အပိုင်း(၇၇)

270 26 0
                                    


အပိုင်း(၇၇)

နောက်တစ်နေ့ မနက်စောစော၌၊ နေရောင်ခြည်က ပန်းဉယျာဉ်ကနေ အိမ်ကလေးဆီသို့ တိုးဝင်လာလေတယ်။ ဆုန်ရန်က နိုးနေပြီးဖြစ်ကာ ကုတင်ပေါ်လှဲပြီး၊ အခုထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသေးတဲ့ လုမူရှန်းကို ပြုံးကာငေးကြည့်နေတော့တယ်။

အချိန်အကြာကြီးကြည့်နေတာတောင် ငြီးငွေ့သွားတာမျိုး ဖြစ်မလာလေဘူး။

သူ့မျက်တောင်ရှည်တွေရယ်၊ နှာတံဆင်းဆင်းလေးနဲ့၊ ချောမောပြီး သန်မာတဲ့ သူ့ဘေးတိုက်မျက်နှာပုံစံကို ငေးမောကြည့်နေလိုက်တယ်။ 

ဆုန်ရန်က မေးထောက်ထားလိုက်ပြီး၊ လက်တစ်ဖက်ကတော့ သူမလက်ချောင်းထိပ်လေးတွေဖြင့် လုမူရှန်းမျက်နှာကောက်ကြောင်းတွေကို ထိတွေ့ကြည့်နေလိုက်တယ်၊ မျက်လုံးကနေ သူ့နှာတံပေါ်၊ နောက်တော့ ပါးပေါ် အဲ့ကနေပြီး နှုတ်ခမ်းပေါ်ဆီ ရောက်သွားလေတယ်။ 

သူမမျက်ဝန်းတွေထဲ ကြယ်တွေပြည့်လျှံနေတဲ့အလား၊ သူမရဲ့အကြည့်က လုမူရှန်းနှုတ်ခမ်းအပေါ် ရောက်သွားလိုက်တော့ စိတ်မထိန်းနိုင်ဘဲ နမ်းလာလိုက်လေသည်။

သူမလည်း နမ်းလိုက်ပြီးရော၊ လုမူရှန်းက နိုးလာပြီး သူမခါးကိုဖက်လာလေတယ်။

သူနိုးလာတာကို ဆုန်ရန်မြင်တော့၊ သူမက အပြုံးဖြင့် သူ့ကိုကြည့်နေရင်း၊ "လုကော၊ နင်နိုးပြီပဲ။"

လုမူရှန်းက အပြုံးနက်နက်လေးဖြင့် ပြောလာလေတယ်၊ "ငါ့ကို တိတ်တခိုးလေးခိုးနမ်းနေတဲ့ နှာဘူးမလေးကြောင့်ပေါ့။"

ဆုန်ရန်က ပြုံးလိုက်ပြီး၊ "နင်ဘယ်သူ့ကို နှာဘူးမလေးလို့ ခေါ်လိုက်တာလဲ? ငါမုန်းလိုက်တာနော်။"

လုမူရှန်းက ပြုံးလိုက်ပြီး၊ သူ့ရင်ခွင်ထဲ သူမကို ဖက်ထားလိုက်လေတော့တယ်။

ဆုန်ရန်က လုမူရှန်းရင်ဘတ်ပေါ်လှဲရင်း၊ သူမက အပြင်ဘက်က ပန်းဉယျာဉ်ကို လှမ်းကြည့်နေလိုက်လေတယ်။

ဆောင်းဦးနေရောင်ခြည်က အတော်လေးနွေးလှလေ၏။

သူတို့နှစ်ဦးက အချင်းချင်းဖက်ထားလိုက်ကြပြီး၊ လုမူရှန်းရဲ့ဖုန်း မြည်းလာတဲ့အချိန်ထိ ဘယ်သူမှ ထမလာချင်ကြလေဘူး၊၊

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now