သူမက သူ့ရင်ခွင်ထဲ ခေါင်းအပ်ထားကာ ဗလုံးဗထွေးအသံဖြင့် ပြောလာလေတယ်: "လုကော၊ ငါနင်နဲ့မခွဲနိုင်ဘူးဟာ။"

လုမူရှန်းက သူမကို ဖက်ထားပေးလိုက်ပြီး နှစ်သိမ့်လိုက်ပါတယ်၊ "ဘာမှမဖြစ်ပါဘူး။ အဲ့ကိုရောက်ရင် မင်း ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်။ လုံခြုံရေးကိုလည်း သတိထားရမယ်။ ပြဿနာရှိတာနဲ့၊ ကိုယ့်ကို ဖုန်းလှမ်းဆက်လိုက်နော်၊၊ ကိုယ်အချိန်ရတဲ့အခါတိုင်း မင်းဆီလာလည်ပါ့မယ်။"

ဆုန်ရန်က လိမ်လိမ်မာမာခေါင်းညိတ်ပြပြီး၊ "ဒါဆို ငါမြန်မြန်ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်နော်။"

"ဟုတ်ပါပြီ။" လုမူရှန်းက ခေါင်းငုံ့ပြီး သူမနဖူးပေါ် နမ်းလာလိုက်လေတယ်၊ "မင်းလေယာဉ်ကဆင်းတာနဲ့ ကိုယ့်ကိုဖုန်းဆက်လိုက်နော်။"

"အင်းပါ၊ ငါဆက်လိုက်မယ်။"

လုမူရှန်းက လက်မြှောက်ပြီး သူမပါးလေးကို တယုတယ ပွတ်သပ်လိုက်လေတယ်၊ သူမကို စိုက်ကြည့်နေရင်း၊ အသံတိုးတိုးလေးဖြင့်: "ညတုန်းက အိပ်ရေးမဝလိုက်ဘူးဆိုတော့၊ လေယာဉ်ပေါ်ရောက်ရင် တရေးအိပ်လိုက်ဦးနော်။ အဲ့ကိုရောက်တာနဲ့ အလုပ်ထဲတန်းသွားဖို့ကို မလောနဲ့ဦး။ အရင်ဆုံး အနားယူလိုက်ရမယ်နော်။"

"အင်းပါ၊ လုကော။"

"တောင်ပေါ်မှာဆိုတော့ အေးနေနိုင်တယ်။ မနေ့ညတုန်းက မင်းအနွေးထည်တွေကို ကိုယ်အိတ်ထဲထည့်ပေးထားတယ်။ အေးလာတာနဲ့ ဝတ်ဖို့ သတိရရမယ်နော်။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now