အပိုင်း ၃၀ : မြေရှင် (၄)

198 49 3
                                    

Unicode
Scroll down for Zawgyi

ဒိုကဲဘီပျောက်ကွယ်သွားသည်နှင့်ပလက်ဖောင်းလိုင်းအမှတ်၃၌ ဒါဇင်နှင့်ချီသောဒဏ်ရာရသူများထွက်ပေါ်လာကြ၏။

ပလက်ဖောင်းလိုင်းအမှတ်၃ပေါ်တွင် လက်ရှိအခန်းတစ်ခန်းသာကျန်ရှိတော့သည်။ ဒီနေရာတွင်သန်မာသူဟူ၍မရှိ။ထို့အတွက်ကြောင့်ပင်အားနည်းသူတွေလည်းလက်မလျော့ဘဲအချင်းချင်း တိုက်ခိုက်ကြသည်။

“သေစမ်း!သေ!”

[တတိယဇာတ်ကွက်မစတင်မှီအချိန်နာရီ၀က်ရှိပါသည်။]

ပတ်၀န်းကျင်၌အုန်းအုန်းကျွက်ကျွက်ဖြစ်လာသည်နှင့်အတူသူကတော့ရှင်သန်ရာနည်းလမ်းများကိုသာတိတ်တဆိတ်နေခဲ့၏။ကြည့်ရတာဒီနေ့ဇာတ်ကွက်လည်းသူထင်သည့်အတိုင်းပဲဆက်သွားလိမ့်မည်။အသက်ရှင်ဖို့ရန် သူစာလုံးတစ်လုံးတောင်မှလွတ်သွားလို့မဖြစ်။

[မင်းအခုဘာလုပ်နေတာလဲ?]

ဘီဟွန်းအသံနှင့်အတူ ကြယ်တာရာများ၏မက်ဆေခ်ျ့သံတွေကိုပါကြားလိုက်ရသည်။

[ကြယ်တာရာ‘ရွှေခေါင်းဆောင်း၏အကျဉ်းသား’သည် သင်ဘာလုပ်နေတာလဲဆိုသည်ကိုသိချင်နေသည်။]

သူအလိုအလျောက်ပင်စမတ်ဖုန်းအားပိတ်လိုက်၏။သူအခုထိမတွေးရသေးသည့်အရာတစ်ခုရှိနေသည်။သူရှင်သန်ရာနည်းလမ်းများကိုဖတ်နေချိန်ဘာလို့များကြယ်တာရာတွေကမတုန့်ပြန်တာလဲ?

မူရင်းဝတ္ထုရှင်သန်ရာနည်းလမ်းများတွင် ကြယ်တာရာများက ယူဂျွန်ဟော့ကိုပြန်လည်ရှင်သန်သူတစ်ယောက်မှန်းသိသွားကြပြီးနောက်တရားမျှတမှုအကြောင်းမေးခွန်းထုတ်လာကြ၏။သူဖတ်နေသည့်စာသားအပေါ်တစ်ခုခုပြောကြသည်မှာသာမန်ပင်။

[မင်းအခု notepadဗလာကြီးနဲ့ဘာလုပ်နေတာလဲ?မင်းကြောင့်နဲ့ကြယ်တာရာအကုန်စိတ်အနှောက်အယှက်ဖြစ်ပြီးရူးတော့မယ်ကွ]

...ဗလာကျင်းနေတဲ့notepad?

သူစမတ်ဖုန်းအားထပ်ဖွင့်လိုက်တော့ပျက်သုန်းခြင်းနည်းလမ်းများ ဖုန်းမျက်နှာပြင်တွင်ပေါ်လာ၏။

“မင်းပြောနေတာဒါလား?”

[ဟုတ်တယ်လေ!မင်းအဲ့ဒီnotepadနဲ့ဘာလုပ်မလို့လဲလို့?မင်းဒီတိုင်းနေနေမယ်ဆိုသေလိမ့်မယ်ကွ!ဟ ငါတော့ ဒီလိုလူကိုယုံစားပြီးစာချုပ်ချုပ်ခဲ့မိတာပဲ..]

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now