အပိုင်း ၅၆ : ဇာတ်လိုက်ရဲ့ပထမလူရှုထောင့် (၃)

153 35 2
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

[ကြယ်တာရာ‘ရွှေခေါင်းဆောင်း၏အကျဉ်းသား’သည်သင့်တိုက်ပွဲစိတ်ဓာတ်အားလက်ခုပ်ဩဘာပေးသည်။]

[ကြယ်တာရာ‘နတ်ဆိုးကဲ့သို့မီးတရာရှင်’သည်သင့်ရဲစွမ်းသတ္တိကိုချီးကျူးသည်။]

[ကြယ်တာရာ‘ပဟေဠိအကြံရှင်’သည်သင့်နည်းဗျူဟာများကိုသိချင်‌နေသည်။]

....•

[သင့်တင်ဆက်မှုကြောင့်ကြယ်တာရာအချို့မှာနက်နက်နဲနဲသဘောကျသည်။]

[ဒင်္ဂါး၂၀၀၀၀စပွန်ဆာပေးခဲ့သည်။]

ကြားခံမှုတစ်ရပ်မပါရှိဘဲတိုက်ရိုက်မက်ဆေ့ခ်ျများဒလဟောကျလာသည်နှင့်အတူ သူမျက်မှောင်ကြုတ်မိ၏။မည်သူတစ်ဦးမှချီး‌မွှမ်းသည်ကိုမနှစ်သက်ကြ။သို့သော်လည်းဒါဇင်နှင့်ချီသောချီးမွှမ်းမှုများတစ်ကြိမ်တည်းထွက်ပေါ်လာသည်မှာတော့လွန်လွန်းသွားချေပြီ။

ဘီဟွန်းကဘယ်နားရောက်သွားလို့ ဘာလို့များမက်ဆေ့ခ်ျတွေကိုမခန့်ခွဲထားရတာလဲ?အာ...ကြည့်ရတာအခုလောလောဆယ်ဘီဟွန်းတစ်ယောက် အုပ်ချုပ်ရေးဗျူရှိကနေဆင့်ခေါ်ခံလိုက်ရတာနေမယ်။

ဒါနဲ့ စပွန်ဆာပေးလာတဲ့ဒင်္ဂါးစုစုပေါင်းပမာဏက ဒင်္ဂါး၂၀၀၀၀...‘ချန်နယ်ငယ်လေး’တွေမှာ‘ချန်နယ်ကြီး’တွေနှင့်ကွာခြားသည်။

သူမီးနဂါး၏ကိုယ်ထည်ကိုအလျင်မြန်ကြည့်ကာ အမြူတေကိုဆွဲထုတ်လိုက်သည်။

[အဆင့်၅မီးနဂါးအမြူတေ]

အမြူတေအားအနီရောင်အလင်းဖျော့ဖျော့မှ၀န်းရံထားပြီး ကပ်ဘေးမှထွက်ပေါ်လာသောအမြူတေ၏အရည်အ‌သွေးမှာတမူထူးခြား၏။

၎င်းသည်အခြေအနေဆိုးရွားနေသော်ငြားနဂါးတစ်ကောင်ဖြစ်နေဆဲပင်။၎င်းတွင်အကျိုးရှိသောအစိတ်အပိုင်းများအမြောက်အမြားရှိကာ ဥပမာဆိုရသော် အရိုးများနှင့်သားရေများပင်ဖြစ်ပြီး ၎င်းတို့အားဖလှယ်ခြင်းသို့မဟုတ် ပန်းပဲဖိုကောင်းတစ်ခု၌စနစ်တကျပြုပြင်ထုတ်လုပ်လို့ရနိုင်ပေသည်။

သူမီးနဂါးကိုယ်ထည်ကိုငုံ့ကြည့်လိုက်သည်။သူ့အနေနှင့်ကပ်ဘေးတစ်ခုကိုနှိမ်နင်းနိုင်ခဲ့ပေမဲ့ ဒီလောက်လေးသာရဖို့အတွက်ဆို...

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon