အပိုင်း ၄၄ : အနာဂတ်စစ်ပွဲ (၃)

179 38 2
                                    

...ဇာတ်ကွက်စတာတောင်မကြာသေးဘူး စနေပြီလား?

သူမူရင်းဝတ္ထုကိုပြန်အမှတ်ရရန်ကြိုးစားသော်လည်း အစောပိုင်းကျူးကျော်မှုမျိုးကိုတော့စဉ်စားမရခဲ့ပေ။ဆိုလိုသည်မှာ‘တခြားပုံသေမဟုတ်သောလူများ’ပေါ်ပေါက်လာချေပြီ။

အမှောင်ထုထဲတွင် ဆိုင်ကယ်ရှေ့မီးခွက်အလင်းများပိတ်သွားပြီးနောက်လူတို့၏စကားပြောသံများထွက်ပေါ်လာ၏။

“အာ၊‌ငါတို့နောက်ဆုံးတော့ချွန်းမူရိုကိုရောက်လာခဲ့ပြီ”

“တကယ်ပဲ သူတို့ဇာတ်ကွက်ပြီးဖို့အချိန်တော်တော်ကြာတာပဲ”

“ဟေး တိတ်တိတ်နေစမ်း။သူတို့ကြားသွားဦးမယ်။နောက်ပြီးဇာတ်ကွက်တွေကဘူတာရုံတစ်ခုနဲ့တစ်ခုကြားကွဲသွားတာကိုမင်းမသိဘူးလား?”

လက်နက်များကိုင်ဆောင်ထားသည့်လူတို့ချဉ်းကပ်လာသည်ကိုသူကြည့်နေ၏။တိုက်ပွဲတစ်ခုတွင်အရေးကြီးဆုံးအရာမှာလက်ဦးမှုရယူခြင်းဖြစ်ကာ သူရှေ့သို့ထွက်လာသည်။သူ့နောက်မှအီဟွန်းဆန်း၊ဂျောင်ဟီးဝန်နှင့်ယူဆန်းအာတို့ကပ်လိုက်လာသည်။အီဂီယောန်းမှာအိပ်နေဆဲပင်။

ဘယ်နှစ်စက္ကန့်လောက်ကုန်သွားပြီလဲ?

ယောင်္ကျားလေးနှင့်မိန်းကလေးလေးယောက် အမှောင်ထုထဲမှဒီဖက်သို့လျှောက်လာကြ၏။သူပြောလိုက်သည်။

“အဲ့မှာပဲရပ်နေ”

“အယ်?ကောင်းပြီ ကောင်းပြီ”

သူ ထိုလူအုပ်အားဓါးဖြင့်ရွယ်ထားသည်ကိုမြင်တော့ ရောက်ရာနေရာမှာပင်ရပ်လိုက်ကြသည်။သူတို့ဘေးတွင်အဖြူရောင်ဆိုင်ကယ်တစ်စီးရှိနေသည်။သူလက်နက်များဆွဲထုတ်သံကိုကြားလိုက်ရပေမဲ့ လူတစ်‌ယောက်၏အသံမှာပိုမြန်သွားသည်။

“ခဏလေးနေပါဦး။စိတ်လျှော့ပါဗျာ။အိုး ကျွန်တော့်ခမျာကြောက်လွန်းလို့စကားတောင်မပြောနိုင်တော့ဘူး”

“မင်းလက်နက်တွေကိုချပြီး ဖြေးဖြေးချင်းဒီဖက်ကိုလာခဲ့”

ထိုလူမှာသူ့လက်နက်ကိုချကာ လက်နှစ်ဖက်အားမြှောက်လျက် ချဉ်းကပ်လာသည်။ထိုလူအလင်း‌ထဲဝင်လာသည်နှင့် ထိုလူ၏အသွင်အပြင်မှာသိပ်မဆိုးကာ ပုံပန်းမှာလည်းအတော်တန်သင့်လျော်သည့်ခံစားချက်မျိုးပေးစွမ်းနေ၏။သူ့ခပ်ပါးပါးမျက်ဝန်း‌တွေမှာပြေပြေလေးကွေးနေ‌ကာ

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz