အပိုင်း(၉၁)

274 27 0
                                    

အပိုင်း(၉၁)

ဆုန်ရန့်မျက်လုံးတွေကို အုပ်ထားခံနေရပေမဲ့၊ ဆုန်ရန်က သူတို့ဘာလုပ်ချင်လဲဆိုတာကို ရေးတေးတေးလေး ခန့်မှန်းမိနေလေတယ်။

လုကောပဲ။

သူမမျက်လုံးတွေ အအုပ်ခံလိုက်ရချိန်ကစပြီး၊ ဘယ်သူကမှ စကားပြောမလာကြလေဘူး၊ ဒါပေမဲ့ တစ်စုံတစ်ယောက် လှုပ်ရှားသွားလာသံကိုတော့ သူမ ကြားနေရလေတယ်။

သူမစိတ်ထဲ ခြောက်ဆယ့်သုံးရောက်တဲ့အထိ ရေတွက်နေချိန် တံခါးပွင့်သံကို ကြားလိုက်ရလေ‌တယ်၊ နောက်တော့ ခြေသံအများအပြားကြား၊ လုကောတစ်ယောက်တည်းသာပိုင်ဆိုင်တဲ့ မြဲမြံပြီးပူပန်သောကတွေကိုဖြေဖျောက်ပေးနိုင်တဲ့ခြေသံကို သူမ ကြားနေရလေတယ်။

သူက သူမအနား တစ်လှမ်းချင်းစီ လျှောက်လာပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံးက အရမ်းတိတ်ဆိတ်ကုန်လို့ လုကောရဲ့ခြေသံမဲ့ သူမနှလုံးသားခုန်ပေါက်သံတို့ကိုသာ သူမ ကြားနေနိုင်တော့လေသည်။

အချိန်ဘယ်လောက်ကြာသွားလဲတော့မသိဘူး၊ သူမနားကတစ်စုံတစ်ယောက်က သူမလက်ကို ဖွဖွလေး ဖိညှစ်လာပြီးနောက်၊ ချက်ချင်း လွှတ်ပေးလိုက်လေတယ်၊ နောက်တော့ သူမအနောက်လျှောက်လာပြီး၊ မျက်လုံးအုပ်ထားတာကို ဖယ်ပေးလာလေသည်။

မျက်လုံးအုပ်ထားတာကို ဖြည်ပေးလာချိန်၊ ဆုန်ရန်က အလိုလိုမျက်လုံးမှိတ်ထားမိလိုက်လေသည်။

ဒါပေမဲ့၊ အလင်းဖြာထွက်တာက မပြင်းထန်နေဘဲ၊ ဧည့်ခန်းထဲ ဖယောင်းတိုင်လေးတွေ ထွန်းပေးထားတော့၊ နွေးထွေးမှုရှိလာစေလေတယ်။

ဖယောင်းတိုင်မီးအလင်းက လူတိုင်းမျက်နှာပေါ် ထွန်းလင်းပေးနေပြီး၊ လူတိုင်းမျက်နှာမှာ အပြုံးလေးတွေ တွဲခိုနေတာ အရမ်းချစ်စရာကောင်းနေတော့တယ်။

ဆုန်ရန်က အနောက်တိုင်းဝတ်စုံဝတ်ပြီး၊ ပန်းစည်းကိုင်ကာ၊ သူမအနား တစ်လှမ်းချင်းစီလျှောက်လာနေတဲ့လုကောကို ငေးမောကြည့်နေလိုက်လေသည်။

သူမအနားက မှိတ်တုတ်မှိတ်တုတ်လင်းလက်နေတဲ့ဖယောင်းတိုင်မီးအလင်းက သူမမျက်လုံးတွေကို ရုတ်တရက်ဆိုနာကျင်လာစေလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now