၆၈၆။ တုန်လှုပ်ဖွယ် အပြောင်းအလဲ (၂)

Start from the beginning
                                    

ငါလား ဖန်ဇို တုန်လှုပ်သွားသည်။

အဲဒါ ဘာလဲဆိုတာ ငါ့ကို ဘာလို့ မပြောတာလဲ၊ ငါ နင့်အတွက် ပြန်ယူပေးလို့ ရတာပေါ့၊ နင် သွားလို့ လော့မဲ့မဲ့ တစ်ခုခု ဖြစ်ရင်, ငါ မကိုင်တွယ်နိုင်မှာ စိုးရိမ်တယ်။

ငါ အဲမှာ ဆေးတချို့ ဖော်စပ်စရာ ရှိသေးတယ်၊ နင် အဲဒါကို ဘယ်လိုလုပ် ငါ့အတွက် လုပ်ပေးနိုင်မှာလဲ၊ စိတ်ချသာ နေစမ်းပါ၊ ငါ လော့မဲ့မဲ့ရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ထားပြီးပါပြီ၊ ငါ ဆေးတချို့ကိုလည်း ထားခဲ့မှာပေါ့၊ နင် လုပ်ဖို့ လိုတာက လော့မဲ့မဲ့ကို တစ်နေ့သုံးကြိမ် ဆေးရေ စိမ်ပေးဖို့ပဲ၊ ဒါက နင် လုပ်ဖို့ လိုတာ အကုန်လုံးပဲ။

ဂျန်ဝုရှီက ခဏလောက် ရပ်ပြီး ဆက်ပြောသည် ဒါပေမဲ့ တစ်ခုတော့ မှတ်ထားအုံး၊ ဒီအတောအတွင်း တစ်နေ့လုံး နင် လော့မဲ့မဲ့ကို စောင့်ကြည့်ဖို့တော့ လိုအပ်တယ်၊ တစ်ခုခု မမျှော်လင့်တာ ဖြစ်လာခဲ့ရင်, လေညင်းကျောင်းတော်က ငါ့ဆီ ချက်ချင်း တစ်ယောက်ယောက်ကို လွှတ်ပြီး သတင်းပို့ခိုင်းလိုက်၊ နင် ဒီအခန်းထဲ အစောင့်ကို နေ့တိုင်း အစားအစာကို ပို့ခိုင်းထားလို့ ရတယ်။

ဖန်ဇို ခေါင်းညိတ်လိုက်သည်။ သူ နောက်ထပ် မည်သို့မျှ မကန့်ကွက်တော့ချေ။

ကောင်းပြီလေ, ငါ နင်ပြောတဲ့ အတိုင်း လုပ်ပါ့မယ်။

ဂျန်ဝုရှီက ဆက်လက် စားသည်။ သူမမျက်လုံးများမှာ မည်သည့် အမူအရာမှ မပေါ်ထွက်အောင် သူမ ထိန်းချုပ်ထားသည်။

ဒီအချိန်မှာ ဖန်ချီ သေဆုံးသွားကြောင်း ဖန်ဇိုကို မသိစေချင်သေးပေ။ ဖန်ဇိုက ဉာဏ်ထက်မြက်သူ ဖြစ်လင့်ကစား, ဖန်ချီက ဖန်ဇို့နှလုံးသားနှင့် အရင်းနှီးဆုံး လူတစ်ယောက် ဖြစ်သည်။ သူ့အတွက် အဓိပ္ပါယ်အများကြီး ရှိသူလည်း ဖြစ်သည်။ အရင်က ဖန်သားအဖကို ကာကွယ်ဖို့ ကိုယ်ကျိုးမငဲ့ဘဲ သူ့ကိုယ်ပိုင် အသက်ကိုပင် စွန့်လွှတ်ထားသူ ဖြစ်သည်။ ဖန်ချီ ကွယ်လွန်သွားတာကိုသာ ခုနေချိန် သိသွားလျှင် လေညင်းကျောင်းတော်သို့ အပြေးအလွှား ပြန်သွားမှာ ယုံမှားသံသယရှိစရာပင် မလိုပေ။

