အပိုင်း(၈၂)

316 32 0
                                    

အပိုင်း(၈၂)

ကျန်းယီယီ ထွက်သွားပြီးနောက်၊ အစ်မဟုန်က အဝတ်လဲခန်းတံခါးကို ဖွင့်ပြီး အထဲဝင်လာလေတယ်။ သူမက မနေနိုင်ဘဲ မေးလာလိုက်တယ်၊ "ရန်ရန်၊ ကျန်းယီယီကို ဘာပြောလိုက်တာလဲ? သူ့ကြည့်ရတာ ဘာလို့ ငိုနေတဲ့ပုံပေါက်နေတာလဲ."

ဆုန်ရန်က မှန်တင်ခုံရှေ့ထိုင်နေပြီး ခေါင်းခါပြကာ၊ "ဘာမှမဟုတ်ပါဘူး။"

အစ်မဟုန်က ဆုန်ရန်အတွက် ဝတ်စုံယူကူပေးလိုက်ပြီး သာမန်ကာလျှံမေးလာလေတယ်၊ "ကျန်းယီယီနဲ့ ဘယ်လိုလုပ်သိနေတာလဲ?"

"မဟုတ်ဘူး၊ လုကောနဲ့ သိတာလေ။" သူမက သာမန်ကာလျှံပြောပြီး အထဲဝင်ကာ အဝတ်စားလဲလိုက်ပါတယ်။

အဝတ်စားလဲပြီးသွားတော့၊ အပြင်ထွက်လာချိန်၊ Mikeက သူမအတွက် မိတ်ကပ်ပြင်ဆင်ပေးပြီး သူမဆံပင်တွေကို စည်းနှောင်ပေးလာလေတယ်။

ဆုန်ရန်က ခေါင်းငုံ့ပြီး ထိုင်နေကာ၊ ဇာတ်ညွှန်းကို အသေအချာ ပြန်ဖတ်နေလေတယ်။

အစ်မဟုန်က သူမကို စိတ်ပူတကြီး ကြည့်လာပြီး၊ "ဒီနေ့ရဲ့ တောင်အပူချိန်က ၃ဒီဂရီပဲရှိတော့ မြစ်ထဲကရေတွေက အေးစိမ့်နေနိုင်တယ်။ ညီမ ‌ရေအောက်ထဲလုပ်ရမယ့်အခန်းကို မလုပ်နိုင်ဘူးဆိုရင်၊ နောက်မှ ရိုက်လိုက်လို့ရတာပဲလေ၊ အစ်မ ဒါရိုက်တာကို သွားပြောပေးမယ်လေ။"

"ဟင့်အင်း၊" ဆုန်ရန်က ခေါင်းခါပြပြီး: "ရေထဲရိုက်ရရုံပဲမဟုတ်လား? ညီမလုပ်နိုင်ပါတယ်။"

"ဒါပေမဲ့ ညီမ မနက်ကတောင် နှာချေနေတဲ့ဟာကို။ ညီမ အအေးမိသွားမှာကို အစ်မစိတ်ပူတယ်နော်။" အစ်မဟုန်က စိတ်ပူတကြီး ပြောလာလေတယ်။

"အဆင်ပြေပါတယ်၊ ညီမလုပ်နိုင်ပါတယ်။"

ဆုန်ရန်က ဆုံးဖြတ်ချက်ပြတ်သားနေလေ၏။ အစ်မဟုန်က သူမကိုကြည့်ပြီး ဘာမှမပြောနိုင်တော့လေဘူး။ သူမစိတ်ထဲမှာတော့ ဒီကလေးမအတွင် အတော်လေးစိတ်မကောင်းဖြစ်မိလာလေတယ်။

သူမက သရုပ်ဆောင်တော်တော်များများကို ဦးစီးဖူးပါတယ်၊ ဆုန်ရန်က နောက်ခံရှိရဲ့နဲ့ ကြိုးစားကြတဲ့သရုပ်ဆောင်မျိုး အများအပြားမရှိလေဘူး။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]حيث تعيش القصص. اكتشف الآن