အပိုင်း၉၀ : စာဖတ်သူတစ်ယောက်ရဲ့တိုက်ပွဲ (၄)

133 30 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ဟန်ဆူယုန်းတစ်ယောက်ကြောင်အမ်းအမ်းဖြင့်မေးလာ၏။

“ဘာရယ်?ဘာအဓိပ္ပာယ်လဲ?သူကဘာလို့ရုတ်တရက်ကြီးဖြစ်နိုင်ခြေကိုထည့်ပြောနေတာလဲ?”

“အပြစ်မရှိအပြစ်ရှာနေတာ”

“အပြစ်မရှိအပြစ်ရှာတယ်?ဘာလို့လဲ?”

ဘာလို့လဲ?ငါသူ့ကမ်းလှမ်းတာကိုငြင်းလွှတ်လိုက်လို့လား?ဒို့ဂတ်မှာကောင်ကင်၌ရှိနေပြီး ဗျူရိုအားတိုင်ကြားနေသည်။

ဖြစ်နိုင်ချေစီရင်ချက်...

ဒီ‌လိုနည်းနှင့်အသုံးပြုလာလိမ့်မည်လို့မထင်ခဲ့။တခြားချန်နယ်အကြီးများ၏ဒိုကဲဘီတို့၏ရန်ပွဲများအားကြိုတွေးမိထားပေမဲ့ ဒီလိုအခြေအနေမျိုးဖြစ်လာမယ်လို့တော့မျှော်လင့်မထား။

သူနှင့်ဒို့ဂတ်ကြားအပြန်အလှန်ကြည့်နေရှာသောဘီဟွန်းရဲ့မျက်နှာမှာခရမ်းချဉ်သီးမှည့်တစ်လုံးလိုနီရဲကာ ငိုမဲ့မဲ့ဖြင့် မတော်လို့တစ်ယောက်ယောက်ကများထိမိလိုက်သည်နဲ့ တာကျိုးသောဆည်ရည်ကဲ့သို့ မျက်ရည်တို့ပြိုဆင်းတော့မည့်အသွင်မျိုးဆောင်နေလေသည်။

—ဘ-ဘာ?ငါအခုဘာလုပ်ရမလဲ?

-ငါ့ကိုအမှန်တိုင်းပြော။ငါတို့စာချုပ်အကြောင်းသူသိသွားလား?

ဘီဟွန်းကခေါင်းခါပြ၏။

-မင်းဒိုကဲဘီအိတ်ဖွင့်တာကိုရောသူသတိထားမိလား?

-မ-ဖြစ်နိုင်ဘူး။

-တကယ်လား?

-သေ-သေချာသလောက်ပဲ။

-ဟုတ်ပြီ။ဒါဆိုကြောက်စရာမလိုသေးဘူး။တကယ်လို့အဲ့လိုဆိုရင်တောင် အခုကိစ္စက ‘ဖြစ်နိုင်ချေကိုက်ညီချက်တောင်းခံ’ရလောက်တဲ့အထိမလိုဘူး။အစထဲက ငါတို့ဘာစည်းမျဉ်းကိုမှမချိုးဖောက်ထားဘူး။

၎င်းဟာအမှန်ပင်။လူဝင်စားတစ်ယောက်က ‘streamစာချုပ်’ချုပ်ဆိုခြင်း သို့မဟုတ် ‘ဒိုကဲဘီအိတ်’အားအသုံးပြုခြင်း အစရှိသည်တို့အားပြုလုပ်ခဲ့သည့် ထုံးတမ်းအစဥ်အလာမရှိခဲ့သည့်အတွက် star stream၏စည်းမျဉ်းအားတိုက်ရိုက်ချိုးဖောက်သည်ဟုမဆိုနိုင်ပေ။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now