အပိုင်း(၆၆)

Start from the beginning
                                    

လုမူရှန်းက ခဏလောက် တိတ်ဆိတ်သွားပြီးနောက်၊ နောက်ဆုံးတော့ တီးတိုးပြောလာပါလေတယ်: "သွားလိုက်၊ မင်း နောင်ကျ နောင်တရသွားမှာကို ကိုယ်စိတ်ပူတယ်။"

ဘယ်ဆုံးဖြတ်ချက်က မှန်ကန်နိုင်မလဲဆိုတာကို ဘယ်သူမှမသိနိုင်လေဘူး။ သူတို့ဘာသာသူတို့ ဖြစ်လာပါစေတော့။

...

အဆုံးမှာတော့ ဆုန်ရန်သွားခဲ့လိုက်လေသည်။ နောက်တစ်ကြော့စာမေးပွဲနဲ့ တတိယမြောက်စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့လေသည်။ ချိုးလင်လင်ရဲ့စိတ်လှုပ်ရှားနေမှုနဲ့ယှဉ်ရင်၊ သူမကတော့ ဘာတစ်ခုကိုမှ မခံစားရဘူး။ တကယ်တော့၊ စာမေးပွဲအောင်သည်ဖြစ် ကျသည်ဖြစ်စေ၊ သူမက အဲ့ကျောင်းကို သွားတက်ဖြစ်မှာမှ မဟုတ်တာ။

စာမေးပွဲပြီးသွားပြီးနောက်၊ သူနဲ့ လုမူရှန်းတို့ အိမ်ပြန်လာခဲ့ကြတယ်။

ဆောင်းရာသီပိတ်ရက်က တိုတောင်းလှလေတယ်၊ သူတိူ့ ပြန်ရောက်ပြီး သိပ်မကြာခင် ကျောင်းစဖွင့်ပါလေပြီ။

နောက်ဆုံးနှစ်ဝက်၌၊ လော့လင်ပြောတဲ့စကားဖြင့် ဖော်ပြပေးရရင်: မှောင်နက်မှုတွေ။

တစ်နေ့လုံးမှာ၊ သင်္ချာ၊ နိုင်ငံခြားဘာသာရပ်တွေ၊ သမိုင်း၊ ပထဝီဝင်နဲ့ အဆုံးမသတ်နိုင်တဲ့ စာမေးပွဲတွေ ရှိကြလေသည်။

ကောင်းကင်တစ်ခုလုံးမှာ မြေဖြူမှုန့်တွေချည်းပဲ၊ စိတ်ဓာတ်ကျဖို့ကောင်းတဲ့ လေ့လာရေးလေထု၊ စင်မြင့်ဘေးက ကြော်ငြာသင်ပုန်းမှာတော့၊ စာမေးပွဲအတွက် ရေတွက်ပြထားတဲ့ရက်တွေက ပိုပိုနည်းလာလေပြီ။

စာမေးပွဲရဲ့နောက်ဆုံးလကို ချည်းကပ်လာချိန်၊ အထက်တန်းကျောင်းတတိယနှစ်က ကျောင်းသားတစ်ချို့ကသာ သူတို့နှလုံးသားတွင်းမှ ရယ်မောကြနိုင်လေသည်။

ဆုန်ရန်လည်း မရယ်မောနိုင်လေဘူး။ သူမ အရမ်းကြိုးစားနေခဲ့ပေမဲ့၊ စာမေးပွဲနဲ့တော့ ဝေးကွာနေတုန်းပဲ။ အဓိကမျဉ်းနဲ့(ထိပ်တန်းကျောင်း) အနည်းငယ်ကွာဝေးတဲ့နေရာမှာ ရှိနေပါတယ်။

ဒါပေမဲ့ လော့လင်ကတော့ သူမအား အားကျနေလေတယ်၊ "ဘယ်လိုပဲဖြစ်ဖြစ်၊ နင်က အနာဂတ်တစ်ဝက်ထဲ ခြေလှမ်းချနိုင်နေပြီး၊ နင်က ငါတို့ထက်တော့ တော်ပါသေးတယ်ဟယ်။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now