အပိုင်း(၁၉)

1.5K 139 1
                                    

အပိုင်း(၁၉)

    လုမူရှန်းမှာ အသိစိတ် လုံးလုံးပျောက်ဆုံးသွားကာ၊ စိတ်ထဲဗလာဖြစ်နေပြီး သူဘာတွေလုပ်နေလဲဆိုတာ သူကိုယ်တိုင်တောင် မသိလေတော့ဘူး။

    အတန်းချိန်ခေါင်းလောင်းမြည်လာချိန်အထိပေါ့၊ သူ့နှလုံးသားထဲ မိုးကြိုးပစ်ချလိုက်တဲ့အလား၊ သူ့တစ်ကိုယ်လုံးက တောင့်ခဲသွားကာ၊ သတိပြန်ဝင်လာပါလေတယ်။ နောက်တော့၊ ဓာတ်လိုက်သွားတဲ့အလား၊ ဆုန်ရန်ကို လွှတ်ပေးလာလိုက်တယ်။

    နှုတ်ခမ်းတွေပေါ်က အပူချိန်လေးက ရုတ်ခြည်းပျောက်ကွယ်သွားတော့၊ ဆုန်ရန်နှလုံးသားထဲ ဟာလာဟင်းလင်းဖြစ်သွားသလို ခံစားလိုက်ရလေသည်။

    သူမက နံရံကိုမှီကာ သူ့အားစိုက်ကြည့်နေရင်း၊ "နင်..."

    "တောင်းပန်ပါတယ်။" သူမ မပြောပြီးလိုက်ခင်၊ လုမူရှန်းက တောင်းပန်လာလေတော့သည်။

    သူက စိတ်လိုက်မာန်ပါလုပ်ခဲ့မိတာအတွက် တောင်းပန်နေလေတယ်။

    သူ့နက်မှောင်တဲ့မျက်ဝန်းတွေထဲ မထိန်းချုပ်နိုင်သော စိတ်ဓာတ်ကျခြင်းတွေ ဝမ်းနည်းမှုတွေ အတော်အများ ရှိနေလေတော့သည်။

    အဲဒီနေ့တုန်းက ဖီးနစ်တောင်မှာ ဆုန်ရန်နဲ့တွဲဖို့ လက်မခံခဲ့တာကို သူ့ဘဝမှာ နောင်တအရဆုံးကိစ္စဖြစ်လေတယ်လို့ သူ့နှလုံးသားထဲ တွေးနေမိလေတယ်။

    သူနောင်တရလိမ့်မယ်လို့ ဆုန်ရန်ပြောခဲ့တာက၊ တကယ်လည်း အမှန်‌ဖြစ်နေလေတယ်။

    ဝဋ်လည်ခြင်းက ချက်ချင်းရောက်ချလာလိမ့်မယ်လို့ သူ,မထင်ထားခဲ့ရုံပါပဲ။

    သူက ဆုန်ရန်အား စူးစူးစိုက်စိုက်ကြည့်ပြီး၊ နောက်ဆုတ်လိုက်ပါလေတယ်။

    သူတစ်ခုခုပြောလိုက်ချင်ပေမဲ့၊ မီးတွေလောင်ကျွမ်းနေတဲ့အလား လည်ချောင်းနာကျင်နေကာ၊ ဘာအသံမှ မထွက်လာနိုင်လေဘူး။

    သူနောက်ဆုတ်သွားတာကို ဆုန်ရန်မြင်တော့၊ သူမနှလုံးသားက ခုန်ပေါက်လာပြီး၊ လုမူရှန်းလက်ကောက်ဝတ်ကို ချက်ချင်းလှမ်းဆွဲလိုက်ပါလေ၏။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now