၆၈၈။ တုန်လှုပ်ဖွယ် အပြောင်းအလဲ (၄)

Start from the beginning
                                    

အဆင့်မြင့် စည်းကမ်းထိန်းသိမ်း‌ရေးမှူးများက နာမည်ကျော် ကျောင်းတော်ကြီးများတွင် သာမန်မဟုတ်ကြပေ။ ၎င်းရာထူးကို အဆင့်မြင့်ကျွမ်းကျင်သူများက ကိုင်စွဲထားကြပြီး သူတို့က မျှော်လင့်ထားလို့ မရအောင် စွမ်းအားကောင်းသော ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။

သူတို့က မည်သည့်အရာကိုမျှ လုပ်ဆောင်ပေးစရာ မလိုကြဘဲ ကျောင်းတော်ထဲမှာ ကိုယ်ထင်ပြပေးရုံသာ လိုအပ်ကြသည်။ ကျောင်းတော်များတွင် အခက်အခဲကြီးများ ကြုံရချိန်မှာ သူတို့က ထွက်ပေါ်လာဖို့သာ လိုအပ်ကြသည်။ ၎င်းစည်းကမ်းထိန်းသိမ်း ရေးမှူးများက အထူးအခွင့်အရေးကို ရထားကြပြီး ကိုယ်စားပြု ကျောင်းတော်ကြီးများမှ အကျိုးအမြတ် ရသူများ ဖြစ်ကြသည်။

လေညင်းကျောင်းတော်မှာ စည်းကမ်းထိန်းသိမ်းရေးမှူး သုံးယောက် ရှိသည်။ သူတို့က ဩဇာအာဏာ အပြည့်အဝ စွဲကိုင်ထားသော်လည်း ကျောင်းအုပ်ကြီး၏ လက်အောက်မှာသာ ရှိကြသည်။ သို့သော် ကျောင်းတော်နံရံအတွင်းမှာ သူတို့စကားကို လျစ်လျူရှူလို့ ရသော အနေအထားမှာ မရှိပေ။

၎င်းစည်းကမ်းထိန်းသိမ်းရေးမှူးက ဖန်ချီ၏ မိတ်ဆွေဟောင်း ဖြစ်သည်။ သူက ဖန်ညီအကိုကို သူတို့ ကလေးဘဝမှာကတည်းက သိထားသည်။ ဖန်ဂျင်က ဖန်ချီကို သတ်ဖြတ်သည့် သတင်း လွင့်ပျံလာပြီးနောက်, ဖန်ဂျင်၏ အသက်ကို ရန်ရှာလိုသော လူများကို တားမြစ်ကန့်ကွက်ရန် သူ ချက်ချင်း ကျောင်းတော်သို့ ပြန်လာခဲ့သည်။

သို့သော် ထိုကိစ္စက ကျောင်းအုပ်ကြီးကို သတ်ဖြတ်ခြင်း ဖြစ်သည်။ လေညင်းကျောင်းတော်တွင် လူတိုင်းအတွက် ထိုကိစ္စက အလွန် ပြင်းထန်လွန်းသည်။ ဂုဏ်သိက္ခာမြင့်မားသော စည်းကမ်းထိန်းသိမ်း ရေးမှူးက တရားစွဲဆိုခြင်းကို ဟန့်တားနေတာတောင် နှောင့်နှေးကြန့်ကြာ စေရုံမျှသာ တတ်နိုင်သည်။ ဒါက မလွဲမသွေ ဖြေရှင်းရမည့် ကိစ္စ ဖြစ်သည်။ ဖန်ဂျင့်အတွက် သက်သေ အခိုင်အမာ မရရှိလျှင်, ဖန်ဂျင်က မလွဲမသွေ အသတ်ခံရမည်သာ ဖြစ်သည်။

အခုအချိန်မှာ ဖန်ဂျင်က သူ့အခန်းထဲမှာ အကျဉ်းသား ဖြစ်နေသည်။ သူ့အခန်းအပြင်ဘက်မှာ အစောင့်များက နေ့စဉ် တင်းတင်းကျပ်ကျပ် စောင့်နေကြသည်။

ကျောင်းအုပ်ကြီး သေဆုံးချိန်မှာ ကျောင်းတော်၏ အရေးကိစ္စမှန်သမျှကို သူ့သားနှစ်ယောက်အား ချက်ချင်း တာဝန်လွှဲပေးရမှာ ဖြစ်သည်။ သို့သော် ဖန်ဂျင်က တရားခံဖြစ်နေပြီး ဖန်ဇိုက တိုက်တိုက်ဆိုင်ဆိုင် ကျောင်းတော်တွင် ရှိမနေချေ။ ထို့ကြောင့် ကျောင်းတော်တစ်ခုလုံးကို ဒုတိယ ဩဇာအာဏာအမြင့်ဆုံးဖြစ်သော လက်ထောက်ကျောင်းအုပ်ကြီး နင်ရူက ထိန်းချုပ်လိုက်သည်။

ဒီတော့.... မင်း အိပ်ဆောင်မှာ နေဖို့ သွားချင်လား လူငယ်က ရေခဲမျက်နှာလို ဂျန်ဝုရှီကို ကြည့်လျက် ထပ်မေးသည်။ သူ နောက်ထပ် ဘာစကား ပြောရမှန်း မသိလို့ ဖြစ်သည်။ ဂျန်ရှီနှင့် ဖန်ဂျင်၏ ဆက်ဆံရေးက အတော်လေး ခိုင်မာကြောင်းကို လူတိုင်း သိထားကြသည်။ ဂျန်ရှီ အရှုပ်အထွေးများကြားမှာ မှားမှားယွင်းယွင်း အစွပ်စွဲ ခံနေရချိန်မှာ, ဖန်ဂျင်က ဂျန်ရှီနှင့် အတူတူ ရပ်တည်ပေးခဲ့ပြီး ဂျန်ရှီကို ယုံကြည်ပေးခဲ့သည်။

ထို့ပြင် ဖန်ဂျင်က ဂျန်ရှီကို ဖန်ဇိုနှင့် မိတ်ဆက်ပေးခဲ့သည်။ အခု ဖန်ဂျင်က ပြဿနာဖြစ်နေသည်။ ဂျန်ရှီ မည်သို့ တွေးတောမလဲ ထိုလူငယ် သိချင်စိတ် ပြင်းပြလာသည်။

မလိုပါဘူး ဂျန်ဝုရှီက အသံပုံမှန်ဖြင့် ပြောသည်။ ထို့နောက် သူမက ဝါးတောအုပ်အတွင်းရှိ အိမ်လေးသို့ လှည့်ထွက်သွားလေ၏။

ဖန်ချီကို ဖယ်ရှားပြီးနောက်, နင်ရူက ဖန်ဂျင်ကို အလွတ်ပေးမည် မဟုတ်မှန်း ဂျန်ဝုရှီ သိထားသည်။ သို့သော် ဖန်ချီ၏ သေဆုံးခြင်းက ဖန်ဂျင်ကိုပါ အတူတူ ဆွဲခေါ်သွားရလောက်အောင် စေ့စေ့စပ်စပ် အကွက်ချ စီမံနိုင်သော ဦးနှောက် နင်ရူမှာ ရှိနေတာကိုတော့ သူမ မစဉ်းစားမိခဲ့ပေ။

ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းဖြင့် သတ်ဖြတ်ပစ်ခြင်းက တကယ့်ကို အားကျဖွယ်ကောင်းသော လုပ်ရပ် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now