အပိုင်း ၆၀ : ဘုရင်တို့ရဲ့တိုက်ပွဲ (၂)

180 31 4
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

သူ့အသိဉာဏ်များငြိမ်သက်စွာပင်ပြန်လည်ရောက်ရှိလာပြီး အသိစိတ်တို့မှာလည်းလက်တွေ့သို့ပြန်ရောက်လာ၏။

[မူပိုင်စကေးလ် အသင်္ချေစာဖတ်သူ၏ရှုထောင့်အဆင့်၃ ပြီးဆုံးသွားသည်။]

တတိယအဆင့်သည်သူ့ထင်ထားသည်ထက်ပို၍ပင်ပန်းသည့်အတွက် ၎င်းအားအချိန်ကြာကြာထိန်းမထားနိုင်ပေ။

ထို့အပြင် သူနောင်တရမိသည့်နောက်ထပ်အချက်တစ်ခုကိုပါသိရှိလိုက်ရသည်။

၎င်းဟာ အသင်္ချေစာဖတ်သူ၏ရှုထောင့်အဆင့်၃ကိုအသုံးပြုတိုင်း စကေးလ်းတစ်ခုရရှိမည်မဟုတ်ကြောင်းဆိုသည့်အချက်ပင်။ကြည့်ရတာ ၎င်းသည် ဇာတ်လိုက်၏ပထမလူရှုထောင့်ရဲ့ကိုယ်တွင်းဝင်ရောက်ခြင်းဖြင့်သာရရှိနိုင်သောဆုလာဒ်ဖြစ်ပုံရ၏။စိတ်မကောင်းစွာဖြင့် ထိုကိုယ်တွင်းသို့ဝင်ရောက်နိုင်ရန် လိုအပ်ချက်များကိုသူမသိပေ။

အကယ်၍သူသာအိပ်မောကျတိုင်း ဇာတ်လိုက်၏ပထမလူရှုထောင့်ကိုအသုံးပြုပြီးယူဂျွန်ဟော့၏စကေးလ်တစ်ခုကိုရရှိနိုင်မည်ဆိုကောင်းလိမ့်မည်ပင်။

သူမျက်လုံးဖွင့်လိုက်သည်နှင့် ‌ဂျောင်ဟီးဝန်ကသူ့အားကြည့်နေသည်ကိုတွေ့လိုက်ရ၏။

“ခင်ဗျားအိပ်ရင်းနဲ့ထပ်ယောင်နေပြန်ပြီ”

ယောင်တယ်?မဖြစ်နိုင်တာ။

“ငါဘာပြောလဲ?”

“ကြားရသလောက်ကတော့...အမေဆိုလားပဲ”

“...အမေ?”

ငါကဘာလို့အဲ့တာမျိုးကိုကိုယ့်ဘာသာကိုယ်ပြောရတာလဲ?ထိုအရာဟာအမှန်လားအမှားလားဆိုတာသိရန်ခက်၏။

ဂျောင်ဟီးဝန်မှာသူ့အားပဟေဠိဆန်သောအပြုံးဖြင့် ကြည့်နေလေသည်။

သူအပေါ်ယံမျှသာပြန်ဖြေလိုက်သည်။

“အင်း ကြည့်ရတာငါလည်းငါ့အမေကိုစိတ်ပူနေတဲ့ပုံပဲ။အဲ့တာထက်ငါဂျောင်ဟီးဝန်-ရှီကိုတောင်းဆိုစရာရှိတယ်”

“ဘာများလဲ?”

“ဟီးဝန်းရှီ ဒီတစ်ခေါက်ဂွမ်ဟွာမွန်းတိုက်ပွဲထဲဝင်မပါပါနဲ့။”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Место, где живут истории. Откройте их для себя