အပိုင်း ၁၂၃ : ပြောင်းလဲမရနိုင်သောအရာများ (၃)

226 22 4
                                    

Unicode
Scroll down for Zawgyi

⌈ ဆုဇူကီ သစ်တောထဲမှဖြတ်ရင်း‌တွေးမိ၏။‘ငါတကယ်ကြီးကံကောင်းသွားတယ်’

ဆုဇူကီဖြစ်ခဲ့သည့်အရာများအားတွေးရင်း တုန်ယင်လာမိသည်။သားရဲများကိုချုပ်ထိန်းနိုင်ပြီး ဓားရေးကိုလည်းကျွမ်းကျွမ်းကျင်ကျင်ရှိသည့် ကလေးမလေး။ဆူဇူကီတစ်ယောက် မူရာကာမီတစ်ချက်တည်းနဲ့သေသွားခဲ့ရသည့် မြင်ကွင်းကိုမေ့မရခဲ့။

‘တောင်ကိုရီးယားကကြောက်စရာပဲ။ကလေးတစ်ယောက်တောင်မှ အဲ့အဆင့်ရှိတယ်’

ကလေးတစ်ယောက်တောင်မှအဲ့လောက်မှ သူ့ဘေးကလူသာဆို ဘယ်လောက်တောင်အစွမ်းထက်လိုက်မလဲဆိုတာ ဆူဇူကီမခန့်မှန်းနိုင်တော့။ထိုလူဟာ ဖြူစွတ်နေသောကုတ်အဖြူကိုဝတ်ဆင်ထားပြီး အဖြူရောင်ဓားတစ်ချောင်းကိုလည်းကိုင်ဆောင်သည်။ထိုလူ့ရဲ့ကုတ်အဖြူမှလွဲလို့ တခြားထူးခြားသည်မျိုးမရှိသော်ငြား ထိုလူဟာ ဆူဇူကီရဲ့ အသက်သခင်ပင်။“ကျေးဇူးအများကြီးတင်ပါတယ်။အဲ့‌နေရာမှာ ခင်ဗျားသာမရှိရင် ကျွန်တော်သေနေလောက်ပြီ”

“မဟုတ်တာဗျာ”

“ကျွန်တော်တကယ်ကြီးအထင်ကြီးမိတာဗျ။ကိုရီးယားလူမျိုးတစ်‌ယောက်ဆီကနေ အကူအညီရလိမ့်မယ်လို့ထင်မထားတာ”

“ကူညီရမှာသဘာဝပဲလေ” ကုတ်အဖြူနှင့်လူက မော်ကြွားခြင်းမရှိ။

အားလုံးထက် ဆူဇူကီက ထိုလူဂျပန်စကားပြောကောင်းတာကိုသဘောကျသည်။အဲ့တာကစကေလ်းမှန်းသိသာနေပေမဲ့လို့ ဂျပန်ဘာသာပြန်စကေလ်းရှိထားတာကလည်း ဂျပန်ယဉ်ကျေးမှုကို သဘောကျတယ်ဆိုတဲ့လက္ခဏာရပ်ပဲလေ။

ဆူဇူကီကမေးတယ်။“အာ ကျွန်တော် ခင်ဗျားနာမည်ကိုခုထိမသိသေးဘူးပဲ။နာမည်သိလို့ရနိုင်မလားဗျ။ကျွန်တော်က ဆူဇူကီ တက်ဆုယပါ”

“ကျွန်တော့်နာမည်က ဒို့ဂျာ။ဂင်မ်ဒို့ဂျာ”

“ကီမူ ဒိုဂျယ်ဂါ?”

“...ဂင်မ်ဒို့ဂျာ”

“ဟိုးးး”ဂင်မ်ဒိုဂျယ်ဂါ။နာမည်ကောင်းပဲမဟုတ်လား?ဆူဇူကီက ထိုကိုရီးယားနာမည်ကို ကြိုက်သည်။“စကားမစပ် ခင်ဗျားကလေးလေးတသ်ယောက်များတွေ့မိသေးလား?,သူက ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကိုသတ်သွားတာ...”

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now