အပိုင်း ၁၇ : ကြောင်သူတော်စကား (၃)

257 58 5
                                    

ချွန်းအင်ဟို၏၀င်ရောက်နှောက်ယှက်ခြင်းမျိုးရှိသော်လည်း ကြယ်တာရာများမှာ ဆုကြေးဇာတ်ကွက်တောင်းဆိုခြင်းမျိုးမရှိခဲ့။တနည်းအားဖြင့် ထိုလူနှင့်ရင်ဆိုင်ရန်အချိန်ကောင်းမဟုတ်သေးပေ။

နေ့တစ်၀က်လောက်အချိန်ယူပြီး ဂမ်းဟို ဘူတာရုံ အခြေအနေအားနားလည်ရန်အာရုံစိုက်လိုက်နိုင်သည်။ အီဟွန်းဆုန်းမှာသူ့အားအဓိကအချက်အလက်များပေးခဲ့သူဖြစ်သည်။

“ခုလောလောဆယ် ဂမ်းဟို ဘူတာရုံမှာလူ၈၆ယောက်ရှိနေတယ်။အာ ခု ဒို့ဂျာရှီအပါဆို ၈၇ယောက်လောက်ရှိမယ်ထင်တယ်။”

“ထင်တာထက်နည်းသားပဲ”

“ဟုတ်တယ်။ဇာတ်ကွက်စပေါ်ထဲက ဘူတာရုံနဲ့နီးတဲ့သူတွေနှင့်ရထားပေါ်ကလူတွေလောက်ပဲအသက်ရှင်တာ။လူတိုင်းဘာမှမပြောကြပေမဲ့ကြည့်ရတာ ပထမဇာတ်ကွက်မှာထဲက...”

သူစကားဆက်စရာပင်မလိုလိုက်။လူတွေရဲ့မျက်နှာအမူအရာတွေအားမြင်နေရသည်။ကိုယ်အသက်ရှင်ရေးအတွက်တခြားလူတစ်ယောက်ရဲ့အသက်အား နင်းခြေကာရှင်သန်ခဲ့သူတွေကိုပေါ့။အခုရှိနေသောလူသားအားလုံးမှာလူသတ်သမားများပင်။

“လောလောဆယ်ဂမ်းဟို ဘူတာရုံကအဖွဲ့နှစ်ဖွဲ့ကွဲနေတယ်။တိတိကျကျပြောရရင် အဲ့အဖွဲ့နဲ့ ကျန်လူတွေပဲ”

အီဟွန်းဆုန်းကလူတစ်စုအားမဲမှောင်နေသောအမူအရာမျိုးဖြင့်ကြည့်လိုက်သည်။ထိုလူတွေမှာတခြားတန်ဆာပလာနှင့်သံပိုက်တွေအားကိုင်ဆောင်ထားသောလူတွေဖြစ်သည်။ထိုအရာတွေကပင်အာဏာရှိသည့်ဂိုဏ်းတစ်ခုမှန်းသိသာစေသည်။

“ငါ့ကိုယုံစမ်းပါ!အဖွဲ့ခေါင်းဆောင်ကအလုပ်ကြိုးစားနေတယ်။မကြာခင်မှာလူတိုင်းကိုကယ်ပေးလိမ့်မယ်”

ဟန်ဂျောင်းအဖွဲ့၏အငယ်ဆုံးသား ဟန်မြောင်အိုပင်။

“အကိုကြီးပြောတာအမှန်ပဲ။အားလုံးမျှော်လင့်ချက်မပျောက်လိုက်နဲ့။မကြာခင်မှာလမ်းစပွင့်လာတော့မှာ”

ဟန်မြောင်အိုအားလက်ခံထားပြီး အဖွဲ့အားအဓိကဦးဆောင်နေသူမှာ ချွန်းအင်ဟိုဖြစ်သည်။နောက်ပြီးသူတို့ကသာလျှင်'အဓိကအဖွဲ့'ဖြစ်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now