၆၇၈။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၃)

Începe de la început
                                    

ငါ အတော့်ကို ပင်ပန်းနေလို့ ဖြစ်မယ်.... ငါ အတော် အိပ်ချင်မူးတူး ဖြစ်နေတာလား... ကျောက်ချူ၏ မျက်နှာက တောင့်တင်းနေပြီး သူ့ပေါင်ကို သူ ဆိတ်ဆွဲကြည့်လိုက်သည်။ မျက်ရည်ကျလောက်အောင် တကယ် နာတာကို သူ ခံစားလိုက်ရသည်။

(အိုး ဘုရားသခင်... ဒါက အစစ်ကြီးဟ... အိပ်မက် မဟုတ်ဘူးဟ...)

ဟွာယောင်းက နောက်ဆုံးတွင် ပြန်လည် သတိဝင်လာပြီး ဂျန်ဝုရှီကို ဂရုတစိုက် စစ်ဆေးကြည့်ရှုသည်။ သူ့မျက်လုံးများက အံ့အားသင့်ခြင်းဖြင့် ပြည့်နှက်သွားသည်။

ရှီလေး... မင်း ဘယ်လိုလုပ်ပြီး... ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင် ဖြစ်လာရတာလဲ ဂျန်ဝုရှီက ဒီတစ်ချိန်လုံး သူမ၏ ဝိညာဉ်စွမ်းအားကို အလွန်မြန်ဆန်စွာ မြှင့်တင်နိုင်ခဲ့သည်။ သို့သော်ငြား ဒီလောက် ရက်နည်းနည်းလေးဖြင့် ခရမ်းရောင်ဝိညာဉ်စွမ်းအားကို ရရှိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

အောက်ဘုံကို မပြောနှင့်, အလယ်ဘုံမှာပင် ဒီလောက် မယုံနိုင်ဖွယ် မိစ္ဆာဆန်လွန်းသော သူကို မတွေ့ရပေ။

ဖန်ဇို၏ မျက်လုံးများက ခဏလောက် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်သန်းသွားသည်။ သို့သော် သူက မြန်ဆန်စွာ သတိပြန်ဝင်သွားသူ ဖြစ်သည်။

မင်း အလယ်ဘုံရဲ့ ဝိညာဉ်စွမ်းအား အဆင့်မြှင့်တဲ့ နည်းလမ်းကို သင်ယူတတ်မြောက်သွားပြီလား။

ဖန်ဇို့ စကားများက ကျောက်ချူတို့အား အသိဝင်သွားစေခဲ့သည်။ ယဲ့ရှက အစောပိုင်း ပြောဆိုခဲ့သည်, ကျောက်တုံးအိမ်ထဲရှိ လူက အစစ်အမှန် ဝိညာဉ်စွမ်းအားရှင် မဟုတ်သေးဟူ၍။ ထို့ကြောင့်ပင် သူတို့က နန်းတော်ဆယ့်နှစ်ခုမှ လူဖြစ်ရမည်ဟူ၍ ယူဆခဲ့ကြသည်။ သူတို့၏ ဝိညာဉ်စွမ်းအားကို ခရမ်းရောင်ဝိညာဉ်စွမ်းအားသို့ ယာယီမြှင့်တင်ဖို့ နည်းလမ်းကို အသုံးပြုနိုင်သူများက အလယ်ဘုံမှသာ မဟုတ်လော။

ကျောက်တုံးအိမ်ထဲမှ လူက ဂျန်ဝုရှီဟူ၍ သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။

ဒါကပင် ဂျန်ဝုရှီက လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို ခရမ်းရောင်ဝိညာဉ်စွမ်းအားအဆင့်သို့ မြှင့်တင်ခြင်း နောက်ကွယ်ရှိ ဆိုလိုရင်းကို ဆုပ်ကိုင်ထားနိုင်ပြီဟူ၍ ဆိုလိုနေသည်။ သို့သော် သူမက ထိုနည်းလမ်းကို မည်သည့်နေရာမှ သင်ယူတတ်မြောက်ခဲ့သနည်း။

