အပိုင်း၉၄ : ပြိုင်စံရှား (၃)

141 31 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

သူမျက်လုံးနှစ်လုံးဖွင့်သည့်အချိန်မှာတော့ မနက်ခင်းတောင်ရောက်‌နေခဲ့လေပြီ။သူနိုးလာတာကိုမြင်တဲ့ ဟန်ဆူယုန်းမှာသူ့အားပြုံးပြလာ၏။သူမသူ့အားစောင့်ကြပ်ပေး‌နေလိမ့်မည်လို့ထင်မထားခဲ့ “အိမ်မက်မက်ဆိုးမက်လို့လား?”

“နည်းနည်းပါးပါးပါ”

ထင်းမီးတို့တညလုံးလောင်ကျွမ်းခြင်း၏ရလဒ်ကြောင့်နီနီရဲရဲမီးခဲတို့မှာဖြူစုတ်စုတ်မီးခဲများအဖြစ်သို့ပြောင်းလဲသွားခဲ့ချေပြီ။သူမီးအားငြိမ်းသတ်ကာ ‌ခေါင်းနှစ်ခြမ်းကွဲမတတ်နာကျင်နေသည့် သူ့နဖူးအားစမ်းကြည့်လိုက်၏။အသင်္ချေစာဖတ်သူမှတဆင့်မြင်လိုက်ရသည့်မြင်ကွင်းမှာ...

ဂီလ်ယုန်း အနှီကောင်လေးအဆင်ရောပြေရဲ့လားဆိုတာသူမသိ“ယူဆန်းအာရှီရော?”

“ကင်းထောက်နေတယ်”ဟန်ဆူယုန်း သူမစမတ်ဖုန်းအားကြည့်နေရင်းပြန်ဖြေသည်။

သူ‌မအားသူမေး၏။“မင်းဘာကြည့်နေတာလဲ?”

“ဝတ္ထု”

“မင်းဝတ္ထုလား?”

“အဲ့တာမဟုတ်လို့ဘယ်ဝတ္ထုဖြစ်ရမှာလဲ?”

ဒါပေါ့ ဒီလိုအခြေအနေကြီးမှာတခြားဝတ္ထုဖတ်ဖို့ဆိုတာထူးဆန်းနေမှာပင်။

“ငါအမြဲတမ်းတွေးမိတယ်၊စာရေးသူတစ်ယောက်အနေနဲ့ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်တာပျော်စရာကောင်းလားဆိုတာကို?”

“အရမ်းပျော်ဖို့ကောင်းတယ်”

“အသေးစိတ်အချက်အလက်တွေအကုန်သိထားပြီးတာတောင်မှလား?”သူမတွေးဘဲမေးချလိုက်ပေမဲ့ ဟန်ဆူယုန်းကထင်မထားသည့်အဖြေမျိုးသူ့အားပြန်ပေးလာသည်။

“ပြောရမယ်ဆို ဇာတ်လမ်းကတူညီနေတာတောင်မှ တမူကွဲပြားနေတယ်ဆိုတဲ့ခံစားချက်မျိုးတခါတလေခံစားရတယ်”

“ဘာကို?”

“စာရေးသူတစ်ယောက်က သူ့တို့ဖန်တီးထားတဲ့ဝတ္ထုအပေါ်အပြည့်အဝမထိန်းချုပ်နိုင်ဘူး။ဘယ်အချိန်မဆိုပြန်ဖတ်တိုင်းအပေါက်တွေအများကြီးရှိစမြဲပဲ။နောက်ဆုံးတော့လည်း စာဖတ်တယ်ဆိုတာ အဲ့ဒီလိုအပ်နေတဲ့အပေါက်တွေကိုသူ့နေရာသူပြန်ရောက်အောင်ထိန်းသိမ်းပေးတဲ့လုပ်ငန်းစဉ်ကြီးလိုပဲ။”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now