၆၉၉။ ဖန်ချီ သေဆုံးပုံ (၂)

En başından başla
                                    

ဂျန်ဝုရှီက စာရွက်များကို ကောက်ယူ၍ ဖတ်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူမ မျက်လုံးများ ပြူးကျယ်သွားကြသည်။

အာ့ဂျန်၏ ဒီလိုပုံစံမျိုး ဖြစ်သွားရခြင်းက ဂုယင် နှိပ်စက်လို့ မဟုတ်ဘဲ, လျှို့ဝှက်ချက်ကို အာ့ဂျန် သိနေသောကြောင့်သာ ဖြစ်သည်။

ဖန်ချီသေဆုံးခြင်း၏ နောက်ကွယ်မှ လျှို့ဝှက်ချက် ဖြစ်သည်။

ထိုနေ့တွင် ဖန်ချီ၏ ရုံးခန်းမှာ ဖန်ချီနှင့် ဖန်ဂျင်အပြင် နောက်တစ်ယောက်လည်း ရှိသေးသည်။ သူကား အာ့ဂျန် ဖြစ်ပေ၏။

ဝါးတောအိမ်လေးမှာ အာ့ဂျန် မောင်းထုတ်ခံရကတည်းက, သူ စိတ်ပျက်ဝမ်းနည်းသွားခဲ့ရသည်။ သူက ဖန်ဇိုကို ကာကွယ်ပေးဖို့ ဂျန်ရှီကို ဝါးတောအုပ်လေးမှ ထွက်ခွာသွားစေဖို့ အမြဲတမ်း လိုလားခဲ့သည်။ ဂျန်ရှီ့အပေါ် အမြဲတမ်း သူ ရန်လိုခဲ့သည်။ ထိုသို့ ဖြစ်နေခြင်းက ဂူလီရှန်၏ လေညင်းကျောင်းတော်တွင် ဂျန်ရှီ၏ အစစ်အမှန် မူလဇစ်မြစ်ကို လူတိုင်းအား ကြေညာချိန်သည့် အထိပင် ဖြစ်သည်။ တစ်ချိန်လုံး ဂျန်ရှီ၏ မဟုတ်မမှန် ကောလာဟလများကို ဂူလီရှန်က လုံးဝရှင်းလင်းပစ်ခဲ့သည်။ အာ့ဂျန်လည်း ထိုနေ့တွင် ထိုနေရာမှာ ရှိနေခဲ့သည်။ အရာရာကို ကြားပြီးနောက် သူ့နှလုံးသားက လုံးဝ အပြစ်ရှိတာကို ခံစားလိုက်ရပြီး သူ့ကိုယ်သူ ရွံရှာစက်ဆုပ်သွားခဲ့ရသည်။

သူ ဝါးတောအုပ်လေး ရှိရာသို့ အပြေးအလွှားသွားပြီး ဂျန်ရှီကို တောင်းပန်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် သူ တောင်းပန်ခြင်းငှာပင် မထိုက်တန်သလို သူ ခံစားခဲ့ရသည်။

ထိုကောလာဟများ ပြောဆိုသည့် အတိုင်း ဂျန်ရှီက စက်ဆုပ်ရွံ့ရှာဖွယ် လူသား လုံးဝ မဟုတ်ခဲ့ပေ။ သူက မရိုးမဖြောင့်သော မည်သည့် မကောင်းမှုကိုမျှ မကျူးလွန်ခဲ့ပေ။ သူက စေတနာသန့်သန့်ဖြင့် ဖန်ဇို၏ အခြေအနေကို ကုသပေးဖို့ အားစိုက်ထုတ်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် အာ့ဂျန်က အခုမှ ထိုရက်စက်ယုတ်မာသော ကောလာဟလများကြောင့် သူ့အမြင် ကန်းသွားကြောင်းကို သတိပြုမိလိုက်သည်။ ၎င်းကောလာလဟများကို သူ လွယ်လွယ် ယုံကြည်ခဲ့သည်။ ရလဒ်က လူကောင်းတစ်ယောက်ကို သူ စွပ်စွဲခဲ့မိခြင်းပင်။

ရှက်ရွံ့ခြင်း ကိုယ့်ကိုယ်ကို အထင်သေးရွံ့ရှာမိခြင်းက သူ့အား ညှင်းဆဲနေပြီး အဆက်မပြတ် သူ့အား နောင်တပူပန်စေခဲ့သည်။ အာ့ဂျန်က အရာရာကို ဆယ်တင်လိုခဲ့သည်။ သို့သော် သူကား ခွင့်လွှတ်ဖို့ မထိုက်တန်သူဟူ၍ ခံစားနေရပြီး ဂျန်ရှီနှင့် မည်သို့မျှ မျက်နှာချင်း မဆိုင်နိုင်ခဲ့ပေ။

အပြစ်က သူ့အား တတိတိ ကိုက်ဝါးနေခဲ့ပြီး နေ့စဉ်နှင့် အမျှ ကြီးထွားလာခဲ့သည်။ သူ့အတွေးများကို ဖန်ချီက သတိပြုမိသွားသည်။ ဖန်ချီက အာ့ဂျန်ကို ရိုးသား၍ အမှီအခို ကင်းကင်းနေတတ်သူဟူ၍ အမြဲတမ်း အသိအမှတ်ပြုထားခဲ့သည်။ သူက တချို့အမှားများကို ကျူးလွန်ခဲ့သော်လည်း သူ့နှလုံးသားမှာ ရက်စက်ယုတ်မာခြင်းမရှိခဲ့ပေ။ အာ့ဂျန်၏ ညှိုးနွှမ်းနေခြင်းကို ကြည့်ပြီး ဖန်ချီက ၎င်းအရေးကိစ္စကို ချက်ချင်း ဖြေရှင်းရန် သူ့အား အကြံပေးခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းအချိန်မှာ ဂျန်ရှီနှင့် ဖန်ဇိုက ကျောင်းတော်မှာ ရှိမနေခဲ့ပေ။ ထို့ကြောင့် ဖန်ချီက အာ့ဂျန်ကို သူ့ရုံးခန်းမှာ ဝှက်ထားပြီး ဖန်ဂျင်ကို သူ့ရုံးခန်းသို့ လာရန် ခေါ်လိုက်သည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ သူ့သား၏ အမြင်ကို သူကြားချင်လို့ ဖြစ်သည်။ အာ့ဂျန်၏ နောင်တနှင့် ဂျန်ဝုရှီအား ‌တောင်းပန်ခြင်းကို သူမှ တဆင့် ပို့ဆောင်ဖို့ ဖြစ်နိုင် မဖြစ်နိုင် သူ သိချင်သည်။

သို့သော်ငြား...

ထိုနေ့, အာ့ဂျန်က ရုံးခန်းရှိ လျှို့ဝှက် အကန့်ထဲမှာ ပုန်းအောင်းနေခဲ့သည်။ သူက အကန့်ထဲမှ အပြင်သို့ အပေါက်ငယ်မှ ချောင်း‌‌ကြည့်နေခဲ့သည်။ ရုံးခန်းထဲရှိ အဖြစ်အပျက်မှန်သမျှကို မြင်ရဖို့ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Hikayelerin yaşadığı yer. Şimdi keşfedin