အပိုင်း(၈၆)

300 31 0
                                    

အပိုင်း(၈၆)

လုမူရှန်းထွက်လာတဲ့အထိ ဆုန်ရန်က အချိန်တစ်ခုတာလောက် စောင့်လိုက်ရလေတယ်။ ရေသံက ဆက်တိုက်တွေ ထွက်ပေါ်နေလေတယ်။

ဆုန်ရန်မှာ စောင့်ရတာကြောင့် သည်းမခံနိုင်ဖြစ်လာလေတော့၊ ကုတင်ပေါ်ကဆင်းကာ ခြေဗလာဖြင့် ရေချိုးခန်းနား လျှောက်လာလေတယ်။

ရေချိုးခန်းတံခါးကို လော့မချထားလေဘူး။ ဆုန်ရန်က လက်မြှောက်ပြီး တံခါးကို တွန်းဖွင့်လိုက်ပါလေတယ်။

လုမူရှန်းက ရေပန်းအောက်ရပ်နေရင်း အသံကြားတော့ မျက်မှောင်ကြှုပ်သွားလေသည်။ သူခေါင်းလှည့်ကြည့်လိုက်တော့ ဆုန်ရန်က တံခါးကနေခေါင်းထွက်လာကာ အပြုံးဖြင့်ကြည့်နေလေတယ်။ သူက မျက်မှောင်ကြှုပ်ပြီး၊ "ဒီမှာဘာလုပ်နေတာလဲ? မြန်မြန်ထွက်သွား!"

ဆုန်ရန်က ပြုံးလိုက်ကာ "လုကော၊ နင့်တင်ပါးက အရင်ကထက် တင်းတင်းရင်းရင်းရှိနေပုံပဲ။"

လုမူရှန်း၊ "..."

ဆုန်ရန်က ရေချိုးခန်းတံခါးကိုဖွင့်ပြီး အပြုံးဖြင့် အထဲပြေးလာလေတယ်၊ သူမညာဘက်လက်က လုမူရှန်းတင်ပါးကိုထိပြီး တုံ့ဆိုင်းမနေဘဲ ချီးမွှမ်းလိုက်ပါလေတယ်၊ "ကြွက်သားတွေက တင်းပြီးsexyကျသား။"

ပြောပြီးတာနဲ့၊ လုမူရှန်းတင်ပါးကို လက်ညှိုးဖြင့်ထိုးလိုက်ပြီး၊ "အရမ်းမိုက်တာပဲ...အာ!"

ဆုန်ရန် ပြောလို့မပြီးလိုက်ခင်၊ လုမူရှန်းက ရုတ်တရက်ဆို လှည့်လာပြီး သူမလက်ကို လှမ်းဆွဲလာပါလေတယ်။ ဆုန်ရန်က သူ့ကိုပြုံးပြီး မော့ကြည့်လာလိုက်တယ်။

လုမူရှန်းက သူမကို သေချာစိုက်ကြည့်နေလေတယ်၊ သူ့ရုပ်ချောချောမျက်မှာလေးက တင်းမာနေကာ၊ တစ်ခုခုကို ချုပ်တည်းနေတဲ့အလား၊ သူ့နဖူးကြောတွေထောင်ထနေပြီး၊ သူက အံကြိတ်ကာ တစ်လုံးချင်းစီ ပြောလာလေတယ်: "ဆုန်ရန်! မင်းဘာလုပ်နေလဲဆိုတာ မင်းသိရဲ့လား?!"

"ငါသိတယ်။" ဆုန်ရန်က မျက်လုံးမှေးတဲ့အထိပြုံးလိုက်ကာ၊ လုမူရှန်းအနားကပ်လာပြီး၊ နှုတ်ခမ်းချင်းထိလုနီးပါးဖြစ်နေကာ၊ ဆွဲဆောင်မှုရှိတဲ့လေသံလေးဖြင့် တီးတိုးပြောလာပါလေတယ်၊ "ငါက နင့်ကို...မြှူဆွယ်နေတာလေ၊ လုကော—"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now