အပိုင်း(၇၄)

278 31 0
                                    

အပိုင်း(၇၄)

လုယန်းက ဆုန်ရန့်messageကို လက်ခံရရှိချိန် အ‌စည်းဝေးခန်းထဲ၌ ကျန်းယီယီရဲ့ကောလဟလသတင်းအကြောင်းတွေးရင်း စိတ်ပျံ့လွင့်နေလေတယ်။

message ရောက်လာချိန်၊ သူက ဒီအတိုင်း လှမ်းကြည့်ကြည့်လိုက်ပါလေသည်။

ဒါပေမဲ့၊ ကျန်းယီယီဆိုတဲ့ စကားလုံးသုံးလုံးကို message ထဲမြင်လိုက်ရတော့၊ သူ့နှလုံးသားက တင်းကြပ်လာပြီး ချက်ချင်း ဖွင့်ကြည့်ကြည့်လိုက်ပါလေတယ်။

messageထဲ၊ ဆုန်ရန်က အတိုချုပ်သာ ပြောပြထားလေတယ်: "အန်ကယ်လေး! ရှီရှန်ရေပူစမ်းကိုလာခဲ့လိုက်။ လုကောနဲ့ ကျွန်မ ဒီမှာ မမယီယီနဲ့တွေ့လို့။ သူက လင်းချီနဲ့အတူရှိနေတာ။"

လင်းချီကတော့ ကျန်းယီယီရဲ့သတင်းထဲက လူဖြစ်လေသည်။

ကျန်းယီယီရဲ့သတင်းက အမှားကြီးဖြစ်လောက်တယ်လို့ လုယန်းက တွေးထင်နေသေးလေ၏၊ သူမက နှစ်တွေအတော်ကြာသွားခဲ့တာတောင် ဘယ်သူနဲ့မှ သတင်းမထွက်ခဲ့တာကို။

ဒါပေမဲ့၊ ဆုန်ရန့်ပို့ပေးလိုက်တာကိုလည်းမြင်ရော၊ လုယန်းက ဓားဖြင့်ထိုးနှက်ခံလိုက်ရတဲ့အလား ထိုင်ခုံကနေ ချက်ချင်းထရပ်လိုက်ပါလေတယ်။

စင်မြင့်ပေါ်မှာ ပရောဂျက်အသစ်အကြောင်း မိတ်ဆက်ပေးနေတဲ့ ဝန်ထမ်းတွေရှိနေလေတယ်။ လုယန်းရဲ့ရုတ်ခြည်းလှုပ်ရှားမှုက ဝန်ထမ်းလေးတွေကို လန့်သွားစေပြီး သူတို့မှာ ချွေအေးတွေထွက်ကာ တုန်ယင်လာကြလေ၏။ သူတို့က ကောင်းကောင်းရှင်းပြမနိုင်လိုက်လို့ သူဌေးစိတ်တိုသွားအောင် လုပ်မိလိုက်တယ်လို့ ထင်နေကြလေသည်။

"လု... လု... မစ္စတာလု..." ဝန်ထမ်းမလေးက တောင်ပန်းစကားဆိုလာတော့မယ့်အချိန်၊ လုယန်းက ဘာစကားမှမပြောဘဲ မျက်နှာမည်းကြီးဖြင့် လျှောက်ထွက်သွားလေတော့သည်။

ရုံးထဲကလူတိုင်းက စိတ်လှုပ်တရှား အချင်းချင်းကြည့်လိုက်ကြပြီး ဘယ်သူမှ အသံမထွက်ရဲကြလေဘူး။

အချိန်အတော်ကြာတော့၊ သူဌေး ပြန်မလာတော့ကြောင်း သေချာတော့မှ၊ စင်မြင့်ပေါ်က ဝန်ထမ်းမလေးက တုန်ရီနေတဲ့အသံဖြင့် အတွင်းရေးမှူးကို မေးလာလေတယ်၊ "အစ်မရှီ...အစ်မရှီရှီ၊ ကျွန်မ...သူဌေးဒေါသထွက်အောင် ကျွန်မလုပ်မိလိုက်တာလား?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now