အပိုင်း ၃၃ : အရေး‌ပေါ်ကာကွယ်ရေး (၂)

199 48 3
                                    

Unicode
Scroll down for Zawgyi

နောက်ဆုံးတွင်ချိန်းဆိုထားသောအချိန်သို့ရောက်လာချေပြီ။

သူအဖွဲ့သားတွေကိုပလက်ဖောင်းလိုင်းအမှတ်၃ပေါ်တွင်စုရုံးလိုက်သည်။အဖွဲ့သားတိုင်းဟာသူတို့၏လက်နက်တွေအားအသေအချာစစ်ဆေးနေကြကာ အီဟွန်းဆုန်းမှာလည်းသူ့လက်နက်အားစနစ်တကျကိုင်တွယ်ပုံရ၏။

“ကျွန်တော်ဒို့ဂျာရှီပြောတဲ့အတိုင်းလုပ်ထားတယ်။”

အခုထိသူတို့အသုံးပြုခဲ့သည့်လက်နက်တွေမှာအလွန်အိုဟောင်းနေပြီဖြစ်သည်မို့ သူအီဟွန်းဆုန်းအားလက်နက်အသစ်များပြုလုပ်ရန်ခိုင်းထားခဲ့သည်။

ပါဝင်ပစ္စည်းအပိုင်းအစများမှာ အဆင့်၈မြေအောက်မျိုးစိတ်များနှင့်မနေ့ညကမှနပန်းလုံးသတ်ဖြတ်ထားသည့် ဂရိုး ဆီမှဖြစ်ချေသည်။ဓားနှင့်လှံများမှာ ဂရိုး များ၏ဦးချိုမှဖြတ်ထုတ်ကာပြုလုပ်ထားကာ ၎င်းတို့မှာသိပ်မရှည်လျားကြသော်လည်း ယာယီအရွယ်အစားအဖြစ်သင့်တော်၏။

ဂျောင်ဟီးဝန်မှာ သူမကျေနပ်နေသကဲ့ပြုံးနေ၏။

“ဒါကပိုပေါ့ပြီး ခံနိုင်ရည်ရှိမဲ့ပုံပေါ်တယ်နော်?”

“အာ...ဒို့ဂျာရှီ၊ဟွန်းဆန်းရှီ ကျေးဇူးအများကြီးတင်ပါတယ်”

ယူဆန်းအာကဦးညွတ်လာသည်။ ဂရိုး ၏ဦးချိုဟာခပ်တုံးတုံးလက်နက်မျိုးမပြုလုပ်နိုင်သည်မို့ အီဂီယောန်းတစ်ယောက်ထဲသာ မြေကြွက်မှရသည့်လက်နက်အားကိုင်ဆောင်ထားခဲ့သည်။အီဂီယောန်းကတိတ်ဆိတ်စွာမြေပြင်အားစိုက်ကြည့်နေ၏။

စိတ်ကောက်နေတဲ့ကလေး...သူထိုကလေး၏ခေါင်းအားပွတ်သပ်ပြီးပြောလိုက်သည်။

“ဒီတိုက်ပွဲကလွယ်မှာမဟုတ်ဘူး။အခုအခြေအနေကမနေ့ကထက်ပိုအန္တရာယ်များတယ်။အားလုံးအဆင်သင့်ဖြစ်ကြပြီလား?”

အဖွဲ့သားတွေမှာခေါင်းညိတ်ပြလာသည်။

“ဒါဆိုငါတို့အခုပဲစမယ်”

အခုချိန်မှစအချိန်နဲ့ယှဉ်ကာတိုက်ရမဲ့အချိန်ပင်။သူတို့အ‌နေနှင့်မြေရှင်အဖွဲ့အခြေအနေကို သတိမထားမိခင် အတတ်နိုင်ဆုံးမြန်နိုင်သမျှမြန်အောင်လုပ်မှရပေမည်။
သူနှင့်အီဟွန်းဆုန်း စတင်ကာလှေကားထစ်များပေါ်တတ်စဉ် ဂျောင်ဟီးဝန်၊ယူဆန်းအာနှင့်အီဂီယောန်း တို့ဟာ သူတို့၏မစ်ရှင်များအတွက်သက်ဆိုင်ရာအလွှာအသီးသီးဆီသို့‌ပျောက်ကွယ်သွားကြ၏။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now