အပိုင်း(၇၃)

299 30 0
                                    


အပိုင်း(၇၃)

သူမ စာရင်းသွင်းထားကြောင်း လုမူရှန်းကို ပြောပြလာချိန်၊ လုမူရှန်းက တိတ်ဆိတ်နေတယ်ဆိုတာကို သူမရှာတွေ့လိုက်ပါလေတယ်။

သူမက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်ညင်သာသာ ပြောလာလေတယ်: "အရွေးခံရမခံရ မသေချာသေးပါဘူး။ ပြီးတော့ လုကော၊ နင်ငါ့ကို မသွားစေချင်ဘူးဆိုရင်၊ ငါအရွေးခံရမယ်ဆိုရင်တောင် မသွားတော့ဘူးနော်။"

သူမပြောထားသလိုပဲ လုကောလောက် ဘယ်အရာမှ အရေးမကြီးလေဘူး။

လုမူရှန်းက ရပ်ဆိုင်းသွားလေတော့တယ်။

ဆုန်ရန်က သူ့ကို စိုက်ကြည့်နေလေသည်။

မှိန်‌ဖျော့ဖျော့လမ်းအလင်းက သူတို့အရိပ်တွေကို ရှည်လျားသွားစေလေတယ်။

လုမူရှန်းက သူမခေါင်းကိုထိကာ ပြောလာလေတယ်၊ "မင်းသဘောကျတာ မင်းလုပ်နေရတာတင်၊ ကိုယ်ပျော်နေပါပြီကွာ။"

ဆုန်ရန်က သူမမှာ အိပ်မက်မရှိလေဘူး၊ သူမဘာကို လုပ်ချင်လဲဆိုတာကိုလည်း မသိလေဘူးလို့ ပြောပြောနေတတ်ပေမဲ့၊ အခုတော့ သူမလုပ်ချင်တာ ရလာခဲ့လေပြီ။ ဆုန်ရန်က သူမမေဂျာကို အရမ်းသဘောကျတယ်ဆိုတဲ့အကြောင်း လုမူရှန်းက သတိထားမိလေလာပြီး၊ သူမမေဂျာအကြောင်းပြောတိုင်း မျက်ဝန်းတွေ လင်းလက်တောက်ပလာတတ်တာကို သူမြင်နေရလေတယ်။

လုမူရှန်းက တကယ်ပဲ သူမကို သွားစေချင်တာများလား သူမအတွေးမများရအောင် ပြောပေးနေတာများလားဆိုတာကို ဆုန်ရန်မသိလေဘူး။ ဒီတော့ သူမက သူ့မျက်ဝန်းတွေထဲက ခံစားချက်အစစ်မှန်တွေကို မြင်နိုင်အောင် သေချာစိုက်ကြည့်လာလိုက်တယ်။

ဆုန်ရန်က သူ့ကိုအသေချာစိုက်ကြည့်နေတာကို သူမြင်လိုက်ရတော့၊ လုမူရှန်းရင်ထဲ မလုံမလဲဖြစ်လာလေတော့တယ်။ ဒီကိစ္စနဲ့ပတ်သတ်တိုင်း ဆုန်ရန် စိတ်မအေးနိုင်အောင် သူဘာတွေများ လုပ်ခဲ့မိပါလိမ့်?

သူက သူမကို ဖက်ထားလိုက်ပြီး တီးတိုးပြောလာလေတယ်: "ရန်ရန်၊ ကိုယ်ပြောတာတွေက အမှန်တွေပါ။ ဒါက မင်းသဘောကျတဲ့အရာပဲ။ ဒီတော့၊ ကိုယ်မင်းကို ပံ့ပိုးပေးရမယ်လေ။ ကိုယ်က ဒီအတိုင်း...မင်းနဲ့ခွဲမနေချင်ရုံတင်ပါ။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now