အပိုင်း ၁၀၇ : ပြောင်းလဲမရနိုင်သည့်အရာများ (၆)

144 29 2
                                    

Unicode
Scroll down for 𝘡𝘢𝘸𝘨𝘺𝘪

ဂျောင်ဟီးဝန်ရှေ့သို့ပြေးထွက်သွားသည်။သူမရဲ့ကြွက်သားများကမူ တရားစီရင်ချိန်ကြောင့် အစွန်းဆုံထိသန်မာနေပြီး နတ်ဆိုးသတ်ဖြတ်သူbuffဟာ သူမရဲ့အာရုံခံမှုအားထက်ရှစေသည်။

ယူရီရယ်၏ငရဲမီးတောက်နှင့်အတူ သူမရဲ့တိုက်ခိုက်ရေးစွမ်းအားမှာလည်းအကောင်းတကာ့အကောင်းဆုံးအသွင်ယူထားလေသည်။

တရားစီရင်ချက်၏တောက်လောင်နေသောမီးတောက်များ။၎င်းတို့ဟာရှင်ယူဆွန်းအား စီရင်နေကြသည်မဟုတ်သော်ငြား ထိုမီးတောက်များအားလက်ခံရရှိမည့်သူဟာ ရှင်ယူဆွန်းပင်ဖြစ်နေပြန်၏။

[ကြယ်တာရာ‘နတ်ဆိုးကဲ့သို့မီးတရာရှင်’သည်စစ်မြေပြင်အပေါ် ဝမ်းပန်းတနည်းကြည့်နေသည်။]

ဂျောင်ဟီးဝန်ရဲ့ဓားသွားဟာ တိုက်ပွဲ့အဖွင့်အားစတင်၏။

[ဇာတ်ကောင်‘ဂျောင်ဟီးဝန်’သည် ငရဲမီးတောက်Lv.1 အားအသုံးပြုသည်။]

စတခ်ျမာသည် Lv1သာရှိသော်ငြား ငရဲမီးတောက်များကမူ ရှင်ယူဆွန်း၏အီသာမုန်တိုင်းများတလျှောက်တောက်လောင်နေကြသည်။

မဟာနတ်ဆိုး၏စွမ်းအား၊သားရဲဘုရင်အငွေ့အသက်အား မှုတ်ထုတ်လိုက်သော်လည်း ဂျောင်ဟီးဝန်ကတော့ဂရုပင်စိုက်မနေ။သူမဟာ သူမဓားအားတတ်နိုင်သမျှမြဲမြဲဆုပ်ကိုင်ကာ ကောင်းကင်နှင့်မြေကြီးအားဆက်သွယ်နေသောမျဉ်းတစ်ကြောင်းအားဆွဲသည်။သားရဲဘုရင်အငွေ့အသက်များ ငရဲမီးတောက်အားထိလျှင်ထိချင်းမှာပင် မီးခိုးငွေ့များအဖြစ်ပြောင်းလဲသွားကြ၏။

လူတစ်ဦးက“ဘုရားရေ အဲ့တာဘာကြီးလဲ”ဟုခပ်ဟဟရေရွတ်သည်။

ငရဲမီးတောက်ဟူသည် ၎င်း၏နောက်ဆုံးအဆင့်ရောက်ရှိသွားသည်နှင့် ဂြိုလ်တစ်လုံး၏သမုန္ဒရာကိုတောင်အငွေ့ပျံပျောက်ကွယ်သွားစေနိုင်သောစတခ်ျမာတစ်ခုဖြစ်သည်။မူရင်းဝတ္ထုထဲ‘Messiah’ထွက်ပေါ်လာခဲ့သည့်အချိန်တုန်းက သူ့အတွက်ကြိုတင်လမ်းဖွင့်ပေးခဲ့သူမှာယူရီယယ်ပင်ဖြစ်၏။

(*Messiah-)

မဟာနတ်ဆိုးနှင့်နီးစပ်နေသောမဟာနတ်ဆိုးရန်သူ၊နတ်ဆိုးများအားလုံးကြောက်ရွံရသည့်တမန်တော်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now