လေညင်းကျောင်းတော်ရှိ လက်ရှိအနေအထားက မရှင်းလင်းသေးချေ။ ဖန်ချီ သေဆုံးခြင်းကြောင့် ကျောင်းတော်၏ လက်ထောက် ကျောင်းအုပ်ကြီးဖြစ်သော နင်ရူက ချက်ချင်းပင် အမြင့်ဆုံးရာထူးကို ကိုင်ဆွဲထားလိမ့်မည်။ ဒီအချိန်မျိုးမှာ လေညင်းကျောင်းတော်သို့ ဖန်ဇို ပြန်သွားလျှင်, သူ့အား ထိခိုက်နာကျင်အောင် နင်ရူက အကောက်ကြံမှာ သံသယဝင်စရာပင် မလိုချေ။ ဒီလို အခြေအနေမှာ ဖန်ဇိုက ‌ဒေါသပြင်းစွာ ထွက်၍ အလျင်စလို တုံ့ပြန်လာမှာ ဖြစ်သည်။ သို့သော် သင့်လျော်မှန်ကန်စွာ တုံ့ပြန်နိုင်မှာလားဆိုတာ ဂျန်ဝုရှီ သေချာရေရာမှု မရှိချေ။

ထိုသို့ ဖြစ်စေမည့် အစား, အနေအထားတစ်ရပ်လုံးကို သိရှိရအောင် လေညင်းကျောင်းတော်သို့ သူမ အရင်ဆုံး ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ဂျန်ဝုရှီက လော့မဲ့မဲ့၏ အခြေအနေကိုလည်း အကုန်အမှန် မပြောပြထားပေ။ တကယ်တော့, လော့မဲ့မဲ့က နောက်ထပ် နှစ်ရက်လောက် အနားယူဖို့သာ လိုအပ်တော့သည်။ ထို့နောက် စိတ်ချလက်ချ ခရီးသွားလာနိုင်မည် ဖြစ်သည်။ သို့သော် ဖန်ဇို ချန်လင်းမြို့မှာ ကျန်ရစ်ဖို့ အကြောင်းပြချက်ကို ဂျန်ဝုရှီ လိုအပ်သည်။ လော့မဲ့မဲ့၏ ဒဏ်ရာများက ပိုမို လက်ခံစေနိုင်ပြီး ယုံကြည်စိတ်ချရစေသော အကြောင်းပြချက်တစ်ရပ် ဖြစ်နိုင်သည်။

အခန်းထဲမှ ထွက်ခွင့်မပေးဘဲ လော့မဲ့မဲ့ကို တစ်နေ့လုံး စောင့်ရှောက်ထားဖို့ ပြောခြင်းက ဖန်ချီ သေဆုံးကြောင်းကို တခြားသူများထံမှ မကြားမိစေဖို့ တားမြစ်ခြင်းပင် ဖြစ်သည်။

ဂျန်ဝုရှီနှင့် မျက်နှာချင်းဆိုင်တွင် ဖန်ဇိုက ဆက်လက် စားနေသည်။ ထိုအခိုက်မှာ သူ့မွေးစားဖခင်က လောကကြီးမှာ မရှိတော့ကြောင်း သူ့အတွေးထဲ လုံးဝ ဝင်ရောက်မလာပေ။

သုံးရက်ကြာပြီးနောက် ဂျန်ဝုရှီက ဖန်ဇိုနှင့် လော့မဲ့မဲ့ကို နှုတ်ဆက်၍ မြင်းဆွဲရထားလုံးသို့ တက်ကာ လေညင်းကျောင်းတော်သို့ ပြန်လာခဲ့သည်။

နင်ရူ... လေညင်းကျောင်းတော်ကို ဘယ်လိုမျိုး အုတ်အုတ်ကျက်ကျက် ဖြစ်စေခဲ့လဲဆိုတာ ငါ တကယ် မြင်ချင်မိပါရဲ့ ဂျန်ဝုရှီက ပြောလိုက်သည်။ သူမမျက်လုံးများက ကြောက်စရာကောင်းလောက်အောင် ကျဉ်းမြောင်းသွားလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now