သူတို့ စိတ်ထဲမှာ အဆုံးမရှိသော မေးခွန်းများနှင့် ပြည့်နှက်နေပြီး တုန်လှုပ်ချောက်ချားခြင်းကြောင့် ပဲ့တင်သံ ဆူညံနေသည်။ သူတို့ နေ့ရက်များစွာ ရှာဖွေပြီးနောက် ဂျန်ဝုရှီကို နောက်ဆုံးမှာ တွေ့ရှိခဲ့ရသည်။ သို့သော် သူမကား ကြီးကြီးမားမား ပြောင်းလဲသွားခဲ့လေပြီ။

(ဒီကောင်မလေးက လူသားအစစ်လား, မိစ္ဆာလား။)

တံခါးရှေ့မှာ ရပ်နေကြသော သူမအပေါင်းအသင်းများကို ဂျန်ဝုရှီ ကြည့်လိုက်သည်။ သူမ ခဏလောက် တိတ်ဆိတ်ပြီးနောက် ပြောလိုက်သည် အထဲဝင် ပြောကြတာပေါ့။

အပြင်ဘက်က အေးစက်နေပြီး စကားစမြည်ပြောဖို့ အဆင်ပြေမနေပေ။

လူတိုင်း အထဲသို့ အလျင်အမြန် ဝင်လိုက်ကြသည်။ ယဲ့ရှက ဂျန်ဝုရှီဘေးနားသို့ တက်လာကာ ရပ်၍ ပြောသည် သခင်မလေး, ဒီငယ်သားက သခင်မလေးကို ကျကျနန မကာကွယ်နိုင်ခဲ့ဘူး၊ ကျနော် ကျရှုံးခဲ့တယ်၊ ကျနော့် တာဝန် မကျေပွန်လို့ အပြစ်ပေးဖို့ ကျနော် တောင်းဆိုပါတယ်။

ဂျန်ဝုရှီက ခေါင်းခါလိုက်ပြီး ယဲ့ရှအား အိမ်ထဲမှာ နေရာပေးလိုက်သည်။

အိမ်လေးက သေးငယ်လွန်းသဖြင့် သူတို့အားလုံး အထဲဝင်လိုက်လျှင် ဖင်မလှည့်သာ ခေါင်းမလှည့်သာ ဖြစ်သွားရသည်။ ကျောက်ချူတို့က အကြမ်းထည်ဆန်သော်လည်း အသုံးဝင်သည့် ထောင့်စွန်းလေးမှာရှိသော အိပ်ရာကို ကြည့်လိုက်ကြသည်။ အိပ်ရာပေါ်တွင် အဝတ်များကို ထပ်ဆင့်ထားသည်။ ၎င်းအပေါ်တွင် အမည်း‌ရောင် ပုံရိပ်တစ်ခုရှိသည်။ ၎င်းပုံရိပ်က ငြိမ်သက်စွာ ခွေအိပ်နေသည်။ ၎င်းပုံရိပ်ကို အဝတ်များဖြင့် လွှမ်းခြုံပေးထားသည်။

ဖန်ဇို့မျက်လုံးများက မှတ်မိသွားသဖြင့် ပြူးကျယ်သွားရသည်။ သူ ဂျန်ဝုရှီကို လှည့်ကြည့်၍ မေးသည်။

ဒါ လော့မဲ့မဲ့လား။

ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။

ဖန်ဇို အတော် ဝမ်းနည်းသွားသည်။ ဂျန်ဝုရှီ ဝါးတောအုပ်လေးမှာ နေထိုင်စဉ် လော့မဲ့မဲ့လည်း အတူတူ နေထိုင်ခဲ့သည်။ ထိုစဉ်တုန်းက လော့မဲ့မဲ့က ဖန်ဇိုနှင့် တကယ်ပင် တရင်းတနှီး မရှိခဲ့ပေ။ သို့သော် ထိုချစ်စရာကောင်းသော အကောင်လေးက ဒီလို သနားစရာ အနေအထားသို့ ရောက်ရှိသွားတာကို သူ မြင်ရချိန်မှာ, ဖန်ဇို့နှလုံးသားက ထိုအကောင်လေးအတွက် တကယ်ပင် နာကျင်သွားရသည်။

ပါရမီရှင်သမားတော်(၂)Unde poveștirile trăiesc. Descoperă acum